YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 137

137
တိုင်း​တစ်​ပါးတွင်​မြည်​တမ်း​ခြင်း
1ဗာ​ဗု​လုန်​မြစ်​တို့​အ​နား​မှာ ငါ​တို့​သည်​ထိုင်၍၊ ဇိ​အုန်​မြို့​ကို​အောက်​မေ့​လျက် ငို​ကြွေး​ကြ၏။ 2ငါ​တို့​စောင်း​များ​ကို​လည်း ထို​အ​ရပ်​တွင် မိုး​မ​ခ​ပင်​တို့၌ ဆွဲ​ထား​ကြ၏။ 3အ​ကြောင်း​မူ​ကား၊ ထို​အ​ရပ်၌ ငါ​တို့​ကို ဖမ်း​သွား​ချုပ်​ထား​သော​သူ​နှင့်၊ ငါ​တို့​ကို ညှဉ်း​ဆဲ​သော​သူ​တို့​က၊ ဇိ​အုန်​သီ​ချင်း​ကို ငါ​တို့​အား​ဆို​ကြ​လော့​ဟု၊ သီ​ချင်း​ဆို​သံ​ကို​လည်း​ကောင်း၊ ရွှင်​လန်း​သော​အ​သံ​ကို​လည်း​ကောင်း ငါ​တို့၌ တောင်း​ကြ​ပါ​သည်​တ​ကား။ 4တစ်​ကျွန်း​တစ်​နိုင်​ငံ၌ ထာ​ဝ​ရ​ဘု​ရား၏​သီ​ချင်း​ကို အ​ဘယ်​သို့ ဆို​ရ​ပါ​မည်​နည်း။ 5အို​ယေ​ရု​ရှ​လင်​မြို့၊ သင့်​ကို ငါ​မေ့​လျှင် ငါ့​လက်​ယာ​လက်​သည် မိ​မိ​အ​တတ်​ကို​မေ့​ပါ​စေ။ 6သင့်​ကို ငါ​မ​အောက်​မေ့၊ အ​မြတ်​ဆုံး​သော ဝမ်း​မြောက်​ခြင်း​အ​ကြောင်း​ထက်၊ ယေ​ရု​ရှ​လင်​မြို့​ကို အ​မြတ်​မ​ထား​လျှင်၊ ငါ့​လျှာ​သည် အာ​ခေါင်၌​ကပ်​ပါ​စေ။
7အို​ထာ​ဝ​ရ​ဘု​ရား၊ ယေ​ရု​ရှ​လင်​မြို့၏ နေ့​ရက်​အ​ချိန်​ရောက်​သော​အ​ခါ၊ မြို့​ရိုး​ကို အ​မြစ်​တိုင်​အောင် ရှင်း​လိုက်​ကြ၊ ရှင်း​လိုက်​ကြ​ဟု ဆို​ကြ​သော ဧ​ဒုံ​အ​မျိုး​သား​တို့​ကို အောက်​မေ့​တော်​မူ​ပါ။ 8ဖျက်​ဆီး​တတ်​သော ဗာ​ဗု​လုန်​မင်း​သ​မီး၊ သင်​သည် ငါ​တို့၌​ပြု​သည်​အ​တိုင်း၊ သင်၌ အ​ပြစ်​ကို ဆပ်​ပေး​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ 9သင်၏​သူ​ငယ်​တို့​ကို​ကိုင်​ယူ၍၊ ကျောက်​ပေါ်​မှာ​ဆောင့်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။#ဗျာ၊ ၁၈:၆။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 137: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ