YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 1

1
နှုတ်​ခွန်း​ဆက်​ခြင်း
1လူ​ဇာ​တိ​အား​ဖြင့် ဒါ​ဝိဒ်​အ​မျိုး​ဖြစ်​တော်​မူ​ထ​သော၊- 2-3သေ​ခြင်း​မှ​ထ​မြောက်​တော်​မူ၍၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​အား​ဖြင့်၊- 4တန်​ခိုး​နှင့်​တ​ကွ ဘု​ရား​သ​ခင်၏​သား​တော် ထင်​ရှား​ဖြစ်​တော်​မူ​သော ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တည်း​ဟူ​သော မိ​မိ​သား​တော်​ကို အ​ကြောင်း​ပြု၍ ဘု​ရား​သ​ခင်​သည် ရှေး​က​မိ​မိ​ပ​ရော​ဖက်​များ​အား​ဖြင့်၊ သန့်​ရှင်း​သော​ကျမ်း​စာ၌ က​တိ​ထား​တော်​မူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​စေ​ခြင်း​ငှာ၊ ရွေး​ချယ်​ခွဲ​ထား၍ တ​မန်​တော်​အ​ရာ၌ ခန့်​ထား​သော ယေ​ရှု​ခ​ရစ်၏​ကျွန် ငါ​ပေါ​လု​သည်၊- 5-6ဘု​ရား​သ​ခင်​ချစ်​တော်​မူ၍၊ သန့်​ရှင်း​သူ​အ​ရာ၌ ခန့်​ထား​သော ရော​မ​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို ကြား​လိုက်​ပါ၏။- 7သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့် အ​ထံ​တော်​က ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။ သ​ခင်​ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​ကို​အ​မှီ​ပြု၍ လူ​မျိုး​အ​ပေါင်း​တို့​သည် ယုံ​ကြည်​နား​ထောင်​စေ​ခြင်း​ငှာ ထို​သ​ခင်​ထံ၌ ကျေး​ဇူး​တော်​နှင့် တ​မန်​တော်​အ​ရာ​ကို ငါ​တို့​သည် ခံ​ရ​ကြ​ပြီ။ ထို​သ​ခင်​ခေါ်​ထား​တော်​မူ​သော သင်​တို့​သည်​လည်း ထို​လူ​မျိုး​တို့၌ အ​ပါ​အ​ဝင်​ဖြစ်​ကြ၏။
ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း
8သင်​တို့၏​ယုံ​ကြည်​ခြင်း​အ​ရာ​သည် မြေ​တစ်​ပြင်​လုံး၌ အ​နှံ့​အ​ပြား ကျော်​စော​သည်​ဖြစ်၍၊ သင်​တို့​အ​ကြောင်း​ကြောင့် ယေ​ရှု​ခ​ရစ်​အား​ဖြင့်၊ ငါ၏​ဘု​ရား​သ​ခင်​ကျေး​ဇူး​တော်​ကို ရှေ့​ဦး​စွာ ငါ​ချီး​မွမ်း၏။- 9ငါ​သည်​သင်​တို့​ကို မ​ခြား​မ​လပ်​အောက်​မေ့၍ အ​စဉ်​မ​ပြတ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သည်​ဟု သား​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ အ​မှု​တော်​ကို စိတ်​ဝိ​ညာဉ်​နှင့်​တ​ကွ ငါ​ဆောင်​ရွက်၍ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​သည် ငါ၏​သက်​သေ​ခံ​ဖြစ်​တော်​မူ၏။- 10မ​ကြာ​မ​မြင့်​မီ ဘု​ရား​သ​ခင်​အ​လို​တော်​အား​ဖြင့် အ​ဆင်​သင့်၍၊ သင်​တို့​ရှိ​ရာ​သို့ ငါ​လာ​ရ​သော​အ​ခွင့် တစ်​စုံ​တစ်​ခု​ရှိ​ပါ​မည်​အ​ကြောင်း ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။- 11သင်​တို့​သည် မြဲ​မြံ​ခိုင်​ခံ့​မည်​အ​ကြောင်း၊ ငါ​သည် သင်​တို့၌ ဝိ​ညာဉ်​ဆု​ကျေး​ဇူး​တစ်​စုံ​တစ်​ခု​ကို အပ်​ပေး​ခြင်း​ငှာ၊ သင်​တို့​ကို အ​လွန်​တွေ့​မြင်​ချင်​ပါ၏။- 12ထို​သို့​ဆို​သော်၊ ငါ​နှင့်​သင်​တို့​သည် ယုံ​ကြည်​သော​အား​ဖြင့် အ​ချင်း​ချင်း အား​ရ​သက်​သာ​ခြင်း​သို့ ရောက်​ကြ​မည်​အ​ကြောင်း​ကို ဆို​လို​သ​တည်း။
13ညီ​အစ်​ကို​တို့၊ ငါ​သည်​အ​ခြား​သော တစ်​ပါး​အ​မျိုး​သား​တို့​တွင် အ​ကျိုး​ကို​ရ​သ​ကဲ့​သို့ သင်​တို့​တွင်​လည်း အ​ကျိုး​တစ်​စုံ​တစ်​ခု​ကို​ရ​ခြင်း​ငှာ၊ သင်​တို့​ရှိ​ရာ​သို့​သွား​မည်​ဟု အ​ဖန်​ဖန်​အ​ကြံ​ရှိ​ကြောင်း​ကို သင်​တို့​မ​သိ​ဘဲ​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ၊ ထို​သို့​အ​ကြံ​ရှိ​သော်​လည်း၊ ယ​ခု​တိုင်​အောင် မြစ်​တား​သော အ​ကြောင်း​ရှိ၏။-#တ၊ ၁၉:၂၁။ 14ဟေ​လ​သ​လူ​ဖြစ်​စေ၊ လူ​ရိုင်း​ဖြစ်​စေ၊ ပ​ညာ​ရှိ​ဖြစ်​စေ၊ ပ​ညာ​မဲ့​ဖြစ်​စေ၊ လူ​အ​မျိုး​မျိုး​တို့၏​ကြွေး​သည် ငါ၌​တင်​လျက်​ရှိ၏။- 15သို့​ဖြစ်​လျှင်၊ ငါ​တတ်​နိုင်​သ​မျှ​အ​တိုင်း ရော​မ​မြို့​သား​ဖြစ်​သော သင်​တို့​အား ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ခြင်း​ငှာ စေ​တ​နာ​စိတ်​ရှိ၏။
သ​တင်း​ကောင်း​၏​တန်​ခိုး
16ငါ​သည် ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့်၊ ရှက်​ကြောက်​ခြင်း​မ​ရှိ။ အ​ကြောင်း​မူ​ကား၊ ထို​တ​ရား​သည် ရှေ့​ဦး​စွာ၌ ယု​ဒ​လူ၊ နောက်၌ ဟေ​လ​သ​လူ၊ ယုံ​ကြည်​သ​မျှ​သော​သူ​အ​ပေါင်း​တို့​ကို ကယ်​တင်​စေ​သော ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​ဖြစ်၏။-#မာ၊ ၈:၃၈။ 17အ​ဘယ်​သို့​ဖြစ်​သ​နည်း ဟူ​မူ​ကား၊ ဖြောင့်​မတ်​သော​သူ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်​ဟု ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ၊ ယုံ​ကြည်​ခြင်း၌​တည်​သော ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​သည်၊ ယုံ​ကြည်​ခြင်း​အ​ဖို့​အ​လို​ငှာ ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့် ထင်​ရှား​လျက်​ရှိ၏။#ဟ​ဗ၊ ၂:၄။
လူ​သား​တို့​၏​အ​ပြစ်​ဒု​စ​ရိုက်
18သ​မ္မာ​တ​ရား​ကို​အ​ဓ​မ္မ​ဖြင့် ဆီး​တား​နှိပ်​စက်​သော​သူ​တို့ ပြု​တတ်​သော ဘု​ရား​မဲ့​နေ​ခြင်း​အ​မှု၊ တ​ရား​ကို လွန်​ကျူး​ခြင်း အ​မှု​အ​မျိုး​မျိုး​တို့ တစ်​ဖက်၌ ဘု​ရား​သ​ခင်၏ အ​မျက်​တော်​သည် ကောင်း​ကင်​မှ ထင်​ရှား​လျက်​ရှိ၏။- 19အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ သိ​အပ်​သော ဘု​ရား​သ​ခင်၏ အ​ကြောင်း​အ​ရာ​တို့​သည် သူ​တို့​တွင် ထင်​ရှား​လျက်​ရှိ၏။ ဘု​ရား​သ​ခင်​သည် သူ​တို့​အား ပြ​တော်​မူ​ပြီ။- 20အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဖန်​ဆင်း​တော်​မူ​သော အ​ရာ​များ​ကို ထောက်​ရှု​သ​ဖြင့်၊ ထာ​ဝ​ရ​တန်​ခိုး​တော်​နှင့် ထာ​ဝ​ရ​အ​ဖြစ်​တော်​တည်း​ဟူ​သော မျက်​မြင်​မ​ရ​သော ဘု​ရား​သ​ခင်၏​အ​ရာ​တို့​သည် က​မ္ဘာ​တည်​သည်​ကာ​လ​မှ​စ၍ ထင်​ရှား​လျက်​ရှိ​ကြ၏။ ထို​ကြောင့်​သူ​တို့​သည် ကိုယ်​အ​ပြစ်​ကို မ​ဖုံး​နိုင်​ရာ။- 21အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို သိ​လျက်​ပင်၊ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​သင့်​သည်​အ​တိုင်း မ​ချီး​မွမ်း၊ ကျေး​ဇူး​တော်​ကို​လည်း မ​သိ​မ​မှတ်၊ အ​ချည်း​နှီး​တွေး​ဆ​ခြင်း၊ သ​တိ​မ​ရှိ​သော​စိတ်​နှ​လုံး​မိုက်​မဲ​ခြင်း​သို့ ရောက်​ကြ၏။-#ဧ၊ ၄:၁၇-၁၈။ 22ပ​ညာ​ရှိ​ယောင်​ဆောင်​လျက်​နှင့် လူ​မိုက်​အ​ရာ၌ တည်​ကြ​သည်​ဖြစ်၍၊- 23မ​ဖောက်​ပြန်​မ​ပျက်​စီး​နိုင်​သော ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို​ပယ်​လျက်၊ ဖောက်​ပြန်​ပျက်​စီး​တတ်​သော လူ၏​ရုပ်​တု၊ သား​ငှက်​အ​စ​ရှိ​သော တွား​တတ်​သော တိ​ရ​စ္ဆာန်၏​ရုပ်​တု​ကို ဘု​ရား​သ​ခင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။#တ​ရား၊ ၄:၁၆-၁၈။
24ထို​ကြောင့်​သူ​တို့​သည် မိ​မိ​တို့​ကိုယ်​ကာ​ယ၏ အ​သ​ရေ​ကို အ​ချင်း​ချင်း​ရှုတ်​ချ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် သူ​တို့​ကို သူ​တို့၏ ကိ​လေ​သာ​စိတ်​ညစ်​ညူး​ခြင်း​လက်​သို့ အပ်​လိုက်​တော်​မူ၏။- 25သူ​တို့​သည် မှန်​သော​ဘု​ရား​သ​ခင့်​အ​ရာ၌ အ​မှား​ကို​ထား​လျက်၊ ဖန်​ဆင်း​တတ်​သော သ​ခင်​ကို​ပယ်၍ ဖန်​ဆင်း​အပ်​သော​အ​ရာ​ကို ဝတ်​ပြု​ကိုး​ကွယ်​သော​သူ ဖြစ်​ကြ၏။ ထို​သ​ခင်​သည် ထာ​ဝ​ရ​မင်္ဂ​လာ​ရှိ​တော်​မူ၏။ အာ​မင်။- 26ထို​သို့​ပြု​ကြ​သော​ကြောင့် ဘု​ရား​သ​ခင်​သည် သူ​တို့​ကို ရှက်​ကြောက်​ဖွယ်​သော ကိ​လေ​သာ​လက်​သို့ အပ်​လိုက်​တော်​မူ၏။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ မိန်း​မ​တို့​သည် ပ​က​တိ​ထုံး​စံ​ကို​စွန့်၍၊ ပ​က​တိ​နှင့် ဆန့်​ကျင်​ဘက်​ထုံး​စံ​ကို လိုက်​ကြ၏။- 27ထို​အ​တူ၊ ယောက်ျား​တို့​သည်​လည်း မိန်း​မ​နှင့် ဆက်​ဆံ​ခြင်း ပ​က​တိ​ထုံး​စံ​ကို​စွန့်၍ အ​ချင်း​ချင်း ကိ​လေ​သာ​စိတ်​ပူ​လောင်​သ​ဖြင့်၊ ရှက်​ကြောက်​ဖွယ်​သော​အ​မှု​ကို ယောက်ျား​ချင်း​ပြု​လျက်၊ မိ​မိ​တို့ မှား​ယွင်း​ခြင်း​နှင့်​အ​လျောက် မိ​မိ​တို့​အ​ပြစ်​ဒဏ်​ကို ခံ​ရ​ကြ၏။- 28ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​မ​မှတ်​လို​သည်​ဖြစ်၍၊ မ​လျောက်​ပတ်​သော အ​မှု​ကို ပြု​စေ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် သူ​တို့​ကို မော​ဟ​လက်​သို့ အပ်​လိုက်​တော်​မူ​သည်​နှင့်​အ​ညီ၊- 29သူ​တို့​သည်​အ​လုံး​စုံ​သော အ​ဓ​မ္မ​ကျင့်​ခြင်း၊ မ​တ​ရား​သော မေ​ထုန်​ကို​ပြု​ခြင်း၊ ဆိုး​ညစ်​ခြင်း၊ လော​ဘ​လွန်​ကျူး​ခြင်း၊ မ​နာ​လို​ခြင်း၊ ငြူ​စူ​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊ ရန်​တွေ့​ခြင်း၊ လှည့်​ဖြား​ခြင်း၊ သူ​တစ်​ပါး​ကို မြင်​ပြင်း​ခြင်း​တို့​နှင့် ပြည့်​စုံ​သော​သူ၊ ချော​စား​သော​သူ၊- 30ဆဲ​ရေး​သော​သူ၊ ဘု​ရား​သ​ခင်​ကို​မုန်း​သော​သူ၊ ကြမ်း​တမ်း​သော​သူ၊ မာ​န​ထောင်​လွှား​သော​သူ၊ ဝါ​ကြွား​သော​သူ၊ မ​တတ်​ကောင်း​သော အ​တတ်​ကို​စီ​ရင်​သော​သူ၊ မိ​ဘ​စ​ကား​ကို နား​မ​ထောင်​သော​သူ၊ သ​တိ​မ​ရှိ​သော​သူ၊ သ​စ္စာ​ပျက်​သော​သူ၊- 31မိ​ဘ သား​မ​ယား​စ​သည်​တို့​ကို မ​ချစ်​သော​သူ၊ ရန်​ငြိုး​ထား​သော​သူ၊ သ​နား​ခြင်း က​ရု​ဏာ​စိတ်​မ​ရှိ​သော​သူ ဖြစ်​ကြ၏။- 32ထို​သို့ ကျင့်​သော​သူ​တို့​သည် သေ​ပြစ်​ကို​ခံ​ထိုက်​သည်​ဟု ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​ကြောင်း​ကို ထို​သူ​တို့​သည် သိ​လျက်​ပင် ကိုယ်​တိုင်​ကျင့်​သည်​သာ​မ​က၊ ထို​သို့​ကျင့်​သော​သူ​တို့၌ အား​ရ​ဝမ်း​မြောက်​ကြ၏။

လက်ရှိရွေးချယ်ထားမှု

ရောမ 1: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ