YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 42

42
အ​တွဲ ၂
(ဆာ​လံ၊ ၄၂-၇၂)
ဘု​ရား​သ​ခင်​ကို​တောင့်​တ​ခြင်း
1သ​မင်​ဒ​ရယ်​သည် ရေ​စီး​သော​ချောင်း​ကို တောင့်​တ​သ​ကဲ့​သို့၊ အ​ကျွန်ုပ်​ဝိ​ညာဉ်​သည် ကိုယ်​တော်​ကို တောင့်​တ​ပါ​သည်​ဘု​ရား။ 2ငါ့​ဝိ​ညာဉ်​သည် ဘု​ရား​သ​ခင်​တည်း​ဟူ​သော အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​ကို​ငတ်​လှ၏။ အ​ဘယ်​ကာ​လ​မှ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ရောက်၍ မျက်​နှာ​ပြ​ရ​အံ့​နည်း။ 3သူ​တစ်​ပါး​တို့​က၊ သင်၏​ဘု​ရား​သ​ခင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု ငါ့​ကို အ​စဉ်​ပြော​ဆို​ကြ​သ​ဖြင့်၊ ငါ့​မျက်​ရည်​သည် နေ့​ည​မ​ပြတ် ငါ​စား​စ​ရာ​ဖြစ်​ရ၏။ 4ထို​အ​ခြင်း​အ​ရာ​ကို ငါ​အောက်​မေ့၍ နေ​စဉ်​တွင်၊ ငါ့​စိတ်​နှ​လုံး​သည် ကြေ​ကွဲ​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် လူ​စု​များ​နှင့် ပေါင်း​ဖော်​လျက်၊ ရွှင်​လန်း​ခြင်း​အ​သံ၊ ထော​မ​နာ​ပြု​ခြင်း​အ​သံ​တို့​ကို ပြိုင်​ဆို၍၊ ဓ​မ္မ​ပွဲ​ခံ​သော​လူ​စု​များ​နှင့်​အ​တူ ဘု​ရား​သ​ခင်၏ အိမ်​တော်​သို့ ဖြည်း​ညင်း​စွာ သွား​လှ​လေ​ပြီ။ 5အို​ငါ့​ဝိ​ညာဉ်၊ သင်​သည်​အ​ဘယ်​ကြောင့် ညှိုး​ငယ်​သ​နည်း။ ငါ့​အ​ထဲ​မှာ​အ​ဘယ်​ကြောင့် မ​ငြိမ်​မ​ဝပ်​ရှိ​သ​နည်း။ ဘု​ရား​သ​ခင်​ကို မျှော်​လင့်​လျက်​နေ​လော့။ ငါ့​ကို ကယ်​တင်​တော်​မူ​သော​အ​ရှင်၊ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ငါ​ချီး​မွမ်း​ထော​မ​နာ ပြု​ရ​လေ​အံ့​သ​တည်း။
6အ​ကျွန်ုပ်​စိတ်​ဝိ​ညာဉ်​သည် အ​ကျွန်ုပ်​အ​ထဲ​မှာ ညှိုး​ငယ်​လျက်​ရှိ​ပါ၏။ အ​ကြောင်း​မူ​ကား၊ ယော်​ဒန်​မြစ်​ကမ်း၊ ဟေ​ရ​မုန်​တောင်​ရိုး၊ မိ​ဇ​ရ​ကုန်း​ပေါ်​မှာ ကိုယ်​တော်​ကို အ​ကျွန်ုပ်​အောက်​မေ့​ပါ၏။ 7ရေ​ဘွေ​တော်​များ​အ​သံ​ဗ​လံ​နှင့်​တ​ကွ ဝဲ​ဩ​ဃ တစ်​ခု​ကို​တစ်​ခု ဟစ်​ခေါ်၍ လှိုင်း​တံ​ပိုး​တော်​အ​ပေါင်း​တို့​သည် အ​ကျွန်ုပ်​ကို လွှမ်း​မိုး​ကြ​ပါ​ပြီ။ 8သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် နေ့​အ​ခါ သ​နား​ခြင်း​ကျေး​ဇူး​တော်​ကို ပေး​ချ​တော်​မူ၏။ ည​အ​ခါ၌​လည်း ဂုဏ်​တော်​ကို သီ​ချင်း​ဆို​လျက်၊ ငါ့၏​အ​သက်​သ​ခင်​ကို ပ​တ္ထ​နာ​ပြု​လျက် ငါ​နေ၏။ 9အ​ကျွန်ုပ်​ကို အ​ဘယ်​ကြောင့် မေ့​လျော့​တော်​မူ​သ​နည်း။ ရန်​သူ​ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို​ခံ​ရ၍၊ အ​ကျွန်ုပ်​သည် ကြမ်း​တမ်း​သော​အ​ဝတ်​ကို ဝတ်​လျက် အ​ဘယ်​ကြောင့် နေ​ရ​ပါ​သ​နည်း​ဟု ငါ၏​ကျောက်​ဖြစ်​သော ဘု​ရား​သ​ခင်​ကို ငါ​လျှောက်​ရ၏။ 10ငါ့​ရန်​သူ​တို့​က၊ သင်၏​ဘု​ရား​သ​ခင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု ငါ့​ကို​အ​စဉ်​ပြော​ဆို​ကြ​သ​ဖြင့်၊ ငါ့​အ​ရိုး​တို့​ကို ချိုး၍​ကဲ့​ရဲ့​တတ်​ကြ၏။ 11အို​ငါ့​ဝိ​ညာဉ်၊ သင်​သည် အ​ဘယ်​ကြောင့် ညှိုး​ငယ်​သ​နည်း။ ငါ့​အ​ထဲ​မှာ အ​ဘယ်​ကြောင့် မ​ငြိမ်​မ​ဝပ်​ရှိ​သ​နည်း။ ဘု​ရား​သ​ခင်​ကို မျှော်​လင့်​လျက်​နေ​လော့။ ငါ့​ကို​ကယ်​တင်​တော်​မူ​သော​အ​ရှင်၊ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ငါ​ချီး​မွမ်း​ထော​မ​နာ ပြု​ရ​လေ​အံ့​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 42: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ