YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 18:19-40

ရှင်ယောဟန် 18:19-40 JBMLE

ထို​အ​ခါ ယဇ်​ပု​ရာ​ဟိတ်​မင်း​သည် တ​ပည့်​တော်​တို့​ကို​လည်း​ကောင်း၊ ဒေ​သ​နာ​တော်​ကို​လည်း​ကောင်း အ​ကြောင်း​ပြု၍ ယေ​ရှု​ကို မေး​မြန်း​စစ်​ကြော၏။- ယေ​ရှု​က​လည်း၊ ငါ​သည်​လော​က၌ ထင်​ရှား​စွာ​ဟော​ပြော​ပြီ။ ယု​ဒ​လူ​အ​ပေါင်း​တို့ စည်း​ဝေး​ရာ တ​ရား​ဇ​ရပ်၌​လည်း​ကောင်း၊ ဗိ​မာန်​တော်၌​လည်​ကောင်း၊ အ​စဉ်​မ​ပြတ် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ပြီ။ မ​ထင်​ရှား​ဘဲ အ​လျှင်း​မ​ဟော​မ​ပြော။- အ​ဘယ်​ကြောင့် ငါ့​ကို​မေး​မြန်း​သ​နည်း၊ ငါ​သည် အ​ဘယ်​သို့ ဟော​ပြော​သည်​ကို ကြား​နာ​သော​သူ​တို့​ကို မေး​မြန်း​လော့။ ငါ​ပြော​သော​စ​ကား​ကို ထို​သူ​တို့​သည် သိ​ကြ၏​ဟု မိန့်​တော်​မူ၏။- ထို​သို့​မိန့်​တော်​မူ​လျှင်၊ အ​နီး​အ​ပါး၌​ရပ်​နေ​သော မင်း​လု​လင်​တစ်​ယောက်​က၊ သင်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​ကို ဤ​သို့​ပြန်​ပြော​ရာ​သ​လော​ဟု ဆို​လျက် ယေ​ရှု​ကို​ရိုက်​လေ၏။- ယေ​ရှု​က​လည်း၊ ငါ့​စ​ကား​မ​မှန်​လျှင် မ​မှန်​ကြောင်း​ကို​ပြ​ပါ။ မှန်​လျှင် ငါ့​ကို အ​ဘယ်​ကြောင့်​ရိုက်​သ​နည်း​ဟု မိန့်​တော်​မူ၏။- အ​န္နတ်​မင်း​သည် ကိုယ်​တော်​ကို​ချည်​နှောင်​လျက် ရှိ​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​မင်း က​ယာ​ဖ​ထံ​သို့ ပို့​စေ​ခဲ့​ပြီ။ ရှိ​မုန်​ပေ​တ​ရု​သည် ရပ်၍ မီး​လှုံ​လျက်​နေ​သည်​တွင် အ​ချို့​သော​သူ​တို့​က၊ သင်​သည် သူ၏​တ​ပည့်​တို့​အ​ဝင် ဖြစ်​သည်​မ​ဟုတ်​လော​ဟု မေး​လျှင်၊ မ​ဟုတ်​ဘူး​ဟု ပေ​တ​ရု​ငြင်း​လေ၏။- ပေ​တ​ရု​ခုတ်၍ နား​ရွက်​ပြတ်​သော​သူ​နှင့် ပေါက်​ဖော်​တော်​သော ယဇ်​ပု​ရာ​ဟိတ်​မင်း၏ ကျွန်​တစ်​ယောက်​က၊ သင်​သည် ဥ​ယျာဉ်၌ ယေ​ရှု​နှင့်​အ​တူ​ရှိ​သည်​ကို ငါ​မြင်​ခဲ့​ပြီ​မ​ဟုတ်​လော​ဟု ဆို​လျှင်၊- ပေ​တ​ရု​သည် တစ်​ဖန် ငြင်း​ပြန်​လေ၏၊ ထို​ခ​ဏ​ချင်း​တွင် ကြက်​တွန်၏။ နံ​နက်​အ​ချိန်​ရောက်​လျှင်၊ ယေ​ရှု​ကို က​ယာ​ဖ​ထံ​မှ အိမ်​တော်​ဦး​သို့ ဆောင်​သွား​ကြ၏။ ထို​သူ​တို့​သည် အာ​ပတ်​နှင့်​ကင်း​လွတ်၍ ပ​သ​ခါ​ပွဲ​ကို ခံ​ရ​မည်​အ​ကြောင်း အိမ်​တော်​ဦး​ထဲ​သို့ ကိုယ်​တိုင်​မ​ဝင်​ကြ။- ထို​ကြောင့် ပိ​လတ်​မင်း​သည် သူ​တို့​ရှိ​ရာ​သို့​ထွက်၍ ဤ​သူ၌​အ​ဘယ်​အ​ပြစ်​ကို တင်​ကြ​သ​နည်း​ဟု မေး​သော်၊- ဤ​သူ​သည် လူ​ဆိုး​မ​ဟုတ်​လျှင် အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်၌​မ​အပ်​ပါ​ဟု လျှောက်​ကြ၏။- ပိ​လတ်​မင်း​က​လည်း၊ သူ့​ကို​ယူ၍ သင်​တို့ ဓ​မ္မ​သတ်​အ​တိုင်း စီ​ရင်​ကြ​ဟု​ဆို၏။ ယု​ဒ​လူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သူ​ကို​မျှ မ​သတ်​ပိုင်​ပါ​ဟု​လျှောက်​ကြ၏။- ထို​သို့​လျှောက်​သော်၊ ယေ​ရှု​သည်​အ​ဘယ်​သို့ မိ​မိ​သေ​ရ​မည်​အ​ရိပ်​ကို​ပေး၍၊ မိန့်​တော်​မူ​သော​စ​ကား​တော် ပြည့်​စုံ​မည်​အ​ကြောင်း​တည်း။ ပိ​လတ်​မင်း​သည် အိမ်​တော်​ဦး​ထဲ​သို့ တစ်​ဖန်​ဝင်၍​ယေ​ရှု​ကို​ခေါ်​ပြီး​လျှင်၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင် မှန်​သ​လော​ဟု​မေး၏။- ယေ​ရှု​က​လည်း၊ မင်း​ကြီး​သည် ကိုယ်​အ​လို​အ​လျောက် ဤ​သို့​မေး​သ​လော၊ သို့​မ​ဟုတ် သူ​တစ်​ပါး​တို့​သည် ငါ၏​အ​ကြောင်း​ကို လျှောက်​ကြ​ပြီ​လော​ဟု မေး​တော်​မူ၏။- ပိ​လတ်​မင်း​က၊ ငါ​သည်​ယု​ဒ​လူ​ဖြစ်​သ​လော။ သင်၏​လူ​မျိုး​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် သင့်​ကို​ငါ၌​အပ်​ကြ​ပြီ။ သင်​သည် အ​ဘယ်​သို့​ပြု​မိ​သ​နည်း​ဟု မေး​လျှင်၊- ယေ​ရှု​က၊ ငါ၏​နိုင်​ငံ​သည် ဤ​လော​က​နှင့်​မ​စပ်​ဆိုင်။ ငါ၏​နိုင်​ငံ​သည် ဤ​လော​က​နှင့် စပ်​ဆိုင်​လျှင်၊ ငါ​သည် ယု​ဒ​လူ​တို့​လက်​သို့ မ​ရောက်​စေ​ခြင်း​ငှာ၊ ငါ၏​လူ​တို့​သည် တိုက်​လှန်​ကြ​လိမ့်​မည်။ ယ​ခု​မူ​ကား ငါ၏​နိုင်​ငံ​သည် ဤ​ဒေ​သ​အ​ရပ်​နှင့် မ​စပ်​ဆိုင်​ဟု မိန့်​တော်​မူ၏။- ပိ​လတ်​မင်း​က​လည်း၊ သို့​ဖြစ်​လျှင် သင်​သည် ရှင်​ဘု​ရင်​မှန်​သ​လော​ဟု မေး​သော်၊ ယေ​ရှု​က၊ မင်း​ကြီး​မေး​သည်​အ​တိုင်း ငါ​သည်​ရှင်​ဘု​ရင်​မှန်၏။ သ​မ္မာ​တ​ရား​ဘက်၌ သက်​သေ​ခံ​ခြင်း​ငှာ ငါ​သည်​မွေး​ဖွား​ခြင်း​ကို​ခံ၍ ဤ​လော​က​သို့​ကြွ​လာ​ပြီ။ သ​မ္မာ​တ​ရား​နှင့်​စပ်​ဆိုင်​သ​မျှ​သော သူ​တို့​သည် ငါ့​စ​ကား​ကို​နား​ထောင်​ကြ​သည်​ဟု မိန့်​တော်​မူ၏။- ပိ​လတ်​မင်း​က​လည်း၊ သ​မ္မာ​တ​ရား​ကား အ​ဘယ်​သို့​နည်း​ဟု​မေး​ပြီး​မှ တစ်​ဖန် ယု​ဒ​လူ​တို့​ရှိ​ရာ​သို့​ထွက်၍၊ ဤ​သူ၌​အ​ဘယ်​အ​ပြစ်​ကို​မျှ ငါ​မ​တွေ့။ ပ​သ​ခါ​ပွဲ၌ လူ​တစ်​ယောက်​ကို သင်​တို့​အား ငါ​လွှတ်​မြဲ​ထုံး​စံ​ရှိ​သည်​ဖြစ်၍၊ ယု​ဒ​ရှင်​ဘု​ရင်​ကို လွှတ်​စေ​ချင်​သ​လော​ဟု မေး​လျှင်၊- တစ်​ဖန် လူ​အ​ပေါင်း​တို့​က၊ ဤ​သူ​ကို မ​လွှတ်​စေ​ချင်​ပါ၊ ဗာ​ရ​ဗ္ဗ​ကို လွှတ်​စေ​ချင်​ပါ​သည်​ဟု အော်​ဟစ်၍ လျှောက်​ဆို​ကြ၏။ ထို​ဗာ​ရ​ဗ္ဗ​ကား ဓား​ပြ​ဖြစ်​သ​တည်း။