ဆာလံ 114
114
ပသခါပွဲတော်သီချင်း
1ဣသရေလအမျိုး၊ ယာကုပ်အနွယ်သည် ရိုင်းသောလူမျိုးနေရာ အဲဂုတ္တုပြည်ကထွက်သွားသောအခါ၊#ထွ၊ ၁၂:၅၁။ 2ယုဒအမျိုးသည် သန့်ရှင်းရာဌာနတော်ဖြစ်၏။ ဣသရေလအမျိုးသည် နိုင်ငံတော်ဖြစ်၏။ 3ပင်လယ်သည် မြင်၍ပြေးလေ၏။ ယော်ဒန်မြစ်လည်း နောက်သို့လှည့်လေ၏။#ထွ၊ ၁၄:၂၁၊ ယောရှု၊ ၃:၁၆။ 4တောင်ကြီးတို့သည် သိုးကဲ့သို့လည်းကောင်း၊ တောင်ငယ်တို့သည် သိုးသငယ်ကဲ့သို့လည်းကောင်း ခုန်ကြ၏။ 5အချင်းပင်လယ်၊ သင်ပြေးသည်အကြောင်း၊ အချင်းယော်ဒန်မြစ်၊ သင်သည် နောက်သို့လှည့်သည်အကြောင်း၊ 6အချင်းတောင်ကြီးတို့၊ သင်တို့သည် သိုးကဲ့သို့ခုန်ကြသည်အကြောင်း၊ အချင်းတောင်ငယ်တို့၊ သင်တို့သည် သိုးသငယ်ကဲ့သို့ခုန်ကြသည်အကြောင်းကား အဘယ်သို့နည်း။ 7အိုမြေကြီး၊ အရှင်၏မျက်နှာတော်ရှေ့၊ ယာကုပ်အမျိုးကိုးကွယ်သော ဘုရားသခင်၏မျက်နှာတော်ရှေ့မှာ တုန်လှုပ်လျက်နေလော့။ 8ဘုရားသခင်သည် ကျောက်ကိုရေကန်၊ မီးကျောက်ကို စမ်းရေတွင်းဖြစ်စေတော်မူသတည်း။#ထွ၊ ၁၇:၁-၇၊ တော၊ ၂၀:၂-၁၃။
လက်ရှိရွေးချယ်ထားမှု
ဆာလံ 114: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.

: