YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 11

11
ဇော​ဖာ​မြွက်​ဆို​ခြင်း
1နေ​မတ်​အ​မျိုး​သား ဇော​ဖာ​မြွက်​ဆို​သည်​ကား၊ 2စ​ကား​များ၍ အ​ကျိုး​ရှိ​သည်​မ​ဟုတ်။ နှုတ်​သီး​ကောင်း​သော​သူ​သည် မိ​မိ​အ​ပြစ်​နှင့် လွတ်​ရ​မည်​လော။ 3သင်​ပြော​သော မု​သား​စ​ကား​ကြောင့် သူ​တစ်​ပါး​တို့​သည် တိတ်​ဆိတ်​စွာ​နေ​ရ​မည်​လော။ သင်​ကဲ့​ရဲ့​သော​အ​ခါ အ​ဘယ်​သူ​သည် အ​ရှက်​မ​ကွဲ​ဘဲ​နေ​ရ​မည်​နည်း။ 4သင်​က၊ ငါ့​စ​ကား​ဖြောင့်၏။ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ငါ​သန့်​ရှင်း၏​ဟု ဆို​မိ​ပြီ။ 5ဘု​ရား​သ​ခင် မိန့်​တော်​မူ​ပါ​စေ။ သင့်​တစ်​ဖက်၌ နှုတ်​တော်​ကို ဖွင့်​တော်​မူ​ပါ​စေ။ 6နက်​နဲ​သော ပ​ညာ​အ​ရာ​တည်း​ဟူ​သော သင်​နား​လည်​နိုင်​သည်​ထက်၊ နှစ်​ဆ​သာ​သော​အ​ရာ​တို့​ကို သင့်​အား​ပြ​တော်​မူ​ပါ​စေ။ ထို​သို့​ပြ​တော်​မူ​လျှင် သင်​သည် အ​ပြစ်​ခံ​ထိုက်​သည်​အ​တိုင်း အ​ပြစ်​ပေး​တော်​မ​မူ​ကြောင်း ကို​သိ​ရ​လိမ့်​မည်။
7သင်​သည် ဘု​ရား​သ​ခင်၏​ဇာ​တိ​တော်​ကို စစ်၍​တွေ့​နိုင်​သ​လော။ အ​န​န္တ​တန်​ခိုး​ရှင်၏ ဇာ​တိ​ကို​စစ်၍ အ​ကုန်​အ​စင် နား​လည်​နိုင်​သ​လော။ 8မိုး​ကောင်း​ကင်​ကို မီ​သည်​ဖြစ်၍ သင်​သည် အ​ဘယ်​သို့​ပြု​နိုင်​သ​နည်း။ မ​ရ​ဏ​နိုင်​ငံ​ထက် နက်​သည်​ဖြစ်၍ သင်​သည်​အ​ဘယ်​သို့ သိ​နိုင်​သ​နည်း။ 9အ​တိုင်း​အ​ရှည်​သည် မြေ​ကြီး​ကို​လွန်​လျက် သ​မု​ဒ္ဒ​ရာ​ထက်​သာ၍ ကျယ်​ဝန်း​လျက်​ရှိ၏။ 10ဘု​ရား​သ​ခင်​သည် ဖမ်း​ဆီး​ချုပ်​ထား၍ စစ်​ကြော​တော်​မူ​လျှင် အ​ဘယ်​သူ​ဆီး​တား​နိုင်​သ​နည်း။ 11ဘု​ရား​သ​ခင်​သည် ဆိုး​သော​သူ​တို့၏​သ​ဘော​ကို သိ​တော်​မူ၏။ သူ​တို့​အ​မှတ်​တ​မဲ့​ပြု​သော ဒု​စ​ရိုက်​ကို သိ​မြင်​တော်​မူ၏။ 12သို့​သော်​လည်း ရိုင်း​သော​မြည်း​က​လေး​သည် လူ​အ​ဖြစ်​သို့​ရောက်​သော​အ​ခါ၊ လူ​မိုက်​သည် ပ​ညာ​သ​တိ​ရ​လိမ့်​မည်။
13သင်​သည် စိတ်​နှ​လုံး​ကို​ပြင်​ဆင်၍ လက်​တို့​ကို ဘု​ရား​သ​ခင်​ထံ​တော်​သို့ ဆန့်​လျှင်​လည်း​ကောင်း၊ 14သင်​ပြု​သော​ဒု​စ​ရိုက်​ကို ပယ်၍ သင့်​အိမ်၌ ဆိုး​ညစ်​သော​အ​မှု​ကို လက်​မ​ခံ​လျှင်​လည်း​ကောင်း၊ 15အ​ညစ်​အ​ကြေး​နှင့်​ကင်း​လွတ်​သော မျက်​နှာ​ကို ပြ​ရ​လိမ့်​မည်။ စိုး​ရိမ်​စ​ရာ​အ​ကြောင်း​မ​ရှိ၊ တည်​ကြည်​လိမ့်​မည်။ 16ခံ​ပြီး​သော​ဒု​က္ခ​ဆင်း​ရဲ​ကို မေ့​လျော့​လိမ့်​မည်။ လွန်​သွား​ပြီး​သော ရေ​ကို​ကဲ့​သို့ အောက်​မေ့​လိမ့်​မည်။ 17သင်၏​အ​သက်​သည် မွန်း​တည့်​အ​ရောင်​ထက် ထွန်း​လင်း​လိမ့်​မည်။ ယ​ခု​မှောင်​မိုက်​သော်​လည်း နံ​နက်​ကဲ့​သို့​လင်း​လိမ့်​မည်။ 18မျှော်​လင့်​စ​ရာ​ရှိ​သော​ကြောင့် မ​စိုး​ရိမ်​ဘဲ​နေ​လိမ့်​မည်။ ယ​ခု​အ​ရှုံး​ခံ​ရ​သော်​လည်း လုံ​ခြုံ​စွာ​ငြိမ်​ဝပ်​လိမ့်​မည်။ 19အိပ်​သော​အ​ခါ အ​ဘယ်​သူ​မျှ မ​ချောက်​မ​လှန့်​ရ။ လူ​များ​တို့​သည် သင့်​ကို​တောင်း​ပန်​ကြ​လိမ့်​မည်။ 20ဆိုး​သော​သူ​တို့၏​မျက်​စိ​သည် အား​လျော့​လိမ့်​မည်။ သူ​တို့​သည် ပြေး၍​မ​လွတ်​ရ​ကြ။ သူ​တို့ မျှော်​လင့်​စ​ရာ​အ​ကြောင်း​သည် အ​ခိုး​အ​ငွေ့​သက်​သက် ဖြစ်​သည်​ဟု မြွက်​ဆို၏။

လက်ရှိရွေးချယ်ထားမှု

ယောဘ 11: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ