ဆာလံ 17
17
ဖိနှိပ်ခြင်းမှလွတ်မြောက်ရန်ဆုတောင်း
1အိုထာဝရဘုရား၊ တရားသောဘက်မှာနေ၍ အကျွန်ုပ်အော်ဟစ်ခြင်းကိုမှတ်တော်မူပါ။ မလှည့်စားတတ်သောနှုတ်နှင့် ဆုတောင်းသောပတ္ထနာစကားကို နားထောင်တော်မူပါ။ 2ကိုယ်တော်တိုင် အကျွန်ုပ်ကိုစီရင်၍ ဖြောင့်မတ်သောအရာကို ထောက်ရှုတော်မူပါ။ 3အကျွန်ုပ်နှလုံးကိုစစ်ဆေးတော်မူပါ။ ညအခါ အကျွန်ုပ်ကို အကြည့်အရှုကြွလာတော်မူပါ။ အကျွန်ုပ်ကို စစ်ကြောသောအခါ အဘယ်အပြစ်ကိုမျှ တွေ့တော်မမူရာ။ အကျွန်ုပ်အကြံအစည်သည် အကျွန်ုပ်စကားနှင့် မခြားမနားပါ။ 4လူပြုတတ်သော အမှုများမှာ၊ ဖျက်ဆီးတတ်သောသူ၏လမ်းတို့ကို နှုတ်ကပတ်တော်အားဖြင့် အကျွန်ုပ်ရှောင်ပါပြီ။ 5လမ်းခရီးတော်၌ အကျွန်ုပ်သွားစဉ်တွင် ခြေမချော်စေခြင်းငှာ ထောက်မတော်မူပါ။ 6အိုဘုရားသခင်၊ ကိုယ်တော်သည် နားထောင်တော်မူတတ်သောကြောင့် အကျွန်ုပ်သည်တောင်းလျှောက်ပါ၏။ နားတော်ကိုလှည့်၍ အကျွန်ုပ်စကားကို နာယူတော်မူပါ။
7ကိုယ်တော်ကို ခိုလှုံသောသူတို့ကို သူပုန်တို့လက်မှ၊ လက်ယာလက်တော်အားဖြင့် ကယ်နုတ်တော်မူသောဘုရား၊ ထူးဆန်းသော မေတ္တာကျေးဇူးတော်ကို ပြတော်မူပါ။ 8-9အကျွန်ုပ်ကို ညှဉ်းဆဲသောလူဆိုးတည်းဟူသော အကျွန်ုပ်ကို ဝိုင်း၍သတ်လိုသော ရန်သူတို့လက်မှ အကျွန်ုပ်ကို လွတ်စေခြင်းငှာ၊ မျက်ဆန်ကဲ့သို့ အကျွန်ုပ်ကိုစောင့်မတော်မူပါ။ အတောင်တော်အရိပ်ထဲမှာ ဖုံးအုပ်တော်မူပါ။ 10သူတို့သည် မိမိတို့ဆူဝခြင်းကို ကိုးစား၍ ထောင်လွှားစော်ကားစွာ ပြောဆိုကြပါ၏။ 11အကျွန်ုပ်တို့သွားသောလမ်းကို ယခုဝိုင်းမိကြပါပြီ။ အကျွန်ုပ်တို့ကို မြေပေါ်မှာလှဲခြင်းငှာ မျက်စိနှင့် ရွယ်ကြပါ၏။ 12ဖမ်းမိသောအကောင်ကို စားချင်အားကြီးသော ခြင်္သေ့ကဲ့သို့လည်းကောင်း၊ ဆိတ်ကွယ်ရာအရပ်၌ ချောင်း၍နေသော ခြင်္သေ့ပျိုကဲ့သို့လည်းကောင်း ဖြစ်ကြပါ၏။ 13အိုထာဝရဘုရား၊ ထတော်မူပါ။ သူတို့ကိုဆီးတား၍ လှဲချတော်မူပါ။ မတရားသောသူတို့လက်မှ အကျွန်ုပ်အသက်ကို ဓားတော်ဖြင့် ကယ်လွှတ်တော်မူပါ။ 14အိုထာဝရဘုရား၊ လောကီသားဖြစ်သောထိုလူတို့လက်မှ အကျွန်ုပ်အသက်ကို လက်တော်ဖြင့် ကယ်လွှတ်တော်မူပါ။ ထိုသူတို့သည် ယခုဘဝမှာ မိမိတို့အဖို့ကို ခံရကြပါ၏။ သူတို့အလိုကို ဘဏ္ဍာတော်နှင့် ပြည့်စုံစေတော်မူ၏။ သူတို့သားသမီးတို့သည်လည်း ကြွယ်ဝ၍၊ မြေးမြစ်စသည်တို့၌ မိမိတို့ဥစ္စာကို ချန်ထားကြပါ၏။ 15အကျွန်ုပ်မူကားဖြောင့်မတ်၍ မျက်နှာတော်ကိုဖူးမြင်ရပါလိမ့်မည်။ နိုးသောအခါ ပုံသဏ္ဌာန်တော်အားဖြင့် အကျွန်ုပ်အလို ပြည့်စုံရပါလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ဆာလံ 17: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.

: