YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 119:81-128

ဆာလံ 119:81-128 JBMLE

အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို တောင့်​တ​လျက်​နှင့် ခွန်​အား​လျော့​ပါ၏။ သို့​သော်​လည်း၊ နှုတ်​က​ပတ်​တော်​ကို မျှော်​လင့်​ပါ၏။ အ​ကျွန်ုပ်​ကို အ​ဘယ်​ကာ​လ​မှ ချမ်း​သာ​ပေး​တော်​မူ​ပါ​မည်​နည်း​ဟူ၍၊ အ​ကျွန်ုပ်​မျက်​စိ​တို့​သည် ဗျာ​ဒိတ်​တော်​ကို မျှော်​လင့်​လျက် အား​ကုန်​ပါ​၏။ မီး​ခိုး၌​ရှိ​သော သား​ရေ​ဘူး​ကဲ့​သို့ အ​ကျွန်ုပ်​ဖြစ်​ပါ၏။ သို့​သော်​လည်း၊ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို မ​မေ့​မ​လျော့​ပါ။ ကိုယ်​တော်၏​ကျွန်​နေ​ရ​သော နေ့​ရက်​ကာ​လ အ​ဘယ်​မျှ​လောက် ကြာ​ရ​ပါ​မည်​နည်း။ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​သူ​တို့​အား၊ အ​ဘယ်​ကာ​လ​မှ တ​ရား​ဆုံး​ဖြတ်​တော်​မူ​မည်​နည်း။ မာ​န​ကြီး​သော​သူ၊ ကိုယ်​တော်၏​တ​ရား​ကို လွန်​ကျူး​သော သူ​တို့​သည် အ​ကျွန်ုပ်​အ​ဖို့ တွင်း​များ​ကို တူး​ကြ​ပါ​ပြီ။ အ​လုံး​စုံ​သော ပ​ညတ်​တော်​တို့​သည် သ​စ္စာ​နှင့် ပြည့်​စုံ​ကြ​ပါ၏။ သူ​တစ်​ပါး​တို့​သည် အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​ကြ​သည်​ဖြစ်၍၊ မ​စ​တော်​မူ​ပါ။ သူ​တို့​သည် အ​ကျွန်ုပ်​ကို မြေ​ကြီး​ပေါ်​က သုတ်​သင်​ပယ်​ရှင်း​လု​ပါ​ပြီ။ သို့​သော်​လည်း၊ ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​များ​ကို အ​ကျွန်ုပ်​မ​စွန့်​ပါ။ က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။ နှုတ်​တော်​ထွက် ဗျာ​ဒိတ်​တော်​ကို စောင့်​ပါ​မည်။ အို​ထာ​ဝ​ရ​ဘု​ရား၊ နှုတ်​က​ပတ်​တော်​သည် ကောင်း​ကင်​ဘုံ၌ အ​စဉ်​အ​မြဲ​တည်​ပါ၏။ သ​စ္စာ​တော်​သည် လူ​မျိုး​အ​ဆက်​ဆက် မြဲ​မြံ​ပါ၏။ မြေ​ကြီး​ကို တည်​စေ​တော်​မူ​သ​ဖြင့်၊ သူ​သည် အ​မြဲ​နေ​ပါ၏။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ကိုယ်​တော်၏​ကျွန်​ဖြစ်၍ စီ​ရင်​တော်​မူ​သည်​နှင့်​အ​ညီ၊ ယ​နေ့​တိုင်​အောင် အ​မြဲ​နေ​ကြ​ပါ၏။ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​တ​ရား၌ မွေ့​လျော်​ခြင်း​မ​ရှိ​လျှင်၊ အ​ထက်​က​ဆင်း​ရဲ​ခံ​စဉ် ပျက်​စီး​ပါ​ပြီ။ ကိုယ်​တော်၏ ဥ​ပ​ဒေ​များ​ကို အ​စဉ်​မ​မေ့​မ​လျော့​နိုင်​ပါ။ အ​ကြောင်း​မူ​ကား၊ ထို​ဥ​ပ​ဒေ​သ​များ​အား​ဖြင့်၊ အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ၏။ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​ကျွန်​ဖြစ်​ပါ၏။ ကိုယ်​တော်၏​ဥ​ပ​ဒေ​သ​များ​ကို ရှာ​ဖွေ​လိုက်​စစ်​သော​ကြောင့် အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ မ​တ​ရား​သော​သူ​တို့​သည် စောင့်​လျက်​နေ​ကြ​ပါ၏။ သို့​သော်​လည်း၊ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ်​ဆင်​ခြင် အောက်​မေ့​ပါ​မည်။ ခပ်​သိမ်း​သော စုံ​လင်​ခြင်း၏​အ​ဆုံး​ကို အ​ကျွန်ုပ် မြင်​ပါ​ပြီ။ ပ​ညတ်​တ​ရား​တော်​မူ​ကား၊ အ​လွန်​ကျယ်​ဝန်း​ပါ၏။ ကိုယ်​တော်၏​တ​ရား​ကို အ​ကျွန်ုပ်​သည် အ​လွန် နှစ်​သက်​ပါ၏။ တစ်​နေ့​လုံး ဆင်​ခြင်​အောက်​မေ့​လျက် နေ​ပါ၏။ ပ​ညတ်​တ​ရား​တော်​သည် အ​ကျွန်ုပ်၏​ရန်​သူ​တို့​ထက်၊ အ​ကျွန်ုပ်​ကို​သာ၍ ပ​ညာ​ရှိ​စေ​ပါ၏။ ပ​ညတ်​တ​ရား​တော်​သည် အ​ကျွန်ုပ်၌ အ​စဉ်​တည်​ပါ၏။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ်​သည် ဆင်​ခြင်​အောက်​မေ့​သော​ကြောင့်၊ အ​ကျွန်ုပ်၏ ဆ​ရာ​အ​ပေါင်း​တို့​ထက် သာ၍​နား​လည်​ပါ၏။ ကိုယ်​တော်၏​ဥ​ပ​ဒေ​သ​များ​ကို စောင့်​သော​ကြောင့်၊ အ​သက်​ကြီး​သူ​တို့​ထက် သာ၍ ဉာဏ်​ကောင်း​ပါ၏။ နှုတ်​က​ပတ်​တော်​ကို စောင့်​လို​သော​ငှာ၊ မ​ကောင်း​သော​လမ်း​ရှိ​သ​မျှ​တို့​ကို လွှဲ​ရှောင်​ပါ၏။ ကိုယ်​တော်​သည် သွန်​သင်​တော်​မူ​သော​ကြောင့်၊ စီ​ရင်​တော်​မူ​ချက်​တို့​မှ အ​ကျွန်ုပ်​လွှဲ၍ မ​သွား​ပါ။ မိန့်​တော်​မူ​ချက်​တို့​သည် အ​ကျွန်ုပ်​အာ​ခေါင်၌ အ​လွန်​ချို​ကြ​ပါ၏။ ခံ​တွင်း​ထဲ​မှာ ပျား​ရည်​ထက်​သာ၍ ချို​ကြ​ပါ​၏။ ကိုယ်​တော်​၏ ဥ​ပ​ဒေ​သ​များ​အား​ဖြင့်၊ အ​ကျွန်ုပ်​သည် ဉာဏ်​တိုး​ပွား၍၊ မိ​စ္ဆာ​လမ်း​ရှိ​သ​မျှ​တို့​ကို မုန်း​ပါ၏။ နှုတ်​က​ပတ်​တော်​သည် အ​ကျွန်ုပ်​ခြေ​ရှေ့​မှာ မီး​ခွက်​ဖြစ်၍၊ အ​ကျွန်ုပ်​လမ်း​ခ​ရီး​ကို လင်း​စေ​ပါ၏။ ဖြောင့်​မတ်​စွာ စီ​ရင်​တော်​မူ​ချက်​တို့​ကို စောင့်​ပါ​မည်​ဟု အ​ကျွန်ုပ်​ကျိန်​ဆို​သည် အ​တိုင်း​ပြု​ပါ​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် အ​လွန်​ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​ပါ၏။ နှုတ်​က​ပတ်​တော်​အ​တိုင်း အ​သက်​ရှင်​စေ​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် စေ​တ​နာ​စိတ်​ရှိ၍၊ ကိုယ်​နှုတ်​နှင့်​ဆက်​သော ပူ​ဇော်​သ​ကာ​တို့​ကို နှစ်​သက်​တော်​မူ​ပါ၏။ စီ​ရင်​တော်​မူ​ချက်​တို့​ကို​လည်း၊ အ​ကျွန်ုပ်၌ သွန်​သင်​တော်​မူ​ပါ​ဟု တောင်း​ပန်​ပါ​၏။ အ​ကျွန်ုပ်​အ​သက်​သည် ကိုယ်​လက်၌ အ​စဉ်​ရှိ​ပါ၏။ သို့​သော်​လည်း၊ တ​ရား​တော်​ကို မ​မေ့​မ​လျော့​ပါ။ မ​တ​ရား​သော​သူ​တို့​သည် အ​ကျွန်ုပ်​ဖို့ ကျော့​ကွင်း​ကို ထောင်​ထား​ကြ​ပါ၏။ သို့​သော်​လည်း၊ ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​များ​မှ လွှဲ၍​မ​သွား​ပါ။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​သည် အ​ကျွန်ုပ်​နှ​လုံး​ရွှင်​လန်း​ရာ​ဖြစ်၍၊ ကိုယ်​အ​မွေ​ဥ​စ္စာ​ဖို့ အ​စဉ်​အ​မြဲ ခံ​ယူ​ပါ၏။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို အ​ဆုံး​တိုင်​အောင် အ​စဉ် လိုက်​ခြင်း​အ​လို​ငှာ၊ ကိုယ်​စိတ်​နှ​လုံး​ကို တိုက်​တွန်း​ပါ၏။ အ​ကျွန်ုပ်​သည် အ​ဓ​မ္မ​လူ​တို့​ကို မုန်း​၍၊ ကိုယ်​တော်၏​တ​ရား​ကို နှစ်​သက်​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​အ​ကွယ်​အ​ကာ၊ အ​ကျွန်ုပ်၏​ဒိုင်း​လွှား ဖြစ်​တော်​မူ၏။ နှုတ်​က​ပတ်​တော်​ကို မျှော်​လင့်​လျက်​နေ​ပါ၏။ ဒု​စ​ရိုက်​ကို ပြု​သော​သူ​တို့၊ ငါ့​ထံ​မှ ဖယ်​သွား​ကြ။ ငါ​သည် ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​တို့​ကို ကျင့်​စော​င့်​မည်။ အ​ကျွန်ုပ်​သည် အ​သက်​ရှင်​ပါ​မည်​အ​ကြောင်း၊ မိန့်​တော်​မူ​ချက်​အ​တိုင်း ထောက်​မ​တော်​မူ​ပါ။ အ​ကျွန်ုပ် မျှော်​လင့်​ခြင်း​အ​ကြောင်း​မှ မ​ရှက်​မ​ကြောက်​ပါ​စေ​နှင့်။ အ​ကျွန်ုပ်​သည် ချမ်း​သာ​ရ​ပါ​မည်​အ​ကြောင်း မ​စ​တော်​မူ​ပါ။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို အ​စဉ်​အ​မြဲ ထောက်​ရှု​ပါ​မည်။ အ​ထုံး​အ​ဖွဲ့​တော်​တို့​မှ လွှဲ​သွား​သ​မျှ​သော​သူ​တို့​ကို ပယ်​တော်​မူ၏။ သူ​တို့​ပ​ရိ​ယာယ်​သည် မု​သား​ဖြစ်​ပါ၏။ မ​တ​ရား​သော မြေ​သား​အ​ပေါင်း​တို့​ကို ချော်​ကဲ့​သို့ မှတ်​တော်​မူ၏။ ထို​ကြောင့် သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ်​နှစ်​သက်​ပါ၏။ ကိုယ်​တော်​ကို ထိတ်​လန့်​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် ကြက်​သီး​မွေး​ညင်း​ထ၍၊ စီ​ရင်​တော်​မူ​ချက်​တို့​မှ ကြောက်​ပါ၏။ အ​ကျွန်ုပ်​သည် တ​ရား​ဆုံး​ဖြတ်​ခြင်း၊ ဖြောင့်​မတ်​စွာ စီ​ရင်​ခြင်း​ကို ပြု​ပါ​ပြီ။ ညှဉ်း​ဆဲ​သော သူ​တို့​လက်၌ အ​ကျွန်ုပ်​ကို ပစ်​ထား​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်၏ ကျွန်​အ​ဖို့​အ​လို​ငှာ အာ​မ​ခံ​တော်​မူ​ပါ။ မာ​န​ကြီး​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို မ​နှိပ်​စက်​ကြ​ပါ​စေ​နှင့်။ ကယ်​တင်​တော်​မူ​ခြင်း ကျေး​ဇူး​ကို​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​နှင့် ယှဉ်​သော ဗျာ​ဒိတ်​တော်​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​မျက်​စိ​သည်​မျှော်၍ အား​ကုန်​ပါ​ပြီ။ က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း၊ ကိုယ်​တော်၏​ကျွန်၌​ပြု၍၊ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို သွန်​သင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​ကျွန်​ဖြစ်​ပါ၏။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို နား​လည်​နိုင်​သော ဉာဏ်​ကို ပေး​သ​နား​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ စီ​ရင်​တော်​မူ​ချိန် ရောက်​ပါ​ပြီ။ သူ​တစ်​ပါး​များ​တို့​သည် တ​ရား​တော်​ကို ပယ်​ကြ​ပါ၏။ အ​ကျွန်ုပ်​မူ​ကား၊ ပ​ညတ်​တော်​တို့​ကို ရွှေ​ထက်​မ​က၊ ရွှေ​စင်​ထက် သာ၍ နှစ်​သက်​ပါ၏။ သို့​ဖြစ်​လျှင်၊ ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​အ​လုံး​စုံ​တို့​သည် ဖြောင့်​ကြ​သည်​ဟု ထင်​မှတ်​လျက်၊ မိ​စ္ဆာ​လမ်း​ရှိ​သ​မျှ​တို့​ကို မုန်း​ပါ၏။