YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 22:47-51

ရှင်လုကာ 22:47-51 JBMLE

ထို​သို့ မိန့်​တော်​မူ​စဉ်​တွင်​ပင် တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​သည် လူ​အ​ပေါင်း​တို့​ကို လမ်း​ပြ​လျက်​လာ၍၊ ယေ​ရှု​ကို​နမ်း​ခြင်း​ငှာ ချဉ်း​ကပ်​လေ၏။- ယေ​ရှု​က​လည်း၊ ယု​ဒ သင်​သည် နမ်း​ခြင်း​ကို ပြု​လျက် လူ​သား​ကို​အပ်​သ​လော​ဟု မေး​တော်​မူ၏။- ယေ​ရှု​နှင့်​အ​တူ​ပါ​သော သူ​တို့​သည် ဖြစ်​အံ့​သော​အ​မှု​ကို မြင်​လျှင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ဓား​နှင့် ခုတ်​ရ​ပါ​မည်​လော​ဟု မေး​လျှောက်​ပြီး​မှ၊- တစ်​ယောက်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း၏ ကျွန်​တစ်​ယောက်​ကို ခုတ်​သ​ဖြင့် လက်​ယာ​နား​ရွက်​ပြတ်​လေ၏။- ယေ​ရှု​က​လည်း၊ တန်​စေ​ဟု မိန့်​တော်​မူ၍ နား​ရွက်​ကို လက်​တော်​နှင့်​တို့​သ​ဖြင့် အ​နာ​ကို ပျောက်​စေ​တော်​မူ၏။