YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 13:44-53

ရှင်မဿဲ 13:44-53 JBMLE

တစ်​နည်း​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် လယ်၌​ဝှက်​ထား​သော​ဘ​ဏ္ဍာ​နှ​င့် တူ၏။ ထို​ဘ​ဏ္ဍာ​ကို​တွေ့​သော​သူ​သည် တစ်​ဖန်​ဖုံး​အုပ်၍၊ ဝမ်း​မြောက်​သော​စိတ်​နှင့် သွား​ပြီး​လျှင်၊ ရ​တတ်​သ​မျှ​ကို ရောင်း၍ ထို​လယ်​ကို ဝယ်​တတ်၏။ တစ်​နည်း​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် မြတ်​သော​ပု​လဲ​တို့​ကို ရှာ​သော ကုန်​သည်​နှင့် တူ၏။- ထို​ကုန်​သည်​သည် အ​လွန်​အ​ဖိုး​ထိုက်​သော ပု​လဲ​ကို တွေ့​သော​အ​ခါ၊ သွား၍ မိ​မိ၌​ရ​တတ်​သ​မျှ​ကို ရောင်း​ပြီး​လျှင် ထို​ပု​လဲ​ကို ဝယ်​လေ၏။- တစ်​နည်း​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် ပင်​လယ်၌​ချ၍ အ​မျိုး​မျိုး​သော​ငါး​တို့​ကို အုပ်​မိ​သော ပိုက်​ကွန်​နှင့်​တူ၏။- ငါး​နှင့်​အ​ပြည့်​ရှိ​သော​အ​ခါ တံ​ငါ​တို့​သည် ကုန်း​ပေါ်​သို့​ဆွဲ​တင်၍ ထိုင်​လျက်၊ ကောင်း​သော​ငါး​ကို ခြင်း​ထဲ​သို့ ရွေး​ချယ်​ထည့်​ထား၍၊ မ​ကောင်း​သော​ငါး​ကို ပြင်​သို့​ပစ်​လိုက်​ကြ၏။- ထို​နည်း​တူ က​မ္ဘာ​အ​ဆုံး၌ ကောင်း​ကင်​တ​မန်​တို့​သည် ဆင်း​လာ​ပြီး​လျှင်၊ ဖြောင့်​မတ်​သော​သူ​တို့​အ​ထဲ​မှ ဆိုး​သော​သူ​တို့​ကို နုတ်​ယူ​ခွဲ​ထား၍၊- ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ မီး​ဖို၌ ချ​ကြ​လ​တ္တံ့။ ဤ​အ​ရာ​အ​လုံး​စုံ​တို့​ကို သင်​တို့​သည် နား​လည်​ကြ​သ​လော​ဟု မေး​တော်​မူ​လျှင်၊ နား​လည်​ပါ​ပြီ​သ​ခင်​ဟု တ​ပည့်​တော်​တို့​သည် လျှောက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ သို့​ဖြစ်၍ ကောင်း​ကင်​နိုင်​ငံ​တော်၏ အ​ကြောင်း​အ​ရာ​ကို သင်​ပြီး​သော​ကျမ်း​ဆ​ရာ မည်​သည်​ကား၊ မိ​မိ​ဘ​ဏ္ဍာ​ထဲ​က အ​ထူး​ထူး​အ​ပြား​ပြား​သော အ​သစ်​အ​ဟောင်း​တို့​ကို ထုတ်​ဖော်​သော​အိမ်​ရှင်​နှင့် တူ​သည်​ဟု မိန့်​တော်​မူ၏။ ထို​ဥ​ပ​မာ​စ​ကား​များ​ကို အ​ကုန်​အ​စင်​မိန့်​မြွက်​တော်​မူ​ပြီး​လျှင် ထို​အ​ရပ်​မှ​ကြွ​သွား​တော်​မူ၏။

​ရှင်မဿဲ 13:44-53 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။