YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 4:38-43

ရှင်လုကာ 4:38-43 JBMLE

တ​ရား​ဇ​ရပ်​မှ ထွက်​ပြီး​လျှင် ရှိ​မုန်​အိမ်​သို့​ကြွ​တော်​မူ၏။ ရှိ​မုန်၏ ယော​က္ခ​မ​သည် ပြင်း​စွာ​သော ဖျား​နာ​စွဲ​သည်​ဖြစ်၍ သူ့​အ​တွက် ကိုယ်​တော်​ကို တောင်း​လျှောက်​ကြ၏။- ကိုယ်​တော်​သည် ထို​မိန်း​မ၏ အ​နား​မှာ​ရပ်၍ ဖျား​နာ​ကို ဆုံး​မ​တော်​မူ​လျှင်၊ သူ​သည် အ​ဖျား​ပျောက်​သ​ဖြင့် ချက်​ချင်း​ထ၍ ဧည့်​သည်​ဝတ်​ကို​ပြု​လေ၏။ နေ​ဝင်​သော​အ​ခါ အ​မျိုး​မျိုး​သော အ​နာ​ရော​ဂါ​စွဲ​သော​သူ​တို့၏ အ​ဆွေ​ခင်​ပွန်း​အ​ပေါင်း​တို့​သည် ထို​လူ​နာ​တို့​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့၍၊ ကိုယ်​တော်​သည် ထို​လူ​နာ​အ​သီး​အ​သီး​တို့ အ​ပေါ်၌ လက်​တော်​ကို တင်​သ​ဖြင့် အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ၏။- နတ်​ဆိုး​တို့​လည်း၊ ကိုယ်​တော်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ၏​ဟု ဟစ်​ကြော်​လျက် လူ​များ​မှ ထွက်​သွား​ကြ၏။ ကိုယ်​တော်​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ကြ​သော​ကြောင့် စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြော​စေ​ခြင်း​ငှာ မြစ်​တား​တော်​မူ၏။ မိုး​လင်း​သော​အ​ခါ တော​အ​ရပ်​သို့ ထွက်​ကြွ​တော်​မူ၍၊ လူ​များ​တို့​သည် ကိုယ်​တော်​ကို​ရှာ​ကြ၏၊ အ​ထံ​တော်​သို့​ရောက်​လျှင်၊ မိ​မိ​တို့​နေ​ရာ​မှ ထွက်​ကြွ​တော်​မ​မူ​မည်​အ​ကြောင်း ဆီး​တား​ကြ၏။- ကိုယ်​တော်​က​လည်း၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို အ​ခြား​သော​မြို့​ရွာ​တို့၌ ငါ​ဟော​ပြော​ရ​မည်။

​ရှင်လုကာ 4:38-43 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။