ဆာလံ 24
24
ဗိမာန်တော်သို့၀င်ခြင်း
1ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာကိုလည်းကောင်း၊ လောကဓာတ်နှင့် လောကသားတို့ကိုလည်းကောင်း၊ ပိုင်တော်မူ၏။#၁ကော၊ ၁၀:၂၆။ 2အကြောင်းမူကား၊ ထိုနေရာကို သမုဒ္ဒရာပေါ်မှာတည်၍၊ ရေများပေါ်မှာ မြဲမြံစေတော်မူပြီ။
3ထာဝရဘုရား၏တောင်တော်ပေါ်သို့ အဘယ်သူသည် တက်ရမည်နည်း။ သန့်ရှင်းရာဌာနတော်၌ အဘယ်သူသည် ရပ်နေရမည်နည်းဟူမူကား၊ 4သန့်ရှင်းသောလက်နှင့် ဖြူစင်သောနှလုံးရှိသောသူ၊ မုသားကိုမမှီဝဲ မဆည်းကပ်၊ မမှန်သောကျိန်ဆိုခြင်းကို မပြုသောသူသည်၊#မ၊ ၅:၈။ 5ထာဝရဘုရား၏လက်တော်မှ ကောင်းချီးမင်္ဂလာကိုလည်းကောင်း၊ ကယ်တင်တော်မူသော ဘုရားသခင်၏လက်တော်မှ ဖြောင့်မတ်ခြင်းတရားကိုလည်းကောင်း ခံရလိမ့်မည်။ 6ထိုသူသည် ထာဝရဘုရားကိုရှာသောအမျိုး၊ မျက်နှာတော်ကိုရှာသော ယာကုပ်အမျိုးဖြစ်သတည်း။
7အချင်းတံခါးတို့၊ တံခါးမုတ်ကို ကြွလိုက်ကြ။ အချင်းထာဝရတံခါးတို့၊ ကိုယ်ကို ကြွလိုက်ကြ။ ဘုန်းကြီးသောရှင်ဘုရင် ဝင်တော်မူမည်။ 8ဘုန်းကြီးသောရှင်ဘုရင်ကား အဘယ်သူနည်း။ အစွမ်းတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရဘုရား၊ စစ်တိုက်ခြင်းငှာ တန်ခိုးကြီးတော်မူသော ထာဝရဘုရားပေတည်း။ 9အချင်းတံခါးတို့၊ တံခါးမုတ်ကို ကြွလိုက်ကြ။ အချင်းထာဝရတံခါးတို့၊ ကိုယ်ကိုကြွလိုက်ကြ။ ဘုန်းကြီးသောရှင်ဘုရင် ဝင်တော်မူမည်။ 10ဘုန်းကြီးသောရှင်ဘုရင်ကား အဘယ်သူနည်း။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားပေတည်း။ ထိုဘုရားသည် ဘုန်းကြီးသောရှင်ဘုရင် ဖြစ်တော်မူသတည်း။
လက်ရှိရွေးချယ်ထားမှု
ဆာလံ 24: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.