ဆာလံ 147
147
ယေရုရှလင်အတွက်ချီးမွမ်းခြင်း
1ထာဝရဘုရားကို ချီးမွမ်းကောင်းသည်ဖြစ်၍၊ ချီးမွမ်းကြလော့။ ငါတို့၏ဘုရားသခင်ကို ထောမနာပြုခြင်းသည် သာယာလျောက်ပတ်သည်ဖြစ်၍၊ ထောမနာသီချင်းဆိုကြလော့။ 2ထာဝရဘုရားသည် ယေရုရှလင်မြို့ကိုတည်ဆောက်၍၊ အဝေးသို့နှင်လိုက်သော ဣသရေလအမျိုးသားတို့ကို စုဝေးစေတော်မူ၏။ 3စိတ်ကြေမွသောသူတို့ကို နှစ်သိမ့်စေ၍၊ သူတို့၏အနာကို ကုတော်မူ၏။ 4ကြယ်များကိုရေတွက်၍ အသီးအသီးတို့ကို သမုတ်တော်မူ၏။ 5ငါတို့၏ဘုရားရှင်သည် ကြီးမြတ်တော်မူ၏။ တန်ခိုးတော်လည်းကြီး၏။ ဉာဏ်တော်သည် အနန္တဖြစ်၏။ 6ထာဝရဘုရားသည် စိတ်နှိမ့်ချသောသူတို့ကို ကြွပင့်၍၊ မတရားသော သူတို့ကိုကား၊ မြေပေါ်မှာလှဲတော်မူ၏။
7ဂုဏ်တော်ကိုချီးမွမ်းလျက် ထာဝရဘုရားရှေ့တော်၌ သီချင်းဆိုကြလော့။ စောင်းတီး၍၊ ငါတို့၏ဘုရားသခင်ကို ထောမနာသီချင်း ဆိုကြလော့။ 8ကောင်းကင်ကို မိုးတိမ်များနှင့် ဖုံးလွှမ်းသဖြင့်၊ မြေကြီးဖို့ မိုးရေကိုပြင်ဆင်၍၊ တောင်များပေါ်မှာ မြက်ပင်ကို ပေါက်စေတော်မူ၏။ 9မြည်တတ်သောကျီးကန်းကလေးမှစ၍၊ တိရစ္ဆာန်များတို့ကို ကျွေးမွေးတော်မူ၏။ 10မြင်း၏ခွန်အားနှင့် လူ၏လျင်မြန်ခြင်းကို အားရနှစ်သက်တော်မူခြင်းမရှိ။ 11ကြောက်ရွံ့သောသူနှင့် ကရုဏာတော်ကိုမျှော်လင့်သောသူတို့ကို ထာဝရဘုရား နှစ်သက်တော်မူ၏။
12အိုယေရုရှလင်မြို့၊ ထာဝရဘုရားကို ချီးမွမ်းလော့။ အိုဇိအုန်မြို့၊ သင်၏ဘုရားသခင်ကို ချီးမွမ်းလော့။ 13အကြောင်းမူကား၊ သင်၏တံခါးကန့်လန့်တို့ကို ခိုင်မာစေ၍၊ သင်၏အထဲမှာ သားသမီးများကို ကောင်းချီးပေးတော်မူ၏။ 14သင်၏ ပြည်စွန်းပြည်နားမှာ အမှုအရေးကိုငြိမ်းစေ၍၊ အကောင်းဆုံးသောစပါးနှင့် သင့်ကိုဝစွာ ကျွေးမွေးတော်မူ၏။ 15မြေကြီးပေါ်သို့ ဗျာဒိတ်တော်ကိုလွှတ်တော်မူ၏။ နှုတ်ကပတ်တော်သည် အလျင်အမြန်ပြေးတတ်ပါ၏။ 16မိုးပွင့်ကို သိုးမွေးကဲ့သို့ ချတော်မူ၏။ နှင်းခဲကိုလည်း ပြာကဲ့သို့ ဆွတ်ဖြူတော်မူ၏။ 17မိမိမိုးသီးကို စားနုတ်စားပေါက်ကဲ့သို့ လွှတ်တော်မူ၍၊ ချမ်းစေတော်မူခြင်းကို အဘယ်သူခံနိုင်သနည်း။ 18တစ်ဖန် နှုတ်ကပတ်တော်ကိုလွှတ်၍၊ ထိုမိုးပွင့်အစရှိသည်တို့ကို အရည်ကျိုတော်မူ၏။ မိမိလေကို လာစေတော်မူသဖြင့်၊ ရေတို့သည် စီးကြ၏။ 19နှုတ်ကပတ်အမိန့်တော်ကို ယာကုပ်အမျိုး၌လည်းကောင်း၊ စီရင်ထုံးဖွဲ့တော်မူချက်များကို ဣသရေလအမျိုး၌လည်းကောင်း ဖော်ပြတော်မူ၏။ 20အခြားတစ်ပါးသော အမျိုးသားတို့၌ ထိုသို့ပြုတော်မမူ။ စီရင်တော်မူချက်များကို သူတို့မသိရကြ။ ဟာလေလုယ။
လက်ရှိရွေးချယ်ထားမှု
ဆာလံ 147: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.

: