YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 18:1-18

ရှင်ယောဟန် 18:1-18 JBMLE

ထို​သို့ မိန့်​မြွက်​တော်​မူ​ပြီး​မှ ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ ကေ​ဒြုန်​ချောင်း​တစ်​ဖက်​သို့​ကြွ၍၊ ထို​အ​ရပ်၌​ရှိ​သော ဥ​ယျာဉ်​သို့​ဝင်​တော်​မူ၏။- ထို​အ​ရပ်​သို့​ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ သွား​မြဲ​ရှိ​သော​ကြောင့်၊ ကိုယ်​တော်​ကို အပ်​နှံ​သော ယု​ဒ​ရှ​ကာ​ရုတ်​သည် ထို​အ​ရပ်​ကို​သိ​သည်​ဖြစ်၍၊- စစ်​သူ​ရဲ​တစ်​တပ်​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရာ​ဟိတ်​အ​ကြီး​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​စေ​လွှတ်​သော မင်း​လု​လင်​တို့​ကို​လည်း​ကောင်း ခေါ်​ခဲ့၍၊ မီး​အိမ်၊ မီး​ရှူး၊ လက်​နက်​တို့​ကို လက်​စွဲ​လျက်​လာ​ကြ၏။- ယေ​ရှု​သည် ကိုယ်၌​ဖြစ်​လ​တ္တံ့​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို သိ​တော်​မူ​လျက်၊ လာ​သော​သူ​တို့​ဆီ​သို့ သွား၍ အ​ဘယ်​သူ​ကို​ရှာ​ကြ​သ​နည်း​ဟု မေး​တော်​မူ၏။- နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ကို​ရှာ​ကြ​သည်​ဟု​ဆို​လျှင်၊ ယေ​ရှု​က၊ ငါ​သည် ထို​သူ​ဖြစ်၏​ဟု မိန့်​တော်​မူ၏။ ကိုယ်​တော်​ကို​အပ်​နှံ​သော ယု​ဒ​ရှ​ကာ​ရုတ်​သည်​လည်း ထို​သူ​တို့​နှင့်​အ​တူ ရပ်​နေ၏။- ငါ​သည် ထို​သူ​ဖြစ်၏​ဟု မိန့်​တော်​မူ​လျှင်၊ ထို​သူ​တို့​သည် နောက်​သို့​လှန်၍ မြေ​ပေါ်၌​လဲ​ကြ၏။- အ​ဘယ်​သူ​ကို​ရှာ​ကြ​သ​နည်း​ဟု တစ်​ဖန်​မေး​တော်​မူ​လျှင်၊ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ကို ရှာ​ကြ​သည်​ဟု ထို​သူ​တို့​သည် ဆို​ကြ၏။- ယေ​ရှု​က​လည်း၊ ငါ​သည်​ထို​သူ​ဖြစ်၏​ဟု ငါ​ပြော​ပြီ။ သို့​ဖြစ်၍ ငါ့​ကို​ရှာ​လျှင် ဤ​သူ​တို့​သည် သွား​ပါ​လေ​စေ​ဟု မိန့်​တော်​မူ၏။- ကိုယ်​တော်​သည် အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​သူ​တို့​တွင် အ​ဘယ်​သူ​မျှ​ပျက်​စီး​ခြင်း​သို့ မ​ရောက်​ပါ​ဟူ​သော အ​ထက်​က​စ​ကား​တော်​ကို ပြည့်​စုံ​စေ​ခြင်း​ငှာ ဤ​သို့​မိန့်​တော်​မူ၏။ ထို​အ​ခါ ရှိ​မုန်​ပေ​တ​ရု​သည် မိ​မိ၌​ပါ​သော​ဓား​ကို​ဆွဲ​ထုတ်​ပြီး​လျှင် ယဇ်​ပု​ရော​ဟတ်​မင်း၏ ကျွန်​တစ်​ယောက်​ကို ခုတ်​သ​ဖြင့် လက်​ယာ​နား​ရွက်​ပြတ်​လေ၏။ ထို​ကျွန်၏​အ​မည်​ကား မာ​လ​ခု​ဖြစ်​သ​တည်း။- ယေ​ရှု​က​လည်း ဓား​ကို အိမ်၌​သွင်း​ထား​လော့။ ခ​မည်း​တော်​သည် ငါ့​အား​ပေး​တော်​မူ​သော​ခွက်​ကို ငါ​မ​သောက်​ရာ​သ​လော​ဟု ပေ​တ​ရု​အား မိန့်​တော်​မူ၏။- ထို​အ​ခါ​တပ်​မှူး​မှ​စ၍ စစ်​သူ​ရဲ​တို့​နှင့် ယု​ဒ​မင်း​လု​လင်​တို့​သည် ယေ​ရှု​ကို​ဖမ်း​ဆီး၍ ချည်​နှောင်​ပြီး​လျှင် အ​န္နတ်​မင်း​ထံ​သို့ ရှေ့​ဦး​စွာ ယူ​သွား​ကြ၏။- အ​န္နတ်​မင်း​ကား၊ ထို​နှစ်​တွင် ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​သော က​ယာ​ဖ၏​ယော​က္ခ​မ ဖြစ်​သ​တည်း။- ထို​က​ယာ​ဖ​ကား၊ လူ​တစ်​ယောက်​သည် လူ​များ​တို့​အ​တွက် ပျက်​စီး​သော် သာ၍​ကောင်း​သည်​ဟု ယု​ဒ​လူ​တို့​နှင့် တိုင်​ပင်​ပြော​ဆို​သော​သူ​ပေ​တည်း။ ရှိ​မုန်​ပေ​တ​ရု​နှင့် အ​ခြား​သော တ​ပည့်​တော်​တစ်​ယောက်​သည် ယေ​ရှု​နောက်​တော်​သို့ လိုက်​ကြ၏။ ထို​တ​ပည့်​တော်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း၏ အ​သိ​အ​ကျွမ်း​ဖြစ်၍၊ ယေ​ရှု​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​မင်း၏ အိမ်​ဦး​ထဲ​သို့ ဝင်​လေ၏။- ပေ​တ​ရု​မူ​ကား​ပြင်၌ တံ​ခါး​နား​မှာ​ရပ်​နေ၏။ ထို​ကြောင့် ယဇ်​ပု​ရာ​ဟိတ်​မင်း​နှင့် အ​ကျွမ်း​ဝင်​သော တ​ပည့်​တော်​သည်​ထွက်၍ တံ​ခါး​စောင့်​မိန်း​မ​အား​ပြော​ပြီး​မှ ပေ​တ​ရု​ကို​သွင်း​လေ၏။- တံ​ခါး​စောင့်​မိန်း​မ​က ပေ​တ​ရု​အား၊ သင်​သည် ထို​သူ၏​တ​ပည့်​တို့​အ​ဝင်​ဖြစ်​သည် မ​ဟုတ်​လော​ဟု ဆို​လျှင်၊ မ​ဟုတ်​ဘူး​ဟု ပေ​တ​ရု​ငြင်း​လေ၏။- ထို​ကာ​လ၌ ချမ်း​သော​ကြောင့် ကျွန်​များ​နှင့် မင်း​လု​လင်​များ​တို့​သည် မီး​ခဲ​ပုံ​ကို​ထည့်၍ မီး​လှုံ​လျက်​နေ​ကြ၏။ ပေ​တ​ရု​သည်​လည်း သူ​တို့​နှင့်​တ​ကွ​ရပ်၍ မီး​လှုံ​လျက်​နေ၏။