ဆာလံ 59
59
ရန်သူလက်မှလွတ်မြောက်ရန်ဆုတောင်း
"ရှောလုစေလွှတ်သော သူတို့သည် ဒါဝိဒ်အသက်ကိုသတ်ခြင်းငှာ၊ အိမ်ကိုစောင့်ကြသောအခါ ဒါဝိဒ်စပ်ဆိုသောဆာလံ။"
(၁ရာ၊ ၁၉း၁၁)
1အို အကျွန်ုပ်၏ဘုရား၊ ရန်သူတို့လက်မှ အကျွန်ုပ်ကို ကယ်နုတ်တော်မူပါ။ အကျွန်ုပ်ကို ရန်ဘက်ပြုသောသူတို့၏အပေါ်မှာ အကျွန်ုပ်ကို ချီးမြှောက်တော်မူပါ။ 2ဒုစရိုက်ကို ပြုသောသူတို့အထဲက အကျွန်ုပ်ကိုနုတ်ယူ၍၊ အသက်ကိုသတ်လိုသော သူတို့လက်မှ ကယ်တင်တော်မူပါ။ 3သူတို့သည် အကျွန်ုပ်အသက်ကို သတ်လို၍ ချောင်းကြည့်လျက်နေကြပါ၏။ အားကြီးသောသူတို့သည် အကျွန်ုပ်တစ်ဖက်၌ စည်းဝေးကြပါ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်မှားယွင်းသောကြောင့် မဟုတ်ပါ။ အကျွန်ုပ်အပြစ်ကြောင့် မဟုတ်ပါ။ 4အကျွန်ုပ်၌ အပြစ်မရှိဘဲ သူတို့သည်ပြေးလာ၍ ပြင်ဆင်ကြပါ၏။ အကျွန်ုပ်ကို ကူမခြင်းငှာ နိုးတော်မူပါ။ ကြည့်ရှုတော်မူပါ။ 5ဣသရေလအမျိုး၏ ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရဘုရား၊ သာသနာပလူအပေါင်းတို့ကို ဆုံးမခြင်းငှာ နိုးတော်မူပါ။ ဒုစရိုက်၌ ကျင်လည်သောသူ တစ်စုံတစ်ယောက်ကိုမျှ သနားတော်မမူပါနှင့်။ 6သူတို့သည် ညဉ့်ဦးယံ၌ ပြန်လာ၍၊ ခွေးဘာသာအတိုင်းမြည်လျက် မြို့ကိုလှည့်ပတ်ကြပါစေသော။
7ထိုသူတို့သည် စော်ကားသောစကားကိုပြော၍၊ သူတို့နှုတ်ခမ်းတွင် ဓားပါလျက် အဘယ်သူကြားလိမ့်မည်နည်းဟု ဆိုတတ်ကြပါ၏။ 8သို့ရာတွင်၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် သူတို့ကိုပြုံးရယ်၍ သာသနာပလူအပေါင်းတို့ကို ကဲ့ရဲ့တော်မူမည်။ 9အို အကျွန်ုပ်အစွမ်းသတ္တိ၊ ကိုယ်တော်ကို မျှော်လင့်ပါမည်။ ဘုရားသခင်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏။ 10ကရုဏာအရှင် ဘုရားသခင်သည် အကျွန်ုပ်ကို ကူမခြင်းငှာ ကြွလာတော်မူမည်။ ရန်သူတို့ကို အကျွန်ုပ်ကြည့်ရှု၍ အားရသောအခွင့် ရှိစေတော်မူမည်။ 11အကျွန်ုပ်တို့ကို ကွယ်ကာတော်မူသော ဘုရားရှင်၊ သူတို့ကို သတ်တော်မမူပါနှင့်။ သတ်လျှင် အကျွန်ုပ်၏လူတို့သည် သတိလစ်ကြပါလိမ့်မည်။ တန်ခိုးတော်အားဖြင့် အရပ်ရပ်ကွဲပြားစေ၍ နှိမ့်ချတော်မူပါ။ 12သူတို့ပြောမိသော စကားတည်းဟူသော သူတို့နှုတ်၏အပြစ်ကြောင့် မိမိတို့မာနတွင် ကျော့မိပါစေသော။ သူတို့ ကျိန်ဆဲသောစကားနှင့် မုသားစကားကြောင့်၊ 13အမျက်တော်အားဖြင့် ပျောက်ပျက်စေတော်မူပါ။ အကုန်အစင် ပျောက်ပျက်စေတော်မူပါ။ ဘုရားသခင်သည် ယာကုပ်အမျိုးမှစ၍ မြေကြီးစွန်းတိုင်အောင် အုပ်စိုးတော်မူကြောင်းကို သူတို့သည် သိကြပါစေသော။ 14ညဉ့်ဦးယံ၌ ပြန်လာ၍၊ ခွေးဘာသာအတိုင်းမြည်လျက် မြို့ကိုလှည့်ပတ်ကြပါစေသော။ 15အစာကိုရှာလျက် အရပ်ရပ်သို့လည်၍မဝဘဲ တစ်ညလုံးနေကြပါစေသော။ 16အကျွန်ုပ်မူကား၊ တန်ခိုးတော်ကိုသီချင်းဆိုပါမည်။ နံနက်ယံ၌ ကရုဏာတော်ကို ရွှင်လန်းစွာ သီချင်းဆိုပါမည်။ အကြောင်းမူကား၊ ဘေးရောက်သောကာလ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ၊ ဘေးလွတ်ရာ ဖြစ်တော်မူ၏။ 17အို အကျွန်ုပ်အစွမ်းသတ္တိ၊ ကိုယ်တော်ကို သီချင်းဆိုပါမည်။ ဘုရားသခင်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏။ အကျွန်ုပ်၌ ကရုဏာအရှင်ဘုရားသခင် ဖြစ်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ဆာလံ 59: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.

: