YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 12:38-45

ရှင်မဿဲ 12:38-45 JBMLE

ထို​အ​ခါ အ​ချို့​သော​ကျမ်း​ပြု​ဆ​ရာ​နှင့် ဖာ​ရိ​ရှဲ​တို့​က၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ တစ်​စုံ​တစ်​ခု​ကို မြင်​ချင်​ပါ​သည်​ဟု လျှောက်​ကြ​လျှင်၊- ကိုယ်​တော်​က ဆိုး​ညစ်၍ မျောက်​မ​ထား​သော​အ​မျိုး​သည် နိ​မိတ်​လ​က္ခ​ဏာ​ကို တောင်း​သည်​မှာ၊ ပ​ရော​ဖက်​ယော​န၏ နိ​မိတ်​လ​က္ခ​ဏာ မှ​တစ်​ပါး အ​ဘယ်​လ​က္ခ​ဏာ​ကို​မျှ သူ​တို့​အား​မ​ပြ​ရာ။- ယော​န​သည် ငါး​ကြီး​ဝမ်း​ထဲ​မှာ သုံး​ရက်​နေ​ရ​သ​ကဲ့​သို့၊ လူ​သား​သည် မြေ​ကြီး​ထဲ​မှာ သုံး​ရက်​နေ​ရ​လ​တ္တံ့။- တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​အ​ခါ၊ နိ​နေ​ဝေ​မြို့​သား​တို့​သည် ဤ​လူ​မျိုး​တစ်​ဖက်၌​ထ၍ အ​ရှုံး​ခံ​စေ​လ​တ္တံ့။ အ​ကြောင်း​မူ​ကား၊ ထို​မြို့​သား​တို့​သည် ယော​န​ဟော​ပြော​သော စ​ကား​ကြောင့် နောင်​တ​ရ​ကြ၏။ ဤ​အ​ရပ်၌​ကား၊ ယော​န​ထက်​သာ၍ ကြီး​မြတ်​သော​သူ​ရှိ၏။- တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​အ​ခါ တောင်​ပြည်​ကို အ​စိုး​ရ​သော​မိ​ဖု​ရား​သည်၊ ဤ​လူ​မျိုး​တစ်​ဖက်၌ ထ၍ အ​ရှုံး​ခံ​စေ​လ​တ္တံ့။ အ​ကြောင်း​မူ​ကား၊ ထို​မိ​ဖု​ရား​သည် ရှော​လ​မုန်​မင်း​ကြီး၏ ပ​ညာ​စ​ကား​ကို နား​ထောင်​ခြင်း​ငှာ မြေ​ကြီး​စွန်း​မှ​လာ၏။ ဤ​အ​ရပ်၌​ကား၊ ရှော​လ​မုန်​ထက်​သာ၍ ကြီး​မြတ်​သော​သူ​ရှိ၏။- ညစ်​ညူး​သော​နတ်​သည် လူ​ထဲ​က​ထွက်​လျှင်၊ ခြောက်​ကပ်​သော အ​ရပ်​တို့၌​လည်၍ ငြိမ်​ဝပ်​ခြင်း​ကို ရှာ​တတ်၏။- မ​တွေ့​လျှင် ငါ​သည် ထွက်​ခဲ့​သော နေ​မြဲ​အိမ်​သို့ ပြန်​ရ​ဦး​မည်​ဟု​ဆို၍၊ ရောက်​သော​အ​ခါ ထို​အိမ်​သည် လွတ်​လပ်၍ သုတ်​သင်​ပြင်​ဆင်​လျက် ရှိ​သည်​ကို တွေ့​သော်၊- မိ​မိ​ထက်​သာ၍ ညစ်​ညူး​သော နတ်​ဆိုး​ခု​နစ်​ယောက်​ကို ခေါ်​ပြီး​လျှင် ထို​လူ​ထဲ​သို့​ဝင်၍​နေ​ကြ၏။ ထို​လူ၏ နောက်​ဖြစ်​ဟန်​သည် ရှေ့​ဖြစ်​ဟန်​ထက် သာ၍​ဆိုး၏။ ဆိုး​ညစ်​သော ဤ​လူ​မျိုး၌ ထို​နည်း​တူ​ဖြစ်​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။