ဆာလံ 3
3
နံနက်ချိန်ဆုတောင်း
ဒါဝိဒ်သည် သားတော်အဗရှလုံရှေ့မှ ပြေးသောအခါ စပ်ဆိုသောဆာလံ။
1အိုထာဝရဘုရား၊ အကျွန်ုပ်၏ရန်သူတို့သည်၊ အလွန်တိုးပွား၍၊ အကျွန်ုပ်တစ်ဖက်၌ ထသောသူတို့သည် များကြပါ၏။ 2သူသည် ဘုရားသခင်ကိုအမှီပြု၍ ချမ်းသာမရဟု အကျွန်ုပ်ကိုရည်ဆောင်၍ ပြောသောသူအများ ရှိကြပါ၏။ 3သို့သော်လည်း၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏အကွယ်အကာဖြစ်တော်မူ၏။ အကျွန်ုပ်၏ဘုန်းလည်း ဖြစ်တော်မူ၏။ အကျွန်ုပ်၏ဦးခေါင်းကို ချီကြွသောသူလည်း ဖြစ်တော်မူ၏။ 4ငါသည် ထာဝရဘုရားထံသို့ အသံကိုလွှင့်၍ အော်ဟစ်သောအခါ၊ သန့်ရှင်းသော တောင်တော်ပေါ်မှာ နားထောင်တော်မူ၏။ 5ထာဝရဘုရားသည် ငါ့ကိုမစတော်မူသောကြောင့်၊ ငါသည် အိပ်၍ပျော်ခြင်းအခွင့်နှင့် နိုးခြင်းအခွင့်ရှိ၏။ 6ငါ့ကိုရန်ဘက်ပြု၍ ဝန်းရံသောသူ အထောင်အသောင်းကို ငါမကြောက်ဘဲနေမည်။ 7အိုထာဝရဘုရား ထတော်မူပါ။ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကို ကယ်မတော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်၏ ရန်သူတို့၏ပါးရိုးကို ရိုက်၍၊ မတရားသောသူတို့၏သွားကို ချိုးတော်မူ၏။ 8ထာဝရဘုရား၏ကျေးဇူးတော်ကြောင့် ချမ်းသာရပါ၏။ ပေးတော်မူသော ကောင်းချီးမင်္ဂလာသည် ကိုယ်တော်၏ လူစုအပေါ်သို့သက်ရောက်ပါစေသော။
လက်ရှိရွေးချယ်ထားမှု
ဆာလံ 3: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.