သုတ္တံ 26
26
1နွေကာလ၌ မိုးပွင့်ကဲ့သို့လည်းကောင်း၊ စပါးရိတ်ရာကာလ၌ မိုးရေကဲ့သို့လည်းကောင်း၊ မိုက်သောသူသည် ဂုဏ်အသရေကို မခံသင့်။ 2စာငှက်သည် အရပ်ရပ်လှည့်လည်၍၊ ဇရက်သည်လည်း ပျံသွားသကဲ့သို့၊ ထိုနည်းတူ အကြောင်းမရှိသော ကျိန်ဆဲခြင်းသည် မသင့်မရောက်တတ်။ 3မြင်းဖို့နှင်တံ၊ မြည်းဖို့ဇက်ကြိုး၊ မိုက်သောသူ၏ကျောဖို့ ကြိမ်လုံးသည် သင့်ပေ၏။ 4မိုက်သောသူ၏သဘောသို့လိုက်၍၊ သူ၏စကားကို မချေနှင့်။ ထိုသို့ချေလျှင် သူနှင့်တူလိမ့်မည်။ 5မိုက်သောသူ၏သဘောသို့လိုက်၍ သူ၏စကားကို ချေလော့။ သို့မဟုတ်၊ သူသည် ဝါကြွားသောစိတ် ရှိလိမ့်မည်။ 6မိုက်သောသူတွင် မှာလိုက်သောသူသည် ကိုယ်ခြေကိုဖြတ်၍ အကျိုးနည်းရှိ၏။ 7သုတ္တံစကားကို မိုက်သောသူ ပြောခြင်းသည် ခြေဆွံ့သောသူ၏ ခြေကြွခြင်းကဲ့သို့ ဖြစ်၏။ 8မိုက်သောသူကို ချီးမြှောက်ခြင်းသည် ကျောက်ပုံ၌ ကျောက်မြတ်ကို ပစ်ထားခြင်းကဲ့သို့ ဖြစ်၏။ 9ဆူးသည် ယစ်မူးသောသူ၏ လက်ကိုစူးသကဲ့သို့၊ သုတ္တံစကားသည် မိုက်သောသူ၏နှုတ်၌ရှိ၏။ 10ကြီးသောသူသည် ခပ်သိမ်းသောသူတို့ကို တုန်လှုပ်စေတတ်၏။ မိုက်သောသူနှင့် ပြစ်မှားတတ်သောသူတို့ကို စေသုံးတတ်၏။ 11ခွေးသည် မိမိအန်ဖတ်ကို ပြန်၍စားတတ်သကဲ့သို့၊ မိုက်သောသူသည် မိုက်သောအကျင့်ကို ပြန်၍ ကျင့်တတ်၏။#၂ပေ၊ ၂း၂၂။ 12ငါသည် ပညာရှိ၏ဟုထင်သောသူရှိလျှင်၊ ထိုသူ၌ မျှော်လင့်စရာ အခွင့်ရှိသည်ထက်၊ မိုက်သောသူ၌ သာ၍ မျှော်လင့်စရာအခွင့်ရှိ၏။ 13ပျင်းရိသောသူက၊ အိမ်ပြင်မှာ ခြင်္သေ့ရှိ၏။ လမ်းတို့၌ ခြင်္သေ့ရှိ၏ဟု ဆိုတတ်၏။ 14တံခါးရွက်သည် စရွေး၌လည်သကဲ့သို့ ပျင်းရိသောသူသည် အိပ်ရာပေါ်မှာ လည်တတ်၏။ 15ပျင်းရိသောသူသည် မိမိလက်ကို အိုး၌သွင်းသော်လည်း၊ တစ်ဖန်နုတ်၍ မိမိပါးစပ်သို့ ခွံ့ရလျှင် စိတ်ညစ်တတ်၏။ 16ပျင်းရိသောသူက၊ ငါသည် အကျိုးအကြောင်းကို ပြတတ်သောသူ ခုနစ်ယောက်ထက်သာ၍ ပညာရှိသည်ဟု ကိုယ်ကိုထင်တတ်၏။
17လမ်း၌လျှောက်သွား၍ မိမိမဆိုင်သောအမှုကို ရောနှောသောသူသည် ခွေးနားရွက်ကို ကိုင်ဆွဲသောသူနှင့် တူ၏။ 18ငါကျီစားရုံမျှသာ ပြုသည်ဟုဆိုလျက်၊ 19မိမိအိမ်နီးချင်းကို လှည့်စားသောသူသည် မီးစ၊ မြား၊ သေဘေးကို ပစ်တတ်သောအရူးနှင့်တူ၏။ 20ထင်းမရှိလျှင် မီးသေတတ်သကဲ့သို့ ကုန်းတိုက်သောသူမရှိလျှင် ရန်ငြိမ်းတတ်၏။ 21မီးခဲချင်း ပြုသကဲ့သို့လည်းကောင်း၊ ထင်းသည် မီးကို မွေးသကဲ့သို့လည်းကောင်း၊ ရန်တွေ့တတ်သောသူသည် ခိုက်ရန်မှုကို ပြုစုတတ်၏။ 22ကုန်းတိုက်သောသူ၏စကားသည် မြိန်သော ခဲဖွယ်စားဖွယ်ကဲ့သို့ ဖြစ်၍၊ ဝမ်းအတွင်းသို့ ဝင်တတ်၏။ 23ချစ်အားကြီးသောနှုတ်နှင့်၊ ဆိုးညစ်သောစိတ်နှလုံးသည် ချော်မွမ်းမံသော အိုးခြမ်းနှင့်တူ၏။ 24အငြိုးထားသောသူသည် နှုတ်ဖြင့်လျှို့ဝှက်၍၊ ကိုယ်ထဲမှာ လှည့်စားသောသဘောကို ဝှက်ထားတတ်၏။ 25ထိုသို့သောသူ၏ စကားသည် ချိုသော်လည်း မယုံနှင့်။ သူ၏စိတ်နှလုံးထဲမှာ စက်ဆုပ်ရွံရှာဖွယ်သော အရာခုနစ်ပါးရှိ၏။ 26အငြိုးထားခြင်းကို လှည့်စားခြင်းအားဖြင့် ဝှက်ထားသောသူ၏ဒုစရိုက်အပြစ်သည် ပရိသတ်ရှေ့မှာ ထင်ရှားလိမ့်မည်။ 27တွင်းတူးသောသူသည် မိမိတွင်းထဲသို့ကျလိမ့်မည်။ ကျောက်ကို လှိမ့်သောသူအပေါ်သို့ ထိုကျောက်သည် ပြန်၍လိမ့်လိမ့်မည်။ 28မုသားပြောတတ်သောသူသည် မိမိညှဉ်းဆဲသောသူတို့ကို မုန်းတတ်၏။ ချော့မော့တတ်သောသူသည်လည်း ဖျက်ဆီးတတ်၏။
လက်ရှိရွေးချယ်ထားမှု
သုတ္တံ 26: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.

: