YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 12

12
ပြက်​ရယ်​ပြု​ခံ​ရ​သူ
1ယော​ဘ​ပြန်၍ မြွက်​ဆို​သည်​ကား၊ 2သင်​တို့​သာ​လျှင် လူ​ဖြစ်၍၊ သင်​တို့​နှင့်​အ​တူ ဉာဏ်​ပ​ညာ​သေ​လိမ့်​မည်​ဟု ယုံ​မှား​စ​ရာ​မ​ရှိ​ရ။ 3သို့​သော်​လည်း ငါ​သည် သင်​တို့​ကဲ့​သို့ ဉာဏ်​ရှိ၏။ သင်​တို့​ထက် ငါ​ယုတ်​ညံ့​သည်​မ​ဟုတ်။ ဤ​ကဲ့​သို့​သော​အ​ရာ​များ​ကို အ​ဘယ်​သူ​သည် နား​မ​လည်​ဘဲ နေ​သ​နည်း။ 4ငါ​သည် ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ခံ​ရ​အံ့​သော​ငှာ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​စဉ်​တွင်၊ အိမ်​နီး​ချင်း ပြက်​ရယ်​ပြု​သည်​ကို ခံ​ရ​သော​သူ​ဖြစ်၏။ အ​ပြစ်​မ​ရှိ ဖြောင့်​မတ်​သော​သူ​သည် ပြက်​ရယ်​ပြု​ခြင်း​ကို ခံ​ရ​ပါ​သည်​တ​ကား။ 5ချော်​လဲ​လု​သော​သူ​ကို ပစ်​လိုက်​သော​မီး​ခွက်​ကဲ့​သို့ ကောင်း​စား​သော​သူ​သည် မှတ်​တတ်၏။ 6ဓား​ပြ​လုပ်​သော​သူ​တို့၏ နေ​ရာ​သည် ကောင်း​စား​တတ်၏။ ဘု​ရား​သ​ခင်၏ အာ​ဏာ​တော်​ကို ဆန်​သော​သူ​တို့​သည် လုံ​ခြုံ​စွာ​နေ၍၊ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော စည်း​စိမ်​ကို ခံ​စား​တတ်​ကြ၏။ 7သား​မျိုး​နှင့် မိုး​ကောင်း​ကင်​ငှက်​တို့​ကို မေး​မြန်း​လော့။ သူ​တို့​သည် ဟော​ပြော​သွန်​သင်​ကြ​လိမ့်​မည်။ 8မြေ​ကြီး​နှင့် ပင်​လယ်​ငါး​တို့​ကို မေး​မြန်း​လော့။ သူ​တို့​သည် ပြ​သ၍ ဥ​ပ​ဒေ​သ​ပေး​ကြ​လိမ့်​မည်။ 9ဤ​အ​မှု​တို့​ကို ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​ကြောင်း​ကို၊ ထို​တိ​ရ​စ္ဆာန်​တစ်​ကောင်​မျှ မ​သိ​ဘဲ​နေ​သ​လော။ 10အ​သက်​ရှင်​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့၏ ဇီ​ဝ​အ​သက်​နှင့် လူ​သ​တ္တ​ဝါ​ခပ်​သိမ်း​တို့၏ ထွက်​သက်​ဝင်​သက်​သည် ဘု​ရား​သ​ခင့်​လက်​တော်၌ ရှိ၏။ 11ခံ​တွင်း​သည် အ​စာ​ကို​မြည်း​စမ်း​သ​ကဲ့​သို့၊ နား​သည် စ​ကား​ကို စုံ​စမ်း​သည် မ​ဟုတ်​လော။ 12အ​သက်​အ​ရွယ်​ကြီး​သော သူ​တို့​သည် ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ​ကြ၏။ 13ဘု​ရား​သ​ခင်​မူ​ကား၊ ဉာဏ်​သ​တ္တိ၊ အ​စွမ်း​သ​တ္တိ​နှင့် ပြည့်​စုံ​တော်​မူ၏။ ပ​ညာ​သ​တ္တိ​ကို ပေး​နိုင်​သော​အ​ခွင့် ရှိ​တော်​မူ၏။ 14ဖြို​ဖျက်​တော်​မူ​လျှင် အ​ဘယ်​သူ​မျှ တည်​ဆောက်​ရ​သော​အ​ခွင့် မ​ရှိ။ လူ​ကို​ချုပ်​ထား​တော်​မူ​လျှင် အ​ဘယ်​သူ​မျှ လွှတ်​ရ​သော​အ​ခွင့်​မ​ရှိ။ 15ရေ​များ​ကို ဆီး​တား​ပိတ်​ပင်​တော်​မူ​လျှင် ခန်း​ခြောက်​ရ၏။ တစ်​ဖန် လွှတ်​တော်​မူ၍ မြေ​ကြီး​ကို လွှမ်း​မိုး​ကြ၏။ 16တန်​ခိုး​တော်၊ ဉာဏ်​တော်​နှင့်​ပြည့်​စုံ၍၊ မှား​သော​သူ​နှင့် မှား​စေ​သော​သူ​တို့​ကို ပိုင်​တော်​မူ၏။ 17တိုင်​ပင်​မှူး​မတ်​တို့​ကို ဖမ်း​ဆီး​သိမ်း​သွား​တော်​မူ၏။ တ​ရား​သူ​ကြီး​တို့​ကို ရူး​သွပ်​စေ​တော်​မူ၏။ 18ရှင်​ဘု​ရင်​တို့​ကို အ​ရာ​မှ​ချ၍ ခါး​ကြိုး​နှင့် ချည်​တော်​မူ၏။ 19ယဇ်​ပု​ရော​ဟိတ်​တို့​ကို ဖမ်း​ဆီး​သိမ်း​သွား၍၊ သူ​ရဲ​တို့​ကို​လည်း ရှုံး​စေ​တော်​မူ၏။ 20နှုတ်​သ​တ္တိ​ရှိ​သော​သူ​တို့​ကို စ​ကား​အ​စေ၍၊ အ​သက်​ကြီး​သော သူ​တို့​မှ ပ​ညာ​ကို နုတ်​တော်​မူ၏။ 21မင်း​သား​တို့​ကို အ​ရှက်​ခွဲ၍၊ အား​ကြီး​သော​သူ​တို့​ကို ရှုတ်​ချ​တော်​မူ၏။ 22မှောင်​မိုက်​ထဲ၌ နက်​နဲ​သော​အ​ရာ​တို့​ကို ထင်​ရှား​စေ၍၊ သေ​ခြင်း​အ​ရိပ်​ကို​အ​လင်း​ထဲ​သို့ ထုတ်​ဖော်​တော်​မူ၏။ 23တိုင်း​နိုင်​ငံ​တို့​ကို ချီး​မြှောက်၍ တစ်​ဖန် ဖျက်​ဆီး​တော်​မူ၏။ တိုင်း​နိုင်​ငံ​တို့​ကို ကျယ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ကျဉ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​တော်​မူ၏။ 24မြေ​သား​တို့​တွင် အ​ကြီး​လုပ်​သော​သူ​တို့​မှ ဉာဏ်​ကို​နုတ်၍၊ လမ်း​မ​ရှိ​သော​တော၌ လှည့်​လည်​စေ​တော်​မူ၏။ 25သူ​တို့​သည် အ​လင်း​မ​ရှိ။ မှောင်​မိုက်၌ စမ်း​သပ်​လျက် သွား​ရ​ကြ၏။ ယစ်​မူး​သော​သူ​ကဲ့​သို့ တိမ်း​ယိမ်း​လျက် သွား​စေ​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ယောဘ 12: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ