ဆာလံ 7
7
တရားမျှတမှုအတွက်ဆုတောင်း
ဒါဝိဒ်သည် ဗင်္ယာမိန်အမျိုးသား ကုရှ၏စကားကြောင့် ထာဝရဘုရားရှေ့တော်၌ အသံညှိ၍ဆိုသောဆာလံ
1အကျွန်ုပ်၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏။ အကျွန်ုပ်ကို ညှဉ်းဆဲသော သူအပေါင်းတို့၏လက်မှ အကျွန်ုပ်ကို နုတ်ယူ၍ကယ်တင်တော်မူပါ။ 2သို့မဟုတ် နုတ်ယူသောသူမရှိစဉ်၊ ရန်သူသည် ခြင်္သေ့ကဲ့သို့ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို လုယူကိုက်ဖြတ်ပါလိမ့်မည်။ 3အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ထိုသို့ပြုသော်လည်းကောင်း၊ အကျွန်ုပ်လက်မှာ အဓမ္မအမှုရှိသော်လည်းကောင်း၊ 4အကျွန်ုပ်နှင့် သင့်တင့်သောသူကို အကျွန်ုပ်ပြစ်မှား၍၊ အကြောင်းမရှိဘဲလျက် ရန်ပြုသောသူကို အကျွန်ုပ် ညှဉ်းဆဲသော်လည်းကောင်း၊ ထိုသို့သောအပြစ်တစ်စုံတစ်ခုရှိလျှင်၊ 5ရန်သူသည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုလိုက်၍မီပါစေ။ အကျွန်ုပ်အသက်ကို မြေပေါ်မှာနင်း၍၊ အကျွန်ုပ်အသရေကို မြေမှုန့်၌ နှိမ့်ချပါစေ။
6အိုထာဝရဘုရား၊ အမျက်တော်ထွက်၍ ထတော်မူပါ။ အကျွန်ုပ်၏ရန်သူတို့ ပြင်းထန်ခြင်းကို ဆီးတား၍ အားထုတ်တော်မူပါ။ အကျွန်ုပ်အဖို့ နိုးတော်မူပါ။ တရားစီရင်ဆုံးဖြတ်တော်မူပါ။ 7လူမျိုးတို့သည်စည်းဝေး၍ ကိုယ်တော်ကို ဝန်းရံကြလျက်၊ သူတို့အဖို့ မြင့်ရာအရပ်သို့ ပြန်ကြွတော်မူပါ။ 8ထာဝရဘုရားသည် လူမျိုးတို့ကို တရားစီရင်တော်မူ၏။ အိုထာဝရဘုရား၊ အကျွန်ုပ် ဖြောင့်မတ်ခြင်းကိုလည်းကောင်း၊ စုံလင်ခြင်းကိုလည်းကောင်းထောက်၍ အကျွန်ုပ်အမှုကို စီရင်ဆုံးဖြတ်တော်မူပါ။ 9မတရားသောသူတို့၏ အဓမ္မအမှုကိုဆုံးရှုံး၍၊ တရားသောသူတို့ကို မြဲမြံစေတော်မူပါ။ တရားသဖြင့် ပြုတော်မူသောဘုရား၊ ကိုယ်တော်သည် နှလုံးနှင့် ကျောက်ကပ်ကို စစ်တော်မူတတ်ပါ၏။#ဗျာ၊၂:၂၃။
10သဘောဖြောင့်သောသူတို့ကို ကယ်တင်တတ်သော ဘုရားသခင်သည် ငါ၏အကွယ်အကာ ဖြစ်တော်မူ၏။ 11ဘုရားသခင်သည် တရားသဖြင့်စီရင်သောဘုရားဖြစ်၍၊ မတရားသောသူကို အစဉ်အမျက်ထွက်တော်မူ၏။ 12ထိုသူသည် မပြောင်းလဲလျှင် ဓားတော်ကိုသွေးတော်မူ၏။ လေးတော်ကိုတင်၍ ရွယ်တော်မူ၏။ 13သေစေသော လက်နက်ကိုလည်း သူ့အဖို့ပြင်ဆင်၍ မြားတော်တို့ကို လောင်စေတော်မူ၏။ 14ထိုသူသည် ဒုစရိုက်ဖွားသော ဝေဒနာကိုခံရ၏။ မကောင်းသောအကြံအစည်ကို ပဋိသန္ဓေယူ၍၊ စိတ်ပျက်ခြင်းကို ဖွားမြင်တတ်၏။ 15တွင်းကိုလည်း နက်စွာတူးသဖြင့်၊ မိမိတူးသောတွင်းထဲသို့ မိမိကျတတ်၏။ 16မိမိမကောင်းသော အကြံအစည်သည် မိမိခေါင်းပေါ်မှာပြန်ရောက်၍၊ မိမိကြမ်းတမ်းသောအမှုသည် မိမိခေါင်းထိပ်ပေါ်မှာ သက်ရောက်တတ်၏။ 17ငါမူကား၊ ထာဝရဘုရား၏တရားသောအမှုတော်ကို ချီးမွမ်း၍၊ အမြင့်ဆုံးသောထာဝရဘုရား၏ နာမတော်ကို ထောမနာသီချင်းဆိုပါမည်။
လက်ရှိရွေးချယ်ထားမှု
ဆာလံ 7: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.

: