ဆာလံ 141
141
ညဥ့်ဦးယံဆုတောင်း
1အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ အလျင်အမြန် ကြွလာတော်မူပါ။ ကိုယ်တော်ကို အော်ဟစ်သောအခါ၊ အကျွန်ုပ်၏စကားသံကို နားထောင်တော်မူပါ။ 2အကျွန်ုပ်၏ပတ္ထနာသည် မီးရှို့သောနံ့သာပေါင်းကဲ့သို့လည်းကောင်း၊ လက်ကိုချီခြင်းသည် ညဉ့်ဦးယံ ပူဇော်သကာကဲ့သို့လည်းကောင်း၊ ရှေ့တော်၌ ပြင်ဆင်လျက်ရှိပါစေသော။#ဗျာ၊ ၅:၈။ 3အိုထာဝရဘုရား၊ အကျွန်ုပ်၏နှုတ်ရှေ့မှာ ကင်းကိုထားတော်မူပါ။ အကျွန်ုပ်၏နှုတ်ခမ်းတံခါးကို စောင့်တော်မူပါ။ 4ဒုစရိုက်ကို ပြုသောသူတို့နှင့်အတူ အကျွန်ုပ်ပါ၍၊ မတရားသောအမှု၊ ဒုစရိုက်အမျိုးမျိုး၌ ကျင်လည်စေခြင်းငှာ၊ အကျွန်ုပ်၏စိတ်နှလုံးကို မကောင်းသောအမှုအရာသို့ သွေးဆောင်တော်မမူပါနှင့်။ ထိုသူတို့၏ခဲဖွယ်စားဖွယ်တို့ကို အကျွန်ုပ်မစားပါစေနှင့်။ 5ဖြောင့်မတ်သောသူသည် အကျွန်ုပ်ကို ဒဏ်ခတ်ပါစေသော၊ ကျေးဇူးရှိပါလိမ့်မည်။ ဆုံးမပါစေသော၊ အကျွန်ုပ်ဦးခေါင်းကို လိမ်းသောဆီဖြစ်ပါလိမ့်မည်။ ထပ်၍ ပြုသော်လည်း အကျွန်ုပ်မငြင်းပါ။ ယခုမူကား၊ သူတစ်ပါးပြုသော အဓမ္မအမှုတစ်ဖက်၌ ဆုတောင်းရပါ၏။ 6သူတို့၏အကဲအမှူးတို့သည် ကျောက်တွင်းနားမှလွတ်၍၊ အကျွန်ုပ်၏စကားကို ကြားရကြပါ၏။ ထိုစကားလည်း ချိုပါ၏။ 7မြေပေါ်မှာ ထင်းကိုခုတ်၍ ခွဲသကဲ့သို့၊ မရဏနိုင်ငံတံခါးဝမှာ အကျွန်ုပ်တို့၏အရိုးများတို့သည် ကွဲပြားလျက် ရှိကြပါ၏။ 8အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်မျှော်ကြည့်ပါ၏။ ကိုယ်တော်၌ ခိုလှုံပါ၏။ အကျွန်ုပ်၏အသက်ကို သွန်ပစ်စေတော်မမူပါနှင့်။ 9အကျွန်ုပ်ဖို့ ထောင်ထားကြသော ကျော့ကွင်းမှလည်းကောင်း၊ ဒုစရိုက်ကို ပြုသောသူတို့၏ ညွှတ်မှလည်းကောင်း၊ အကျွန်ုပ်ကို လွတ်စေတော်မူပါ။ 10ထိုသို့ အကျွန်ုပ်သည်လွန်သွားသောအခါ၊ မတရားသောသူအပေါင်းတို့သည် မိမိတို့ကျော့ကွင်းထဲသို့ ကျကြပါစေသော။
လက်ရှိရွေးချယ်ထားမှု
ဆာလံ 141: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.

: