YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 20:9-26

ရှင်လုကာ 20:9-26 JBMLE

ထို​အ​ခါ ပ​ရိ​သတ်​တို့​အား မိန့်​တော်​မူ​သော ဥ​ပ​မာ​ကား၊ လူ​တစ်​ဦး​သည် စ​ပျစ်​ဥ​ယျာဉ်​ကို စိုက်​ပျိုး​ပြီး​မှ လုပ်​ဆောင်​သော​သူ​တို့​အား ဥ​ယျာဉ်​ကို​ငှား၍ အ​ခြား​သော​ပြည်​သို့ ကြာ​မြင့်​စွာ သွား​နေ၏။- ကာ​လ​အ​ချိန်​တန်​လျှင်၊ လုပ်​ဆောင်​သော​သူ​တို့​သည် စ​ပျစ်​သီး​အ​ချို့​ကို ပေး​စေ​ခြင်း​ငှာ ဥ​ယျာဉ်​ရှင်​သည် ငယ်​သား​ကို စေ​လွှတ်​လေ၏။ ဥ​ယျာဉ်​စောင့်​တို့​သည် ငယ်​သား​ကို​ရိုက်၍ လက်​ချည်း​လွှတ်​လိုက်​ကြ၏။- နောက်​တစ်​ဖန် အ​ခြား​သော ငယ်​သား​ကို စေ​လွှတ်​ပြန်​လျှင်၊ ဥ​ယျာဉ်​စောင့်​တို့​သည် သူ့​ကို​ရိုက်၍ အ​ရှက်​ခွဲ​ပြီး​မှ လက်​ချည်း​လွှတ်​လိုက်​ကြ၏။- နောက်​တစ်​ဖန် အ​ခြား​သော​ငယ်​သား​ကို စေ​လွှတ်​ပြန်​လျှင်၊ သူ့​ကို​ဒဏ်​ရာ​ပေါ်​အောင် နာ​ကျင်​စွာ​ရိုက်၍ နှင်​ထုတ်​ကြ၏။- ထို​အ​ခါ ဥ​ယျာဉ်​ရှင်​က၊ ငါ​သည် အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။ ငါ၏​ချစ်​သား​ကို ငါ​စေ​လွှတ်​မည်။ ထို​သူ​တို့​သည် ငါ့​သား​ကို​မြင်​လျှင် အား​နာ​ကောင်း​အား​နာ​ကြ​လိမ့်​မည်​ဟု ဆို၏။- ဥ​ယျာဉ်​စောင့်​တို့​သည် သား​ကို​မြင်​လျှင်၊ ဤ​သူ​သည် အ​မွေ​ခံ​ဖြစ်၏။ လာ​ကြ။ သူ့​ကို သတ်​ကြ​ကုန်​အံ့။ ထို​သို့​သူ၏ အ​မွေ​ဥ​စ္စာ​ကို ငါ​တို့​ရ​ကြ​လိမ့်​မည်​ဟု အ​ချင်း​ချင်း​တိုင်​ပင်​ပြီး​မှ၊- ဥ​ယျာဉ်​ရှင်၏​သား​ကို ဥ​ယျာဉ်​ပြင်​သို့ ထုတ်၍ သတ်​ပစ်​ကြ၏။ သို့​ဖြစ်​လျှင် ဥ​ယျာဉ်​ရှင်​သည် ဥ​ယျာဉ်​စောင့်​တို့​ကို အ​ဘယ်​သို့ ပြု​မည်​နည်း။- ဥ​ယျာဉ်​ရှင်​သည် လာ၍ ထို​သူ​တို့​ကို သုတ်​သင်​ပယ်​ရှင်း​ပြီး​မှ ထို​ဥ​ယျာဉ်​ကို အ​ခြား​သော​သူ​တို့​အား ပေး​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ပ​ရိ​သတ်​တို့​သည် ကြား​လျှင် ထို​သို့​မ​ဖြစ်​ပါ​စေ​နှင့်​ဟု လျှောက်​ကြ​သော်၊- ကိုယ်​တော်​သည် ထို​သူ​တို့​ကို ကြည့်​ရှု၍၊ တိုက်​ကို​တည်​လုပ်​သော​သူ​များ ပယ်​ထား​သော ကျောက်​သည် နောက်​တစ်​ဖန်​တိုက်​ထောင့်​အ​ထွတ်​ဖျား​သို့ ရောက်​ပြန်၏​ဟူ​သော ကျမ်း​စာ​ချက်​သည် အ​ဘယ်​သို့ ဆို​လို​သ​နည်း။- အ​ကြင်​သူ​သည် ထို​ကျောက်​အ​ပေါ်​သို့ ကျ၏။ ထို​သူ​သည် ကျိုး​လ​တ္တံ့။ အ​ကြင်​သူ၏​အ​ပေါ်​သို့ ထို​ကျောက်​သည် ကျ၏။ ထို​သူ​သည် ညက်​ညက်​ကြေ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​သည် မိ​မိ​တို့​ကို ရည်​ဆောင်၍ ထို​ဥ​ပ​မာ​စ​ကား​ကို ဟော​ပြော​တော်​မူ​သည်​ကို​သိ​သော​ကြောင့် ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​ငှာ ရှာ​ကြံ​ကြ၏။ သို့​သော်​လည်း လူ​များ​ကို​ကြောက်၍ နေ​ရ​ကြ၏။ ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည် ကိုယ်​တော်​ကို ချောင်း​မြောင်း​လျက်၊ စ​ကား​တော်၌ အ​ပြစ်​ကို​ရှာ၍ မြို့​ဝန်​မင်း​လက်​သို့ အပ်​နှံ​သော​အ​ခွင့်​ကို​ရ​ခြင်း​ငှာ သူ​တော်​ကောင်း​ဖြစ်​ယောင်​ဆောင်​သော သူ​လျှို​တို့​ကို အ​ထံ​တော်​သို့ စေ​လွှတ်​ကြ၏။- ထို​သူ​လျှို​တို့​က၊ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည် လူ​မျက်​နှာ​ကို မ​ထောက်​ဘဲ ဖြောင့်​မတ်​စွာ ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍၊ ဘု​ရား​သ​ခင်၏ တ​ရား​လမ်း​ကို ဟုတ်​မှန်​စွာ ပြ​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ၏။- အ​ကျွန်ုပ်​တို့​သည် ကဲ​သာ​ဘု​ရင်​အား အ​ခွန်​ကို ဆက်​အပ်​သ​လော၊ မ​ဆက်​အပ်​သ​လော​ဟု မေး​လျှောက်​ကြ၏။- ကိုယ်​တော်​သည် ထို​သူ​တို့၏ ပ​ရိ​ယာယ်​ကို သိ​မှတ်​တော်​မူ​လျှင်၊ သင်​တို့​သည် ငါ့​ကို အ​ဘယ်​ကြောင့် စုံ​စမ်း​နှောင့်​ယှက်​ကြ​သ​နည်း။- ဒေ​နာ​ရိ တစ်​ပြား​ကို​ပြ​ပါ။ အ​ဘယ်​သူ၏​ပုံ၊ အ​ဘယ်​သူ၏​လိပ်​စာ ပါ​ပါ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ကဲ​သာ​ဘု​ရင်၏​ပုံ၊ လိပ်​စာ​ပါ​ပါ​သည်​ဟု လျှောက်​ကြ​သော်၊- ကိုယ်​တော်​က၊ ကဲ​သာ​ဘု​ရင်၏​ဥ​စ္စာ​ကို ကဲ​သာ​ဘု​ရင်​အား ဆက်​ပေး​ကြ​လော့။ ဘု​ရား​သ​ခင်၏​ဥ​စ္စာ​ကို​ကား ဘု​ရား​သ​ခင်​အား ဆက်​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ၏။- ထို​သူ​တို့​သည် လူ​များ​ရှေ့​တွင် စ​ကား​တော်၌ အ​ပြစ်​မ​တွေ့​နိုင်​သ​ဖြင့် ပြန်​ပြော​တော်​မူ​သော စ​ကား​ကို အံ့​ဩ၍ တိတ်​ဆိတ်​စွာ​နေ​ကြ၏။