ဆာလံ 56
56
ယုံကြည်ကိုးစားသူ၏ဆုတောင်း
"ဒါဝိဒ်သည် ဂါသမြို့မှာ ဖိလိတ္တိလူတို့လက်သို့ရောက်သောအခါ စပ်ဆိုသောဆာလံ။"
(၁ရာ၊ ၂၁း၁၃-၁၅)
1အိုဘုရားသခင်၊ အကျွန်ုပ်ကိုသနားတော်မူပါ။ လူတို့သည် ကိုက်စားအံ့သောဒေါသနှင့် နေ့တိုင်းတိုက်၍ အကျွန်ုပ်ကို နှိပ်စက်ကြပါ၏။ 2ရန်သူတို့သည် နေ့တိုင်း ကိုက်စားအံ့သောဒေါသရှိ၍ မြင့်သောစိတ်နှင့် အကျွန်ုပ်ကိုတိုက်သောသူ အများရှိကြပါ၏။ 3အကျွန်ုပ်သည် ကြောက်ရွံ့သောအခါ ကိုယ်တော်၌ ခိုလှုံပါမည်။ 4ဘုရားသခင်ကိုအမှီပြု၍ နှုတ်ကပတ်တော်၌ ဝါကြွားပါမည်။ ငါသည် ဘုရားသခင်ကို ခိုလှုံသည်ဖြစ်၍ ကြောက်စရာမရှိ။ လူသည် ငါ၌ အဘယ်သို့ပြုနိုင်သနည်း။ 5သူတို့သည် နေ့တိုင်း ငါ့စကားကို အလွဲယူကြ၏။ ငါ၌မကောင်းသောအကြံကိုသာ ကြံစည်ကြ၏။ 6ငါ့အသက်ကို စောင့်စဉ်အခါ စုဝေး၍ ချောင်းမြောင်းလျက်၊ ငါ့ခြေရာတို့ကို ကြည့်မှတ်ကြ၏။ 7သူတို့သည် မတရားသောအမှုအားဖြင့် လွှတ်ခြင်းသို့ရောက်ရပါမည်လော။ အိုဘုရားသခင်၊ ထိုလူများတို့ကို အမျက်တော်ထွက်၍ လှဲတော်မူပါ။
8အကျွန်ုပ်သည် အရပ်ရပ်လည်ရသော အခြင်းအရာတို့ကို ကိုယ်တော်မှတ်၍ အကျွန်ုပ်မျက်ရည်တို့ကို ဘူးတော်ထဲမှာ ထည့်တော်မူပါ။ စာရင်းတော်၌ရှိပါသည် မဟုတ်လော။ 9ဘုရားသခင်သည် ငါ့ဘက်မှာနေတော်မူသောကြောင့်၊ ငါအော်ဟစ်သောအခါ ရန်သူတို့သည် လှန်ခြင်းကိုခံရကြမည်ကို ငါသိ၏။ 10ဘုရားသခင်ကိုအမှီပြု၍ နှုတ်ကပတ်တော်၌ ဝါကြွားမည်။ ထာဝရဘုရားကို အမှီပြု၍ နှုတ်ကပတ်တော်၌ ဝါကြွားမည်။ 11ငါသည် ဘုရားသခင်ကို ခိုလှုံသည်ဖြစ်၍ ကြောက်စရာမရှိ။ လူသည် ငါ၌အဘယ်သို့ ပြုနိုင်သနည်း။ 12အိုဘုရားသခင်၊ အကျွန်ုပ်သည် ရှေ့တော်၌သစ္စာပြုပါသည်ဖြစ်၍၊ သစ္စာဝတ်ကိုဖြေလျက် ကိုယ်တော်ကို ချီးမွမ်းပါမည်။ 13ကိုယ်တော်သည် အကျွန်ုပ်အသက်ကို သေခြင်းမှ ကယ်လွှတ်တော်မူပြီ။ အသက်ရှင်သောသူတို့၏အလင်းထဲမှာ ဘုရားသခင့်ရှေ့တော်၌ အကျွန်ုပ်ကျင့်နေပါမည်အကြောင်း၊ အကျွန်ုပ်ခြေကိုလည်း ထိမိ၍လဲခြင်းမှ ကယ်လွှတ်တော်မူမည် မဟုတ်လော။
လက်ရှိရွေးချယ်ထားမှု
ဆာလံ 56: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.

: