ဆာလံ 120
120
ကူမတော်မူရန်ဆုတောင်း
1အကျွန်ုပ်သည် ဆင်းရဲခံရသောအခါ ထာဝရဘုရားကိုအော်ဟစ်၍၊ ထာဝရဘုရားသည် နားထောင်တော်မူ၏။ 2အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကို သစ္စာမရှိသောနှုတ်မှလည်းကောင်း၊ လှည့်စားတတ်သော လျှာမှလည်းကောင်း ကယ်နုတ်တော်မူပါ။ 3အို လှည့်စားတတ်သောလျှာ၊ သင်သည် အဘယ်ကျေးဇူးရှိသနည်း။ အဘယ်အကျိုးကို ခံရသနည်း။ 4အားကြီးသောသူ၏ ထက်သောမြားကဲ့သို့လည်းကောင်း၊ ရသမ်သစ်သား မီးခဲကဲ့သို့လည်းကောင်း ဖြစ်၏။ 5ငါသည် မေရှက်ပြည်၌ တည်းခို၍၊ ကေဒါတဲ၌နေရသည်အရာမှာ အမင်္ဂလာရှိ၏။ 6ငြိမ်သက်ခြင်းကို မုန်းသောသူတို့နှင့်အတူ၊ ငါ့ဝိညာဉ်သည် ကြာမြင့်စွာနေရပါသည်တကား။ 7ငါသည် ငြိမ်သက်ခြင်းဘက်မှာ နေ၏။ ငါပြောလျှင်မူကား၊ သူတို့သည် စစ်တိုက်ခြင်းငှာ အလိုရှိကြ၏။
လက်ရှိရွေးချယ်ထားမှု
ဆာလံ 120: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.

: