ဆာလံ 50
50
မှန်ကန်သည့်ဝတ်ပြုကိုးကွယ်မှု
1တန်ခိုးကြီးသော ဘုရားသခင်တည်းဟူသော ထာဝရဘုရားသည် ဗျာဒိတ်ပေးတော်မူ၏။ နေထွက်ရာမှသည် နေဝင်ရာတိုင်အောင် မြေကြီးကို ခေါ်တော်မူ၏။ 2အသရေတင့်တယ်ခြင်းပြည့်စုံရာ ဇိအုန်တောင်ပေါ်မှာ ဘုရားသခင်၏ရောင်ခြည်တော်သည် ထွန်းပ၏။ 3ငါတို့၏ ဘုရားသခင် ကြွလာတော်မူ၏။ တိတ်ဆိတ်စွာ နေတော်မမူ။ ရှေ့တော်၌မီးလောင်လျက် ပတ်ဝန်းကျင်၌ မိုးသက်မုန်တိုင်း ပြင်းပြလျက်ရှိ၏။ 4မိမိလူတို့ကို စစ်ကြောစီရင်ခြင်းအလိုငှာ အထက်ကောင်းကင်ကိုလည်းကောင်း၊ မြေကြီးကိုလည်းကောင်း ခေါ်တော်မူလျက်၊ 5ယဇ်ပူဇော်သောအားဖြင့်၊ ငါနှင့်ပဋိညာဉ်ဖွဲ့သော ငါ၏သန့်ရှင်းသူတို့ကို ငါ့ထံသို့စုဝေးစေကြဟု မိန့်တော်မူ၏။ 6ဘုရားသခင်သည် ကိုယ်တော်တိုင် တရားဆုံးဖြတ်တော်မူသည်ဖြစ်၍၊ ဖြောင့်မတ်တော်မူခြင်းအကြောင်းကို ကောင်းကင်တို့သည် ထင်ရှားစွာ ပြကြလိမ့်မည်။
7ငါ၏လူများတို့ နားထောင်ကြ။ ငါပြောမည်။ အိုဣသရေလအမျိုး၊ သင့်တစ်ဖက်၌ ငါသက်သေခံမည်။ ငါသည် ဘုရားသခင်ဖြစ်၏။ သင်၏ဘုရားသခင်ဖြစ်၏။ 8မီးရှို့သောယဇ်မှစ၍ ယဇ်ပူဇော်ခြင်းအမျိုးမျိုးအတွက် ငါသည် သင်၌အပြစ်မတင်။ ထိုယဇ်တို့သည် ငါ့ရှေ့မှာ အစဉ်ရှိကြ၏။ 9သင့်အိမ်ထဲက နွားကိုလည်းကောင်း၊ သင့်ခြံထဲက ဆိတ်ထီးကိုလည်းကောင်း ငါမခံမယူ။ 10တောတိရစ္ဆာန်ရှိသမျှတို့နှင့် တစ်ထောင်သော တောင်ပေါ်မှာရှိသော တိရစ္ဆာန်တို့သည် ငါ၏ဥစ္စာ ဖြစ်ကြ၏။ 11တောင်ပေါ်မှာနေတတ်သော ငှက်အပေါင်းတို့ကို ငါသိ၏။ တောသားရဲတို့သည် ငါ၌ရှိကြ၏။ 12ငါသည် ငတ်မွတ်လျှင် သင့်ကိုမပြော။ လောကဓာတ်နှင့် လောကဥစ္စာသည် ငါ၏ဥစ္စာဖြစ်၏။ 13နွားသားကို ငါစားမည်လော။ ဆိတ်သွေးကို ငါသောက်မည်လော။ 14ကျေးဇူးချီးမွမ်းခြင်းယဇ်ကို ဘုရားသခင်အားပူဇော်လော့။ သစ္စာကတိထားသည်အတိုင်း၊ အမြင့်ဆုံးသောအရာ၌ သစ္စာဝတ်ကိုဖြေလော့။ 15အမှုရောက်သည်ကာလ၌ ငါ့ကိုပတ္ထနာပြုလော့။ ငါသည် ကယ်လွှတ်မည်။ သင်သည်လည်း ငါ့ကိုချီးမွမ်းလိမ့်မည်ဟု မိန့်တော်မူ၏။
16မတရားသောသူကိုကား၊ သင်သည် ငါ၏အထုံးအဖွဲ့တို့ကို ကြားပြော၍ ငါ၏ပဋိညာဉ်တရားကို မြွက်ဆိုခြင်းငှာ အဘယ်သို့ဆိုင်သနည်း။ 17ဆုံးမသွန်သင်ခြင်းကို သင်သည်မုန်း၍ ငါ့စကားကို သင့်နောက်၌ ပစ်ထားပါသည်တကား။ 18သင်သည် သူခိုးကိုမြင်လျှင်၊ သူနှင့် သဘောတူတတ်၏။ သူ့မယားကို ပြစ်မှားသောသူတို့နှင့် ဆက်ဆံတတ်၏။ 19သင်၏နှုတ်ကိုဒုစရိုက်၌အပ်နှံ၍၊ သင်၏လျှာဖြင့် မုသားကို စီရင်တတ်၏။ 20သင်သည်ထိုင်လျက်၊ ကိုယ်ညီအစ်ကိုကို ဆန့်ကျင်ဘက်ပြု၍ ပြောဆိုတတ်၏။ ကိုယ်အမိ၏သားကို ဆဲရေးတတ်၏။ 21ထိုသို့ကျင့်၍ ငါသည်တိတ်ဆိတ်စွာနေသောကြောင့်၊ ငါ့ကို သင်နှင့်တူသည်ဟု ထင်လေပြီတကား။ သင်၏အပြစ်ကို ငါဖော်ပြ၍၊ သင့်မျက်မှောက်၌ ခင်းထားမည်။ 22ဘုရားသခင်ကို မေ့လျော့သောသူတို့၊ ဤအမှုကို ဆင်ခြင်ကြလော့။ သို့မဟုတ် သင်တို့ကို ကယ်နုတ်သောသူမရှိ။ ငါသည် အပိုင်းပိုင်းဆွဲဖြတ်မည်။ 23ကျေးဇူးချီးမွမ်းခြင်းယဇ်ကိုပူဇော်သောသူသည် ငါ၏ဘုန်းကို ထင်ရှားစေသောသူဖြစ်၏။ မိမိသွားသောလမ်းကို ဆင်ခြင်သောသူအားလည်း၊ ကယ်တင်တော်မူခြင်းကျေးဇူးကို ငါပြမည်ဟု ဘုရားသခင်မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ဆာလံ 50: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.

: