ယောဘ 38
38
ဘုရားသခင်၏အဖြေ
1ထိုအခါ ထာဝရဘုရားသည် ယောဘစကားကို လှန်ပြန်၍၊ မိုးသက်မုန်တိုင်းထဲက မိန့်တော်မူသည်ကား၊ 2ပညာမရှိဘဲ စကားပြောကာမျှနှင့် ငါ့အကြံကိုမိုက်စေသော ဤသူကား အဘယ်သူနည်း။ 3လူယောက်ျားကဲ့သို့ သင့်ခါးကို စီးလော့။ ငါမေးမြန်းသော ပြဿနာတို့ကို ဖြေလော့။ 4မြေကြီးအမြစ်ကို ငါတည်သောအခါ၊ သင်သည် အဘယ်မှာရှိသနည်း။ နားလည်လျှင် ဖော်ပြလော့။ 5မြေကြီးအတိုင်းအရှည် ပမာဏကို အဘယ်သူ စီရင်သနည်း။ နားလည်လျှင် ပြောလော့။ မျဉ်းကြိုးကို အဘယ်သူတန်း၍ ချသနည်း။ 6မြေကြီးတိုက်မြစ်ကို အဘယ်အရပ်၌ စွဲစေသနည်း။ 7နံနက်ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို၍၊ ဘုရားသခင်သားအပေါင်းတို့သည် ဝမ်းမြောက်သဖြင့်၊ ကြွေးကြော်ကြစဉ်၊ တိုက်ထောင့်အထွတ်ကျောက်ကို အဘယ်သူတင်ထားသနည်း။ 8သမုဒ္ဒရာသည် အမိဝမ်းထဲက ဖွား၍ထွက်လာသောအခါ၊ အဘယ်သူသည် တံခါးပိတ်နှင့် ပိတ်ထားသနည်း။ 9သမုဒ္ဒရာကို မိုးတိမ်နှင့် ငါခြုံ၍ ထူထပ်သောမှောင်မိုက်နှင့် ထုပ်ရစ်သည်ကာလ၌လည်းကောင်း၊ 10သင်သည် ဤအရပ်တိုင်အောင် လာရ၏။ 11တိုး၍မလွန်ရ၊ ဤအရပ်၌ သင်၏ထောင်လွှားသော လှိုင်းတံပိုးဆုံးရ၏ဟု ပညတ်လျက်၊ သမုဒ္ဒရာအပိုင်းအခြားကို ငါစီရင်၍၊ တံခါးပိတ်နှင့် ကန့်လန့်ကျင်တို့ကို ထားသည်ကာလ၌လည်းကောင်း၊ အဘယ်သူသည် ဝိုင်း၍ကူညီသနည်း။#ယေ၊ ၅း၂၂။ 12သင်သည် တစ်သက်လုံးတွင် တစ်ခါမျှ နံနက်ကို မှာထားဖူးသလော။ မိုးသောက်လင်းကို နေရာချဖူးသလော။ 13နံနက်အလင်းသည် မြေကြီးစွန်းကိုကိုင်လျက်၊ လူဆိုးတို့ကိုခါ၍ ပစ်စေခြင်းငှာ စီရင်ဖူးသလော။ 14မြေကြီးသည် တံဆိပ်ခတ်သကဲ့သို့ပုံပေါ်၍ အဝတ်တန်ဆာဆင်သကဲ့သို့ ရှိ၏။ 15လူဆိုးတို့၏အလင်းသည် ကွယ်၍ ချီကြွသောလက်လည်း ကျိုးတတ်၏။ 16သင်သည် သမုဒ္ဒရာစမ်းရေပေါက်ထဲသို့ ဝင်ဖူးသလော။ နက်နဲသော အောက်ဆုံးအရပ်၌ လှည့်လည်ဖူးသလော။ 17သေခြင်းတံခါးတို့ကို သင့်အားဖွင့်ဖူးသလော။ သေမင်းအရိပ်ထဲသို့ဝင်သော လမ်းဝတို့ကို မြင်ဖူးသလော။ 18မြေကြီးမျက်နှာ တစ်ပြင်လုံးကို ကြည့်ရှုဖူးသလော။ အလုံးစုံကို သိမြင်လျှင် ဖော်ပြလော့။ 19အလင်းနေရာသို့ အဘယ်မည်သောလမ်းဖြင့် ရောက်ရသနည်း။ မှောင်မိုက်နေရာလည်း အဘယ်မှာရှိသနည်း။ 20အကယ်စင်စစ် သင်သည် အလင်းအမိုက်အပိုင်းအခြားသို့ ငါတို့ကို ပို့ဆောင်နိုင်၏။ သူတို့နေရာအိမ်သို့ ရောက်သောလမ်းတို့ကို သိလိမ့်မည်။ 21သင်သည် ရှေးကာလ၌ဖွားမြင်၍ အလွန် အသက်ကြီးသောကြောင့် သိလိမ့်မည်။
22သင်သည် မိုးပွင့်ဘဏ္ဍာတိုက်ထဲသို့ ဝင်ဖူးသလော။ 23ဘေးရောက်ရာ အချိန်ကာလနှင့် စစ်ပြိုင်၍ တိုက်ရာအချိန်ကာလဖို့၊ ငါသိုထားသော မိုးသီးဘဏ္ဍာများကို မြင်ဖူးသလော။ 24အလင်းသည် အဘယ်သို့သောလမ်းဖြင့် နှံ့ပြားသနည်း။ အရှေ့လေသည် မြေကြီးပေါ်မှာ အဘယ်ကြောင့်လွင့်သနည်း။ 25လူမရှိသောမြေနှင့် လူမနေသောတော၌ မိုးရွာစေခြင်းငှာလည်းကောင်း၊ 26လွတ်လပ်သောလွင်ပြင်ကို ရေနှင့်ဝစေ၍၊ နုသောမြက်ပင်အညှောက်ကို ထွက်စေခြင်းငှာလည်းကောင်း၊ 27လျှံသောမိုးရေစီးရာလမ်း၊ မိုးကြိုးနှင့်ဆိုင်သော လျှပ်စစ်ပြက်ရာလမ်းကို အဘယ်သူဖွင့်သနည်း။ 28မိုးရေ၏အဘကား အဘယ်သူနည်း။ နှင်းပေါက်တို့ကို အဘယ်သူ ဖြစ်ပွားစေသနည်း။ 29ရေခဲသည် အဘယ်သူ၏ဝမ်းထဲက ထွက်လာသနည်း။ မိုးကောင်းကင်နှင်းခဲကို အဘယ်သူသည် ပဋိသန္ဓေပေးသနည်း။ 30ရေသည် ကျောက်ခဲကဲ့သို့ဖြစ်၍ ပင်လယ်မျက်နှာ တင်းမာလျက်ရှိ၏။ 31သင်သည် ခိမကြယ်စု၏ သာယာစွာပြုပြင်ခြင်းကို ချုပ်တည်းနိုင်သလော။ ကသိလကြယ်၏ ချည်နှောင်ခြင်းကို ဖြည်နိုင်သလော။#ယောဘ၊ ၉:၉၊ အာ၊ ၅:၈။ 32မာဇရုတ်ကြယ်တို့ကို အချိန်ရောက်လျှင် ထုတ်ဖော်နိုင်သလော။ အာရှကြယ်နှင့် သူ၏သားတို့ကို ပဲ့ပြင်နိုင်သလော။ 33မိုးကောင်းကင်တရားတို့ကို နားလည်သလော။ ထိုတရားတို့သည် မြေကြီးကိုအုပ်စိုးမည်အကြောင်း အခွင့်ပေးနိုင်သလော။ 34များစွာသောမိုးရေသည် သင့်ကို လွှမ်းမိုးစေခြင်းငှာ မိုးတိမ်တို့ကို အသံလွှင့်နိုင်သလော။ 35လျှပ်စစ်တို့ကို လွှတ်နိုင်သလော။ သူတို့က ကျွန်တော်တို့ရှိပါ၏ဟု သင့်ကိုလျှောက်လျက် သွားကြလိမ့်မည်လော။ 36ကိုယ်ခန္ဓာထဲသို့ ပညာကို အဘယ်သူသွင်းသနည်း။ နားလည်နိုင်သောဉာဏ်ကို အဘယ်သူပေးသနည်း။ ပညာရှိ၍ မိုးတိမ်တို့ကို အဘယ်သူ ရေတွက်နိုင်သနည်း။ 37မြေမှုန့်သည် လုံးထွေး၍ မြေစိုင်တို့သည် ကပ်လျက်နေသောအခါ၊ 38မိုးကောင်းကင်၏ ရေဘူးတို့ကို အဘယ်သူသွန်းချသနည်း။
39သင်သည် ခြင်္သေ့မအဖို့ စားစရာအကောင်ကို လိုက်ရှာနိုင်သလော။ 40ခြင်္သေ့ပျိုတို့သည် ခိုလှုံရာ၌ဝပ်၍၊ ချုံပုတ်အောက်၌ ချောင်းကြည့်လျက်နေသောအခါ၊ သူတို့ကို ဝစွာကျွေးနိုင်သလော။ 41ကျီးအသူငယ်တို့သည် စားစရာမရှိသောကြောင့် လှည့်လည်၍ ဘုရားသခင်ကို အော်ဟစ်သောအခါ၊ စားစရာကို အဘယ်သူပေးသနည်း။
လက်ရှိရွေးချယ်ထားမှု
ယောဘ 38: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.

: