YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 23

23
1ထို​အ​ခါ ဗာ​လမ်​က၊ ဤ​အ​ရပ်၌​ငါ့​အ​ဖို့ ယဇ်​ပ​လ္လင်​ခု​နစ်​ခု​ကို တည်​လော့။ နွား​ထီး​ခု​နစ်​ကောင်၊ သိုး​ထီး​ခု​နစ်​ကောင်​တို့​ကို ပြင်​ဆင်​လော့​ဟု ဗာ​လက်​မင်း​အား​ဆို​သည်​အ​တိုင်း၊ 2ဗာ​လက်​မင်း​သည်​ပြု​ပြီး​လျှင်၊ ထို​သူ​နှစ်​ပါး​တို့​သည် ယဇ်​ပ​လ္လင်​တစ်​ခု​တစ်​ခု​အ​ပေါ်​မှာ နွား​တစ်​ကောင်​စီ​နှင့် သိုး​တစ်​ကောင်​စီ​ကို ပူ​ဇော်​ကြ၏။ 3ဗာ​လမ်​က​လည်း၊ မင်း​ကြီး​ပူ​ဇော်​သော မီး​ရှို့​ရာ​ယဇ်​နား​မှာ ရပ်​လော့။ ငါ​သည် အ​ခြား​တစ်​ပါး​သို့​သွား​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ကြို​ဆို​ခြင်း​ငှာ ကြွ​လာ​ကောင်း ကြွ​လာ​တော်​မူ​လိမ့်​မည်။ ငါ့​အား​ပြ​တော်​မူ​သ​မျှ​ကို မင်း​ကြီး​အား ငါ​ကြား​ပြော​ပါ​မည်​ဟု ဗာ​လက်​မင်း​အား​ဆို​ပြီး​မှ ကုန်း​တစ်​ခု​ပေါ်​သို့ တက်​သွား၏။ 4ဘု​ရား​သ​ခင်​သည် ဗာ​လမ်​ကို​ကြို​ဆို​တော်​မူ​လျှင်၊ ဗာ​လမ်​က အ​ကျွန်ုပ်​သည် ယဇ်​ပ​လ္လင်​ခု​နစ်​ခု​ကို​ပြင်​ဆင်၍ ပ​လ္လင်​တစ်​ခု​တစ်​ခု​အ​ပေါ်​မှာ နွား​ထီး​တစ်​ကောင်​စီ​နှင့် သိုး​ထီး​တစ်​ကောင်​စီ​ကို ပူ​ဇော်​ပါ​ပြီ​ဟု လျှောက်​လေ၏။ 5ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​လမ်​နှုတ်၌ စ​ကား​ကို​ထား​လျက်၊ သင်​သည် ဗာ​လက်​မင်း​ထံ​သို့​ပြန်၍ ဤ​သို့​ပြော​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ 6ဗာ​လမ်​ပြန်​သော​အ​ခါ၊ ဗာ​လက်​မင်း​သည် မော​ဘ​မှူး​မတ်​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ မိ​မိ​ပူ​ဇော်​သော မီး​ရှို့​ရာ​ယဇ်​နား​မှာ ရပ်​နေ၏။
7ထို​အ​ခါ​ဗာ​လမ်​သည်၊ ပ​ရော​ဖက်​စ​ကား​အား​ဖြင့် မြွက်​ဆို​သည်​ကား၊ မော​ဘ​ရှင်​ဘု​ရင်​ဗာ​လက်​က၊ လာ​ပါ။ ငါ့​အ​ဖို့ ယာ​ကုပ်​အ​မျိုး​ကို​ကျိန်​ဆဲ​ပါ။ လာ​ပါ။ ဣ​သ​ရေ​လ​အ​မျိုး​ကို ပျက်​စီး​ခြင်း​သို့​အပ်​လိုက်​ပါ​ဟု​ခေါ်၍ ငါ့​ကို အာ​ရံ​ပြည်​အ​ရှေ့​တောင်​ရိုး​မှ ဆောင်​ခဲ့​ပြီ။ 8ဘု​ရား​သ​ခင် ကျိန်​ဆဲ​တော်​မ​မူ​သော​သူ​ကို အ​ဘယ်​သို့​ငါ​ကျိန်​ဆဲ​နိုင်​မည်​နည်း။ ဘု​ရား​သ​ခင်​သည် ပျက်​စီး​ခြင်း​သို့ အပ်​တော်​မ​မူ​သော​သူ​ကို အ​ဘယ်​သို့ ငါ​အပ်​နိုင်​မည်​နည်း။ 9ကျောက်​ပေါ်​က သူ့​ကို​ငါ​မြင်၏။ တောင်​ပေါ်​က သူ့​ကို​ငါ​ကြည့်​ရှု၏။ ထို​လူ​မျိုး​သည် တစ်​မျိုး​တည်း​နေ၍ အ​ခြား​တစ်​ပါး​သော​လူ​မျိုး​တို့​နှင့် မ​ရော​နှော​ရ။ 10ယာ​ကုပ်​အ​မျိုး​မြေ​မှုန့်​ကို အ​ဘယ်​သူ​ရေ​တွက်​နိုင်​သ​နည်း။ ဣ​သ​ရေ​လ​အ​မျိုး​လေး​စု​တစ်​စု​ကို​မျှ အ​ဘယ်​သူ​ရေ​တွက်​နိုင်​သ​နည်း။ ဖြောင့်​မတ်​သော​သူ​သေ​သ​ကဲ့​သို့ ငါ​သေ​ပါ​စေ​သော။ ငါ့​အ​ဆုံး​သည် သူ၏​အ​ဆုံး​ကဲ့​သို့ ဖြစ်​ပါ​စေ​သော​ဟု မြွက်​ဆို၏။ 11ဗာ​လက်​မင်း​က​လည်း၊ သင်​သည် ငါ၌​အ​ဘယ်​သို့​ပြု​သ​နည်း။ ငါ၏​ရန်​သူ​တို့​ကို ကျိန်​ဆဲ​စေ​ခြင်း​ငှာ သင့်​ကို​ငါ​ခေါ်​ခဲ့​ပြီ။ သို့​သော်​လည်း သင်​သည် လုံး​လုံး​ကောင်း​ချီး​ပေး​လေ​ပြီ​တ​ကား​ဟု ဗာ​လမ်​အား​ဆို​လျှင်၊ 12ဗာ​လမ်​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​နှုတ်၌​ထား​တော်​မူ​သော​စ​ကား​ကို ပြော​ရ​အောင် ငါ​သ​တိ​မ​ပြု​ရ​သ​လော​ဟု ပြန်​ဆို၏။
ဗာ​လမ်​၏​ဒု​တိ​ယ​ဗျာ​ဒိတ်
13ဗာ​လက်​မင်း​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို တစ်​ပြိုင်​နက်​မ​မြင်​ရ​ဘဲ တစ်​ပိုင်း​ကို​မျှ​သာ​ကြည့်​မြင်​ရာ၊ အ​ခြား​သော​အ​ရပ်​သို့ ငါ​နှင့်​အ​တူ​လိုက်​ပါ​လော့။ ထို​အ​ရပ်၌ သူ​တို့​ကို ငါ့​အ​ဖို့ ကျိန်​ဆဲ​ပါ​ဟု​ဆို​လျက်၊ 14ပိ​သ​ဂါ​တောင်​ပေါ်၊ ဇော​ဖိမ်​လယ်​ပြင်​သို့​ဆောင်​သွား၍ ယဇ်​ပ​လ္လင်​ခု​နစ်​ခု​ကို​တည်​ပြီး​မှ၊ ပ​လ္လင်​တစ်​ခု​တစ်​ခု​အ​ပေါ်​မှာ နွား​တစ်​ကောင်​စီ​နှင့် သိုး​တစ်​ကောင်​စီ​ကို ပူ​ဇော်​လေ၏။ 15ဗာ​လမ်​က​လည်း၊ မင်း​ကြီး​ပူ​ဇော်​သော မီး​ရှို့​ရာ​ယဇ်​နား​မှာ ရပ်​လော့။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ အ​ခြား​တစ်​ပါး​သို့​သွား​ပါ​မည်​ဟု ဗာ​လက်​မင်း​အား ဆို၏။ 16ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​လမ်​ကို​ကြို​ဆို၍ သူ၏​နှုတ်၌ စ​ကား​ကို​ထား​လျက်၊ သင်​သည် ဗာ​လက်​မင်း​ထံ​သို့​ပြန်၍ ဤ​သို့​ပြော​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ 17ဗာ​လမ်​ပြန်​သော​အ​ခါ၊ ဗာ​လက်​မင်း​သည် မော​ဘ​မှူး​မတ်​တို့​နှင့်​တ​ကွ၊ မိ​မိ​ပူ​ဇော်​သော မီး​ရှို့​ရာ​ယဇ်​နား​မှာ ရပ်​နေ​လျက်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​သို့ မိန့်​တော်​မူ​သ​နည်း​ဟု မေး​လေ၏။
18ထို​အ​ခါ ဗာ​လမ်​သည်၊ ပ​ရော​ဖက်​စ​ကား​အား​ဖြင့် မြွက်​ဆို​သည်​ကား၊ အို​ဇိ​ဖော်​သား ဗာ​လက်​မင်း၊ ထ​လော့။ ငါ့​စ​ကား​ကို စေ့​စေ့​နား​ထောင်​လော့။ 19ဘု​ရား​သ​ခင်​သည် မု​သား​စ​ကား​ကို​ပြော​အံ့​သော​ငှာ လူ​ဖြစ်​တော်​မူ​သည်​မ​ဟုတ်။ နောင်​တ​ရ​အံ့​သော​ငှာ လူ​သား​ဖြစ်​တော်​မူ​သည်​မ​ဟုတ်။ မိန့်​တော်​မူ​ပြီး​မှ၊ စ​ကား​တော်​အ​တိုင်း မ​ပြု​ဘဲ​နေ​တော်​မူ​မည်​လော။ က​တိ​ထား​တော်​မူ​ပြီး​မှ၊ က​တိ​တော်​မ​တည်​ဘဲ နေ​တော်​မူ​မည်​လော။ 20ကောင်း​ချီး​ပေး​ရ​မည်​အ​ကြောင်း၊ အ​မိန့်​တော်​ကို​ငါ​ခံ​ရ​ပြီ။ ဘု​ရား​သ​ခင် ကောင်း​ချီး​ပေး​တော်​မူ​ပြီ။ ထို​ကောင်း​ချီး​ကို ငါ​မ​ဖျက်​နိုင်။ 21ယာ​ကုပ်​အ​မျိုး​ကို ညှဉ်း​ဆဲ​သော​အ​မှု၊ ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဖက်၌​ပြု​သော နှောင့်​ယှက်​ခြင်း​အ​မှု​ကို ဘု​ရား​သ​ခင်​သည် ကြည့်​ရှု၍​နေ​တော်​မ​မူ။ သူ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့်​အ​တူ ရှိ​တော်​မူ၏။ ရှင်​ဘု​ရင်​ကြွေး​ကြော်​ခြင်း​အ​သံ​ကို သူ​တို့​တွင်​ကြား​ရ၏။ 22ဘု​ရား​သ​ခင်​သည် အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သည်​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ကြံ့​အား​ကြီး​သ​ကဲ့​သို့ အား​ကြီး၏။ 23အ​ကယ်​စင်​စစ် ယာ​ကုပ်​အ​မျိုး​ကို၊ ထူး​ဆန်း​သော​အ​တတ်​အား​ဖြင့် မ​နိုင်​ရာ။ ဣ​သ​ရေ​လ​အ​မျိုး​ကို အ​ဘယ်​သူ​မျှ မ​ပြု​စား​ရာ။ ဘု​ရား​သ​ခင်​သည် အ​ဘယ်​သို့​ပြု​တော်​မူ​ပြီ​တ​ကား​ဟု ယ​ခု​ကာ​လ​ကို​ထောက်၍ ယာ​ကုပ်​အ​မျိုး၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ရည်​ဆောင်​လျက် ဆို​လေ့​ရှိ​လိမ့်​မည်။ 24ဤ​လူ​မျိုး​သည် ခြင်္သေ့​ကဲ့​သို့ ထ​လိမ့်​မည်။ ခြင်္သေ့​ပျို​ကဲ့​သို့ ထွက်​လိမ့်​မည်။ ဖမ်း​မိ​သော​အ​ကောင်​ကို မ​စား​မီ၊ သတ်​အပ်​သော​တိ​ရ​စ္ဆာန်​အ​သွေး​ကို မ​သောက်​မီ​တိုင်​အောင် ငြိမ်​ဝပ်​စွာ​မ​နေ​ဟု မြွက်​ဆို၏။ 25ဗာ​လက်​မင်း​က​လည်း၊ သူ​တို့​ကို အ​လျှင်း​မ​ကျိန်​ဆဲ​ပါ​နှင့်။ ကောင်း​ချီး​ကို​လည်း အ​လျှင်း​မ​ပေး​ပါ​နှင့်​ဟု ဗာ​လမ်​အား​ဆို​လျှင်၊ 26ဗာ​လမ်​က၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း ငါ​ပြု​ရ​ပါ​မည်​ဟု မင်း​ကြီး​အား အ​ရင်​ပြော​နှင့်​ပြီ​မ​ဟုတ်​လော​ဟု ဗာ​လက်​မင်း​အား​ပြန်​ပြော၏။
ဗာ​လမ်​ဆ​င့်​ဆို​သော​တ​တိ​ယ​ဗျာ​ဒိတ်​တော်
27တစ်​ဖန် ဗာ​လက်​မင်း​က၊ လာ​ပါ​တော့။ အ​ခြား​သော​အ​ရပ်​သို့ ဆောင်​သွား​ပါ​မည်။ ထို​အ​ရပ်၌ သူ​တို့​ကို​ငါ့​အ​ဖို့ ကျိန်​ဆဲ​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​အ​လို​တော် ရှိ​ကောင်း​ရှိ​တော်​မူ​လိမ့်​မည်​ဟု ဗာ​လမ်​အား​ဆို​လျက်၊ 28ယေ​ရှိ​မုန်​မြို့​ကို​မျက်​နှာ​ပြု​သော ပေ​ဂု​ရ​တောင်​ထိပ်​သို့ ဆောင်​သွား​လေ၏။ 29ဗာ​လမ်​က​လည်း၊ ဤ​အ​ရပ်၌ ငါ့​အ​ဖို့ ယဇ်​ပ​လ္လင်​ခု​နစ်​ခု​ကို​တည်​လော့။ နွား​ထီး​ခု​နစ်​ကောင်၊ သိုး​ထီး​ခု​နစ်​ကောင်​တို့​ကို​ပြင်​ဆင်​လော့​ဟု ဗာ​လက်​မင်း​အား​ဆို​သည်​အ​တိုင်း၊ 30ဗာ​လက်​မင်း​သည်​ပြု၍၊ ယဇ်​ပ​လ္လင်​တစ်​ခု​တစ်​ခု​အ​ပေါ်​မှာ နွား​တစ်​ကောင်​စီ​နှင့် သိုး​တစ်​ကောင်​စီ​ကို ပူ​ဇော်​လေ၏။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာ 23: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ