YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 13:18-38

ရှင်ယောဟန် 13:18-38 JBMLE

သင်​တို့​ရှိ​သ​မျှ​ကို ငါ​ရည်​မှတ်၍ ပြော​သည်​မ​ဟုတ်။ ငါ​ရွေး​ကောက်​သော​သူ​တို့​ကို ငါ​သိ၏။ ကျမ်း​စာ​ချက် ပြည့်​စုံ​စေ​မည်​အ​ကြောင်း ငါ​နှင့်​အ​တူ​စား​သော​သူ​သည် ငါ့​ကို​ခြေ​နှင့်​ကျောက်​သ​တည်း။- ထို​အ​မှု​အ​ရာ​ရောက်​သော​အ​ခါ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်​သည်​ကို သင်​တို့​သည် ယုံ​ကြည်​စေ​ခြင်း​ငှာ၊ မ​ရောက်​မီ ယ​ခု​ပင် သင်​တို့​အား​ငါ​ပြော​နှင့်​ပြီ။- ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​စေ​လွှတ်​သော​သူ​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ၏။ ငါ့​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို လက်​ခံ​သည်​ဟု မိန့်​တော်၏။- ထို​သို့​ယေ​ရှု​သည် မိန့်​တော်​မူ​ပြီး​မှ စိတ်​နှ​လုံး​တော်​ပူ​ပန်​ခြင်း​ရှိ၍၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငါ့​ကို​အပ်​နှံ​လိမ့်​မည်​ဟု သက်​သေ​ခံ​လျက်​မိန့်​တော်​မူ၏။- အ​ဘယ်​သူ​ကို​ရည်​ဆောင်၍ မိန့်​တော်​မူ​သည်​ကို တ​ပည့်​တော်​တို့​သည် တွေး​တော​ခြင်း​ရှိ​သ​ဖြင့်၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​ရှု​ကြ၏။- ယေ​ရှု​ချစ်​တော်​မူ​သော တ​ပည့်​တော်​သည် ရင်​ခွင်​တော်​နား​မှာ လျောင်း​သ​ဖြင့်၊- အ​ဘယ်​သူ​ကို​ရည်​ဆောင်၍ မိန့်​တော်​မူ​သ​နည်း​ဟု မေး​စေ​ခြင်း​ငှာ၊ ရှိ​မုန်​ပေ​တ​ရု​သည် ထို​တ​ပည့်​တော်​ကို အ​မှတ်​ပေး၏။- ထို​တ​ပည့်​တော်​သည် ယေ​ရှု၏​ရင်​တော်​ကို​မှီ၍ လျောင်း​နေ​လျက် သ​ခင်၊ အ​ဘယ်​သူ​နည်း​ဟု လျှောက်၏။- ယေ​ရှု​က​လည်း၊ ဤ​မုန့်​တစ်​လုပ်​စာ​ကို ငါ​နှစ်၍​ပေး​သော​သူ​ဖြစ်၏​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊ မုန့်​တစ်​လုပ်​စာ​ကို နှစ်​ပြီး​မှ ရှိ​မုန်၏​သား​ယု​ဒ​ရှ​ကာ​ရုတ်​အား ပေး​တော်​မူ၏။- ထို​သူ​သည် မုန့်​တစ်​လုပ်​စာ​ကို​ခံ​ပြီး​မှ၊ စာ​တန်​သည် သူ့​အ​ထဲ​သို့​ဝင်​လေ၏။ ယေ​ရှု​က​လည်း၊ သင်​ပြု​ရ​သော​အ​မှု​ကို အ​လျင်​အ​မြန်​ပြု​လော့​ဟု ထို​သူ​အား​မိန့်​တော်​မူ၏။- အ​ဘယ်​ကြောင့် ထို​သို့​မိန့်​တော်​မူ​သည်​ကို စား​ပွဲ၌​လျောင်း​သော​သူ​တို့​တွင် အ​ဘယ်​သူ​မျှ​မ​သိ။- အ​ချို့​တို့​က၊ ယု​ဒ​ရှ​ကာ​ရုတ်​သည် ငွေ​အိတ်​ကို ဆောင်​သော​ကြောင့်၊ ဤ​ပွဲ၌ ငါ​တို့​သုံး​စ​ရာ​အ​ဖို့​ကို ဝယ်​လော့​ဟူ၍​လည်း​ကောင်း၊ သို့​မ​ဟုတ် ဆင်း​ရဲ​သော​သူ​တို့​အား တစ်​စုံ​တစ်​ခု​ကို ပေး​လော့​ဟူ၍​လည်း​ကောင်း၊ ယေ​ရှု​မိန့်​တော်​မူ​သည်​ဟု ထင်​မှတ်​ကြ၏။- ယု​ဒ​ရှ​ကာ​ရုတ်​သည် မုန့်​တစ်​လုပ်​စာ​ကို​ခံ​ပြီး​မှ ချက်​ချင်း​ထွက်​သွား၏။ ထို​အ​ချိန်​ကား ည​အ​ချိန်​ဖြစ်၏။ ထို​သူ​သွား​သည်​နောက်၊ ယေ​ရှု​က၊ ယ​ခု​တွင်​လူ​သား​သည် ဘုန်း​ထင်​ရှား​ခြင်း​ရှိ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်​သည်​လည်း လူ​သား​အား​ဖြင့် ဘုန်း​တော်​ထင်​ရှား​ခြင်း​ရှိ၏။- ဘု​ရား​သ​ခင်​သည် လူ​သား​အား​ဖြင့် ဘုန်း​တော်​ထင်​ရှား​ခြင်း​ရှိ​လျှင်၊ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​တိုင်​အား​ဖြင့် သူ၏​ဘုန်း​ကို ထင်​ရှား​စေ​တော်​မူ​လိမ့်​မည်။ ကာ​လ​မ​ကြာ​မ​မြ​င့်​မီ သူ၏​ဘုန်း​ကို ထင်​ရှား​စေ​တော်​မူ​လိ​မ့်​မည်။- ချစ်​သား​တို့၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ ခ​ဏ​သာ​နေ​ရ၏။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်​မည်။ ငါ​သွား​ရာ အ​ရပ်​သို့ သင်​တို့​မ​ရောက်​နိုင်​ကြ​ဟု ယု​ဒ​လူ​တို့​အား ငါ​ပြော​သ​ကဲ့​သို့ ယ​ခု​သင်​တို့​အား ငါ​ပြော၏။- သင်​တို့​သည် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် ချစ်​ကြ​လော့။ ငါ​သည်​သင်​တို့​ကို ချစ်​သည်​နည်း​တူ အ​ချင်း​ချင်း​ချစ်​ကြ​လော့​ဟု ပ​ညတ်​သစ်​ကို ငါ​ပေး၏။- သင်​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ​လျှင်၊ လူ​အ​ပေါင်း​တို့​သည် ထို​မေ​တ္တာ​ကို​ထောက်၍ သင်​တို့​သည် ငါ၏​တ​ပည့်​ဖြစ်​သည်​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ရှိ​မုန်​ပေ​တ​ရု​က၊ သ​ခင်၊ ကိုယ်​တော်​သည် အ​ဘယ်​အ​ရပ်​သို့ ကြွ​တော်​မူ​မည်​နည်း​ဟု မေး​လျှောက်​လျှင်၊ ယေ​ရှု​က၊ ငါ​သွား​ရာ​အ​ရပ်​သို့ သင်​သည်​ယ​ခု​မ​လိုက်​နိုင်။ နောက်​မှ​လိုက်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- ပေ​တ​ရု​က​လည်း၊ သ​ခင်၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့်​အ​တူ အ​ဘယ်​ကြောင့် ယ​ခု​မ​လိုက်​နိုင်​သ​နည်း။ ကိုယ်​တော်​အ​ဖို့ အ​ကျွန်ုပ်၏​အ​သက်​ကို စွန့်​ပါ​မည်​ဟု​လျှောက်​လျှင်၊- ယေ​ရှု​က၊ ငါ့​အ​ဖို့ သင့်​အ​သက်​ကို​စွန့်​မည်​လော။ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ကြက်​မ​တွန်​မီ သင်​သည် သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို​ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။