ဆာလံ 104
104
ဖန်ဆင်းခြင်းအရှင်
1အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် အလွန်ကြီးမြတ်တော်မူ၏။ ဘုန်းတန်ခိုးအာနုဘော်နှင့် တန်ဆာဆင်တော်မူ၏။ 2အဝတ်နှင့်ခြုံသကဲ့သို့၊ အလင်းနှင့် ကိုယ်တော်ကိုခြုံတော်မူထသော၊ မိုးကောင်းကင်ကို မျက်နှာကြက်ကဲ့သို့ ကြက်တော်မူထသော၊ 3နေတော်မူရာအထက်ခန်း၊ အမြစ်ကိုရေ၌ တည်တော်မူထသော၊ မိုးတိမ်ရထားကိုစီး၍၊ လေအတောင်တို့ဖြင့် ကြွသွားတော်မူထသော၊ 4မိမိတမန်တို့ကို လေကဲ့သို့လည်းကောင်း၊ မိမိအစေအပါတို့ကို မီးလျှံကဲ့သို့လည်းကောင်း ဖြစ်စေတော်မူထသော၊#ဟေဗြဲ၊ ၁:၇။ 5မြေကြီးအမြစ်ကို ကာလအစဉ်အမြဲ မရွေ့မလှုပ်စေခြင်းငှာ၊ တည်တော်မူသောဘုရားပေတည်း။
6ကိုယ်တော်သည် မြေကြီးကို အဝတ်နှင့်ဖုံးသကဲ့သို့၊ ပင်လယ်နှင့် ဖုံးတော်မူ၍၊ ရေတို့သည် တောင်များအပေါ်မှာ ရပ်နေကြပါ၏။ 7တစ်ဖန်ဆုံးမတော်မူ၍ သူတို့သည် ပြေးကြပါ၏။ မိုးချုန်းတော်မူသံကိုကြား၍၊ အလျင်အမြန် ပြန်သွားကြပါ၏။ 8တောင်တို့သည် တက်လျက်၊ ချိုင့်တို့သည်ဆင်းလျက်၊ သူတို့ဖို့ ခွဲခန့်တော်မူသော အရပ်သို့ ရောက်ကြပါ၏။ 9ရေတို့သည် ပြန်လာ၍ မြေကြီးကို မလွှမ်းမိုးစေခြင်းငှာ၊ မကျော်ရသောနယ်စပ်ကို ပိုင်းခြားတော်မူ၏။
10ထာဝရဘုရားသည် ချိုင့်များထဲသို့ စမ်းရေကိုလွှတ်တော်မူ၍၊ ရေသည် တောင်တို့တွင်စီးလျက်၊ 11မြေတိရစ္ဆာန်အပေါင်းတို့အား သောက်ရသောအခွင့်ကို ပေး၏။ မြည်းရိုင်းတို့သည် အငတ်ပြေရကြ၏။ 12ထိုရေအနားမှာ မိုးကောင်းကင်ငှက်တို့သည် နေရာကျ၍၊ သစ်ပင်အခက်အလက်တို့တွင် ကြွေးကြော်ကြ၏။ 13အထက်ခန်းတော်ထဲက တောင်များကို ရေပေးတော်မူ၏။ စီရင်ပြုပြင်တော်မူခြင်းအကျိုးကြောင့်၊ မြေကြီးသည် ရောင့်ရဲလျက်ရှိ၏။ 14တိရစ္ဆာန်ဖို့ မြက်ပင်ကိုလည်းကောင်း၊ လူသုံးဖို့ စပါးပင်ကိုလည်းကောင်း ပေါက်စေတော်မူသဖြင့်၊ မြေကြီးထဲက မုန့်ကိုထုတ်ဖော်တော်မူ၏။ 15စပျစ်ရည်သည်လည်း လူတို့ကို ရွှင်လန်းစေ၏။ ဆီအားဖြင့်လည်း သူတို့မျက်နှာကို ပြောင်စေတော်မူ၏။ မုန့်သည်လည်း၊ သူတို့နှလုံးကိုထောက်မ၏။ 16ထာဝရဘုရား၏ သစ်ပင်၊ စိုက်တော်မူသော လေဗနုန်အာရဇ်ပင်တို့သည်လည်း ရောင့်ရဲလျက်ရှိကြ၏။ 17ထိုအပင်တို့၌ ငှက်တို့သည် အသိုက်လုပ်တတ်ကြ၏။ ထင်းရှူးပင်တို့၌ တောငန်းတို့သည် နေရာကျတတ်ကြ၏။ 18မြင့်သောတောင်တို့သည် တောဆိတ်များမှီခိုရာ၊ ကျောက်တို့သည် ရှာဖန်ယုန်များ မှီခိုရာ ဖြစ်ကြ၏။ 19ချိန်းချက်သောအချိန်ဖို့၊ လကို ဖန်ဆင်းတော်မူပြီ။ နေသည်လည်း၊ မိမိဝင်ရသော အချိန်ကိုသိ၏။
20ကိုယ်တော်သည် မှောင်မိုက်ကို စီရင်တော်မူ၍ ညဖြစ်ပါ၏။ ထိုအချိန်၌ တောတိရစ္ဆာန်အပေါင်းတို့သည်တွားလျက် ထွက်တတ်ကြပါ၏။ 21ခြင်္သေ့ပျိုတို့သည် လုယက်ခြင်းအလိုငှာဟောက်၍၊ ဘုရားသခင့်ထံမှာ အစာကို ရှာကြပါ၏။ 22တစ်ဖန် နေထွက်ပြန်လျှင်၊ သူတို့သည် ဆုတ်သွား၍ နေမြဲတွင်းတို့၌ အိပ်နေကြပါ၏။ 23လူသည်လည်း လုပ်ဆောင်ပြုမူခြင်းငှာ ညဉ့်ဦးတိုင်အောင် ထွက်သွားပါ၏။ 24အို ထာဝရဘုရား၊ ကိုယ်တော်စီရင် ပြုပြင်တော်မူသောအရာတို့သည် အလွန်များပြားပါ၏။ ရှိရှိသမျှတို့ကို ပညာတော်အားဖြင့် ဖန်ဆင်းတော်မူ၏။ မြေကြီးသည် ဘဏ္ဍာတော်နှင့် ကြွယ်ဝပါ၏။ 25မရေတွက်နိုင်အောင် တွားတတ်သောတိရစ္ဆာန်အစရှိသော တိရစ္ဆာန်အကြီးအငယ်အများတို့နေရာ ကြီးမားကျယ်ဝန်းသော သမုဒ္ဒရာလည်းရှိပါသေး၏။ 26ထိုအရပ်၌ သင်္ဘောတို့သည် သွားလာကြပါ၏။ ထိုအရပ်၌ ကွန့်မြူးစေခြင်းငှာ ဖန်ဆင်းတော်မူသော ငါးကြီးလဝိသန်သည်လည်းရှိပါ၏။#ယောဘ၊ ၄၁:၁၊ ဆာ၊ ၇၄:၁၄၊ ဟေရှာ၊ ၂၇:၁။ 27ထိုသို့သော တိရစ္ဆာန်အပေါင်းတို့သည် အချိန်တန်လျှင် အစာကျွေးတော်မူစေခြင်းငှာ၊ ကိုယ်တော်ကို မျှော်လင့်လျက်နေကြပါ၏။ 28ကိုယ်တော်ချထားတော်မူသည်အတိုင်း သူတို့သည် သိမ်းယူကြပါ၏။ လက်တော်ကို ဖွင့်တော်မူသောအားဖြင့်၊ သူတို့သည် ကောင်းသောအရာနှင့် ရောင့်ရဲကြပါ၏။ 29မျက်နှာတော်ကိုလွှဲတော်မူလျှင်၊ သူတို့သည် ပင်ပန်းကြပါ၏။ သူတို့အသက်ကို ရုပ်သိမ်းတော်မူလျှင်၊ သူတို့သည်သေ၍ မိမိတို့မြေမှုန့်ထဲသို့ ပြန်သွားကြပါ၏။ 30တစ်ဖန်ဝိညာဉ်တော်ကိုလွှတ်၍၊ သူတို့ကိုဖန်ဆင်းတော်မူသဖြင့်၊ မြေကြီးမျက်နှာကို အသစ်ပြုပြင်တော်မူ၏။
31ထာဝရဘုရား၏ဘုန်းတော်သည် နိစ္စအမြဲတည်၏။ ထာဝရဘုရားသည် မိမိအမှုတော်တို့တွင် ဝမ်းမြောက်တော်မူ၏။ 32မြေကြီးကို ကြည့်ရှုတော်မူ၍ သူသည် တုန်လှုပ်တတ်၏။ တောင်တို့ကိုတို့တော်မူ၍၊ သူတို့သည် မီးခိုးထွက်တတ်ကြပါ၏။ 33ငါသည် အသက်ရှင်စဉ်၊ ထာဝရဘုရားကိုသီချင်းဆိုမည်။ ငါဖြစ်သည် ကာလပတ်လုံး၊ ငါ၏ဘုရားသခင်ကို ထောမနာသီချင်းဆိုမည်။ 34ငါဥဒါန်းကျူးခြင်းအသံသည် နှစ်သက်တော်မူဖွယ်ဖြစ်၍၊ ထာဝရဘုရား၌ ငါရွှင်လန်းလိမ့်မည်။ 35ပြစ်မှားသောသူတို့ကို မြေကြီးမှသုတ်သင်ပယ်ရှင်း၍၊ မတရားသောသူတို့သည် နောက်တစ်ဖန်မဖြစ်ရကြ။ အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။ ဟာလေလုယ။
လက်ရှိရွေးချယ်ထားမှု
ဆာလံ 104: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.

: