YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 11

11
1မ​မှန်​သော​ချိန်​ခွင်​သည် ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​ဖွယ်၊ မှန်​သော​အ​လေး​မူ​ကား၊ နှစ်​သက်​တော်​မူ​ဖွယ် ဖြစ်၏။ 2မာ​န​ထောင်​လွှား​သော​အ​ခါ အ​ရှက်​ကွဲ​ခြင်း​ဖြစ်​တတ်၏။ စိတ်​နှိမ့်​ချ​သော​သူ​တို့၌​ကား ပ​ညာ​ရှိ၏။ 3ဖြောင့်​သော​သ​ဘော​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို ပဲ့​ပြင်​တတ်၏။ ကောက်​သော​သ​ဘော​မူ​ကား၊ လွန်​ကျူး​သော​သူ​တို့​ကို ဖျက်​ဆီး​တတ်၏။ 4အ​မျက်​ဒေါ​သ​ထွက်​သော​ကာ​လ၌ စည်း​စိမ်​ဥ​စ္စာ​သည် အ​ကျိုး​မ​ပေး​နိုင်။ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​မူ​ကား၊ သေ​ခြင်း​မှ ကယ်​တင်​တတ်၏။ 5ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​သည် စုံ​လင်​သော​သူ​တို့​ကို ပဲ့​ပြင်​တတ်၏။ မ​တ​ရား​သော​သူ​မူ​ကား၊ မိ​မိ​မ​တ​ရား​သော​အ​မှု​အား​ဖြင့် ဆုံး​ရှုံး​တတ်၏။ 6ဖြောင့်​မတ်​သော​သူ​တို့၏ ဖြောင့်​မတ်​သော​သ​ဘော​သည် သူ​တို့​ကို ကယ်​တင်​တတ်၏။ လွန်​ကျူး​သော​သူ​တို့​မူ​ကား၊ မိ​မိ​တို့​အ​ဓ​မ္မ၌ ကျော့​မိ​တတ်​ကြ၏။ 7ဆိုး​သော​သူ​သည် သေ​သော​အ​ခါ မျှော်​လင့်​ခြင်း​ပျက်​တတ်၏။ မ​တ​ရား​သော​သူ၏ တောင့်​တ​ခြင်း​လည်း ပျက်​တတ်၏။ 8ဖြောင့်​မတ်​သော​သူ​သည် ဒု​က္ခ​ထဲ​က​ထွက်​မြောက်၍၊ သူ့​ကိုယ်​စား မ​တ​ရား​သော​သူ​ခံ​ရ၏။ 9အ​ဓ​မ္မ​လူ​သည် မိ​မိ​နှုတ်​ဖြင့် မိ​မိ​အိမ်​နီး​ချင်း​ကို​ဖျက်​တတ်၏။ တ​ရား​သော​သူ​မူ​ကား၊ ပ​ညာ​အ​တတ်​အား​ဖြင့် အ​မှု​လွတ်​တတ်၏။ 10တ​ရား​သော​သူ​သည် ကောင်း​စား​သော​အ​ခါ တစ်​မြို့​လုံး​ဝမ်း​မြောက်​ခြင်း​ရှိ၏။ မ​တ​ရား​သော​သူ​သည် ဆုံး​ရှုံး​သော​အ​ခါ​မူ​ကား၊ ကြွေး​ကြော်​ခြင်း​ရှိ၏။ 11တ​ရား​သော​သူ​သည် ကောင်း​ချီး​ပေး​သော​အား​ဖြင့် သူ၏​နေ​ရာ​မြို့​သည် ချီး​မြှောက်​ခြင်း​သို့​လည်း​ကောင်း၊ မ​တ​ရား​သော​သူ၏​နှုတ်​ဖြင့် ဖြို​ဖျက်​ခြင်း​သို့​လည်း​ကောင်း ရောက်​တတ်၏။ 12ပ​ညာ​မဲ့​သော​သူ​သည် မိ​မိ​အိမ်​နီး​ချင်း​ကို မ​ထီ​မဲ့​မြင် ပြု​တတ်၏။ ဉာဏ်​ကောင်း​သော​သူ​မူ​ကား၊ တိတ်​ဆိတ်​စွာ နေ​တတ်၏။ 13လည်၍ စ​ကား​များ​စွာ​ပြော​တတ်​သော​သူ​သည် လျှို့​ဝှက်​အပ်​သော​အ​ရာ​ကို ဖော်​ပြ​တတ်၏။ သ​စ္စာ​စောင့်​သော​သူ​မူ​ကား၊ ဝှက်​ထား​တတ်၏။ 14အ​ကြံ​ပေး​နိုင်​သော ဉာဏ်​မ​ရှိ​လျှင် ပြည်​သား​တို့​သည် ရှုံး​တတ်၏။ အ​ကြံ​ပေး​နိုင်​သော​သူ အ​များ​ရှိ​လျှင်​မူ​ကား၊ ဘေး​လွတ်​တတ်၏။
15အ​ကျွမ်း​မ​ဝင်​သော​သူ၏​အ​မှု၌ အာ​မ​ခံ​သော​သူ​သည် အ​လွန်​နာ​လိမ့်​မည်။ လက်​ဝါး​ချင်း​ရိုက်​သော​အ​မှု​ကို မုန်း​သော​သူ​မူ​ကား၊ စိုး​ရိမ်​စ​ရာ​မ​ရှိ။ 16နှစ်​သက်​ဖွယ်​သော မိန်း​မ​သည် ဂုဏ်​အ​သ​ရေ​ကို​လည်း​ကောင်း၊ ခွန်​အား​ကြီး​သော ယောက်ျား​သည် စည်း​စိမ်​ကို​လည်း​ကောင်း​ရ​တတ်၏။ 17သ​နား​တတ်​သော​သူ​သည် မိ​မိ​ကိုယ်၌​ကျေး​ဇူး​ပြု​တတ်၏။ ကြမ်း​ကြုတ်​သော​သူ​မူ​ကား၊ မိ​မိ​ကိုယ်​ကို​ပင် နှောင့်​ယှက်​တတ်၏။ 18မ​တ​ရား​သော​သူ​ပြု​သော​အ​မှု​သည် အ​မြဲ​မ​တည်​တတ်။ ဖြောင့်​မတ်​ခြင်း​တ​ရား​မျိုး​စေ့​ကို ကြဲ​သော​သူ​မူ​ကား၊ မြဲ​မြံ​သော အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။ 19ဖြောင့်​မတ်​ခြင်း​တ​ရား​သည် အ​သက်​ရှင်​ခြင်း​နှင့် ဆိုင်​သ​ကဲ့​သို့၊ ဒု​စ​ရိုက်​ကို လိုက်​ရှာ​သော​သူ​သည်​လည်း၊ မိ​မိ​သေ​ခြင်း​တိုင်​အောင် လိုက်​ရှာ​တတ်၏။ 20သ​ဘော​ကောက်​သော​သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ ဖြောင့်​သော​လမ်း​သို့ လိုက်​သော​သူ​တို့​ကို​ကား၊ နှစ်​သက်​တော်​မူ၏။ 21လူ​ဆိုး​တို့​သည် အ​သင်း​ဖွဲ့​သော်​လည်း၊ အ​ပြစ်​ဒဏ်​နှင့် မ​လွတ်​ရ​ကြ။ ဖြောင့်​မတ်​သော​သူ​တို့၏ အ​မျိုး​အ​နွယ်​မူ​ကား လွတ်​ရ၏။ 22သ​မ္မာ​သ​တိ​မ​ရှိ၊ အ​ဆင်း​လှ​သော​မိန်း​မ​သည် ဝက်​မ​နှာ​ခေါင်း​ဖျား၌​တပ်​သော ရွှေ​တန်​ဆာ​နှင့်​တူ၏။ 23ဖြောင့်​မတ်​သော​သူ​သည် မြတ်​သော​အ​ရာ​ကို​သာ တောင့်​တ​တတ်၏။ မ​တ​ရား​သော​သူ မျှော်​လင့်​သော​အ​ရာ​မူ​ကား၊ ဒေါ​သ​အ​မျက်​နှင့် ဆိုင်​သ​တည်း။ 24စွန့်​ကြဲ​သော်​လည်း ဥ​စ္စာ​တိုး​ပွား​တတ်​သော​သူ​ရှိ၏။ အ​ထောက်​မ​တန်​စု​သိမ်း၍ ဆင်း​ရဲ​ခြင်း​သို့ ရောက်​တတ်​သော​သူ​လည်း​ရှိ၏။ 25စွန့်​ကြဲ​တတ်​သော​သူ​သည် ကြွယ်​ဝ​လိမ့်​မည်။ သူ​တစ်​ပါး​ကို ရေ​လောင်း​သော​သူ​သည် ကိုယ်​တိုင်​ရေ​လောင်း​ခြင်း​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။ 26စ​ပါး​ကို သို​ထား​သော​သူ​သည် လူ​များ​ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ရောင်း​ချ​သော​သူ၏​ခေါင်း၌​မူ​ကား၊ ကောင်း​ချီး​မင်္ဂ​လာ ရှိ​လိမ့်​မည်။ 27ကောင်း​သော​အ​ရာ​ကို ကြိုး​စား၍​ရှာ​သော​သူ​သည် ကျေး​ဇူး​ကို​ခံ​ရ​လိမ့်​မည်။ သူ့​အ​ကျိုး​ကို​ဖျက်​ခြင်း​ငှာ ရှာ​ကြံ​သော​သူ​မူ​ကား၊ ကိုယ်​အ​ကျိုး​ပျက်​ခြင်း​ရှိ​လိမ့်​မည်။ 28မိ​မိ​စည်း​စိမ်​ကို ကိုး​စား​သော​သူ​သည် ရှုံး​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ သစ်​ခက်​ကဲ့​သို့ စိမ်း​လန်း​လိမ့်​မည်။ 29မိ​မိ​အိမ်​ကို​နှောင့်​ယှက်​သော​သူ​သည် လေ​ကို​အ​မွေ​ခံ​ရ​လိမ့်​မည်။ မိုက်​သော​သူ​သည်​လည်း၊ လိ​မ္မာ​သော​သူ​ထံ၌ ကျွန်​ခံ​ရ​လိမ့်​မည်။ 30ဖြောင့်​မတ်​သော​သူ သီး​သော​အ​သီး​သည် အ​သက်​ပင်​အ​သီး​ဖြစ်၏။ သူ​တစ်​ပါး​တို့၏​စိတ်​ဝိ​ညာဉ်​ကို ရ​သော​သူ​သည်​လည်း ပ​ညာ​ရှိ​ဖြစ်၏။ 31ဖြောင့်​မတ်​သော​သူ​သော်​လည်း မြေ​ကြီး​ပေါ်​မှာ အ​ပြစ်​ဒဏ်​ကို​ခံ​ရ၏။ မ​တ​ရား​သော​သူ​နှင့် အ​ပြစ်​ထင်​ရှား​သော​သူ​ကို​မူ​ကား၊ အ​ဘယ်​ဆို​ဖွယ်​ရာ​ရှိ​သ​နည်း။#၁​ပေ၊ ၄း၁၈။

လက်ရှိရွေးချယ်ထားမှု

သုတ္တံ 11: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ