YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 108

108
အောင်​မြင်​ခြင်း​အ​တွက်​ချီး​မွမ်း​ခြင်း
1အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​နှ​လုံး​သည် တည်​ကြည်​ပါ၏။ သီ​ချင်း​ဆို​ပါ​မည်။ ဝိ​ညာဉ်​ပါ​လျက် ချီး​မွမ်း​ထော​မ​နာ​ပြု​ပါ​မည်။ 2တ​ယော​နှင့် စောင်း​တို့၊ နိုး​ကြ​လော့။ ငါ​လည်း စော​စော​နိုး​မည်။ 3အို ထာ​ဝ​ရ​ဘု​ရား၊ ပ​ရိ​သတ်​အ​လယ်၌ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ လူ​မျိုး​တို့​တွင် ကိုယ်​တော်​အား ထော​မ​နာ​သီ​ချင်း ဆို​ပါ​မည်။ 4အ​ကြောင်း​မူ​ကား၊ က​ရု​ဏာ​တော်​သည် ကောင်း​ကင်​သို့​လည်း​ကောင်း၊ သ​စ္စာ​တော်​သည် မိုး​တိမ်​သို့​လည်း​ကောင်း မီ​ပါ၏။ 5အို ဘု​ရား​သ​ခင်၊ ကောင်း​ကင်​မြင့်​သည်​ထက် ကိုယ်​တော်​ကြီး​မြင့်​တော်​မူ​စေ​သ​တည်း။ မြေ​ကြီး​တစ်​ပြင်​လုံး​ကို ဘုန်း​တော် လွှမ်း​မိုး​ပါ​စေ​သ​တည်း။ 6ချစ်​တော်​မူ​သော သူ​တို့​သည် ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်၍၊ လက်​ယာ​လက်​ရုံး​တော်​အား​ဖြင့် ကယ်​တင်​တော်​မူ​ပါ။
7သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​တော်​ကို တိုင်​တည်၍၊ ဘု​ရား​သ​ခင်​သည် ဗျာ​ဒိတ်​ထား​တော်​မူ​သော​ကြောင့်၊ ငါ​သည် ဝမ်း​မြောက်​မည်။ ရှေ​ခင်​မြို့​ကို ပိုင်း​ခြား​မည်။ သု​ကုတ်​လယ်​ပြင်​ကို​တိုင်း​ထွာ​မည်။ 8ဂိ​လဒ်​ပြည်​ကို ငါ​ပိုင်​ရ၏။ မ​နာ​ရှေ​ပြည်​ကို​လည်း ငါ​ပိုင်​ရ၏။ ဧ​ဖ​ရိမ်​ပြည်​ကား ငါ့​ဦး​ခေါင်း၏​အ​စွမ်း​ဖြစ်​ရ၏။ ယု​ဒ​ပြည်​ကား ငါ၏​လွှတ်​တော်​ဖြစ်​ရ၏။ 9မော​ဘ​ပြည်​ကား ငါ့​ရေ​ချိုး​အိုး ဖြစ်​ရ၏။ ဧ​ဒုံ​ပြည်​ကား ငါ့​ခြေ​နင်း​ရာ ဖြစ်​ရ၏။ ဖိ​လိ​တ္တိ​ပြည်​အ​ပေါ်​မှာ အောင်​သံ​နှင့် ကြွေး​ကြော်​မည်။ 10အား​ကြီး​သော မြို့​ထဲ​သို့ ငါ့​ကို အ​ဘယ်​သူ​သွင်း​ပေး​မည်​နည်း။ ဧ​ဒုံ​ပြည်​သို့ ငါ့​ကို အ​ဘယ်​သူ​လမ်း​ပြ​မည်​နည်း။ 11အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​ကို စွန့်​ပစ်​တော်​မူ​သော ကိုယ်​တော်​သည် ပြု​တော်​မူ​မည်​မ​ဟုတ်​လော။ အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့ ဗိုလ်​ခြေ​နှင့်​အ​တူ ကြွ​တော်​မ​မူ​သော ကိုယ်​တော်​သည် ပြု​တော်​မူ​မည် မ​ဟုတ်​လော။ 12ဒု​က္ခ​နှင့်​ကင်း​လွတ်​စေ​ခြင်း​ငှာ မ​စ​တော်​မူ​ပါ။ လူ​တို့​သည် ကယ်​တင်​ခြင်း​ငှာ မ​တတ်​နိုင်​ကြ​ပါ။ 13ဘု​ရား​သ​ခင်​အား​ဖြင့် ငါ​တို့​သည် ရဲ​ရင့်​စွာ​ပြု​ကြ​မည်။ ငါ​တို့၏​ရန်​သူ​များ​ကို ကိုယ်​တော်​တိုင်​နင်း​တော်​မူ​မည်။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 108: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ