ရောမ 2
2
ဖြောင့်မတ်သောတရားစီရင်ခြင်း
1သူတစ်ပါးကို စစ်ကြောစီရင်တတ်သောသူ၊ သင်သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။ အကြောင်းမူကား၊ သင်သည်စစ်ကြောစီရင်သော အမှုကိုပင် ကိုယ်တိုင်ပြုသည်ဖြစ်၍၊ သူတစ်ပါးကို စစ်ကြောစီရင်သည်တွင် ကိုယ်အပြစ်ရှိကြောင်းကို စီရင်ဆုံးဖြတ်ရာရောက်၏။-#မ၊ ၇:၁။ လု၊ ၆:၃၇။ 2ဘုရားသခင်သည် ထိုသို့ပြုသောသူတို့ကို စီရင်တော်မူခြင်းအရာသည် သမ္မာတရားနှင့် ညီသည်ကို ငါတို့သိကြ၏။- 3ထိုသို့သောအမှုကို ကိုယ်တိုင်ပြုလျက်ပင်၊ သူတစ်ပါးပြုသည်ကို စစ်ကြောစီရင်သောသူ၊ သင်သည် ဘုရားသခင်စီရင်တော်မူခြင်းနှင့် လွတ်မည်ဟု ထင်မှတ်သလော။- 4ဘုရားသခင်၏ ကျေးဇူးတော်သည် သင့်ကို နောင်တလမ်းသို့ သွေးဆောင်သည်ကို မသိမမှတ်ဘဲ၊ ကြွယ်ဝစွာ ကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော။- 5ထိုသို့ပြုလျှင် စိတ်ခိုင်မာ၍ နောင်တမရသည်နှင့်အညီ ဒေါသနေ့တည်းဟူသော ဘုရားသခင်၏ တရားတော်ထင်ရှားသောနေ့၌ ကိုယ်ခံစရာဖို့ အမျက်ဒေါသကို ဆည်းပူးသလော။- 6ဘုရားသခင်သည် လူအသီးအသီးတို့အား မိမိတို့ အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတ္တံ့၊-#ဆာ၊ ၆၂:၁၂။ သု၊ ၂၄:၁၂။ 7ကောင်းသောအကျင့်ကို အမြဲကျင့်၍၊ ဘုန်းအသရေကိုလည်းကောင်း၊ မဖောက်ပြန်သော ဇာတိကိုလည်းကောင်း၊ ရှာသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလတ္တံ့၊- 8ငြင်းဆန်သောသဘောရှိ၍၊ သမ္မာတရားကို နားမထောင်ဘဲ မတရားသဖြင့် ကျင့်သောသူတို့ကိုကား၊ ပြင်းစွာသော ဒေါသအမျက်ထွက်တော်မူလတ္တံ့၊- 9ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ဟေလသလူ၊ ဆိုးညစ်သောအမှုကို ပြုသောသူရှိသမျှတို့သည် ကြီးစွာသော ဆင်းရဲဒုက္ခဝေဒနာကို ခံရကြလတ္တံ့၊- 10ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ဟေလသလူ၊ ကောင်းသောအကျင့်ကို ကျင့်သောသူရှိသမျှတို့သည် ဘုန်းအသရေချမ်းသာကို ခံစားရကြလတ္တံ့။- 11ဘုရားသခင်သည် အဘယ်သူ၏မျက်နှာကိုမျှ မှတ်တော်မမူ။#တရား၊ ၁၀:၁၇။
12ပညတ်တရားကို မသိဘဲပြစ်မှားသော သူတို့သည် ပညတ်တရားမဲ့ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ ပညတ်တရားကို သိလျက်ပင် ပြစ်မှားသောသူတို့သည် ပညတ်တရား၏စီရင်ခြင်းကို ခံရကြလိမ့်မည်။- 13အကြောင်းမူကား၊ တရားနာသောသူသည် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်သည်မဟုတ်။ တရားကို ကျင့်သောသူသာလျှင် ဖြောင့်မတ်ရာသို့ ရောက်လိမ့်မည်။- 14သာသနာပလူတို့သည် ပညတ်တရားတော်ကို မသိဘဲ၊ ကိုယ်အလိုအလျောက် တရားတော်ကို ကျင့်သောအခါ၊ သူတို့သည် ပညတ်တရားတော်ကို မသိဘဲ၊ ကိုယ်ကျင့်တရားကို အမှီပြုသဖြင့်လည်းကောင်း၊- 15ကိုယ်ကိုကိုယ်သိသောစိတ်နှလုံးသည် သက်သေခံသဖြင့်လည်းကောင်း၊ အချင်းချင်း ဆွေးနွေးဆင်ခြင်၍ အပြစ်တင်လျက်၊ လွှတ်လျက်နေသဖြင့်လည်းကောင်း၊ မိမိတို့စိတ်နှလုံးထဲ၌ မှတ်သားသော တရား၏အကျိုးကို ထင်ရှားစွာ ပြကြ၏။- 16ငါဟောပြောသော ဧဝံဂေလိတရားအတိုင်း၊ ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် လူတို့၏ မထင်ရှားသော အမှုအရာတို့ကို စစ်ကြော စီရင်တော်မူသောနေ့၌ ထိုသို့စီရင်တော်မူလတ္တံ့။
ယုဒအမျိုးသားနှင့်ပညတ်တရား
17သင်သည် ယုဒလူဟုသမုတ်ခြင်းကို ခံသောသူ၊ ပညတ်တရားတော်ကို ကိုးစားသောသူ၊ ဘုရားသခင်ကို အမှီပြု၍ ဝါကြွားသောသူ၊- 18အလိုတော်ကိုသိသောသူ၊ ပညတ်တရားတော်ကို လေ့ကျက်သဖြင့် ခြားနားသောအရာတို့ကို ပိုင်းခြားတတ်သောသူဖြစ်သည်နှင့်၊- 19လူကန်းတို့အား လမ်းပြသောသူ၊ မှောင်မိုက်၌ နေသောသူတို့ကို လင်းစေသောသူ၊- 20လူမိုက်တို့ကို ဆုံးမတတ်သောသူ၊ သူငယ်တို့ကို နည်းပေးသောသူ၊ ပညတ်တရားတော်အားဖြင့် ပညာကိုလည်းကောင်း၊ သမ္မာတရားကိုလည်းကောင်း ရိပ်မိသောသူဖြစ်သည်ဟူ၍၊ ကိုယ်ကို ထင်မှတ်တတ်သည်မှန်လျှင်၊- 21သူတစ်ပါးကိုဆုံးမလျက်ပင် ကိုယ်ကို မဆုံးမသလော။ သူ့ဥစ္စာကို မခိုးနှင့်ဟု တရားဟောလျက်ပင် ကိုယ်တိုင်ခိုးသလော။- 22သူ့မယားကို မပြစ်မှားနှင့်ဟုဆိုလျက်ပင် ကိုယ်တိုင်ပြစ်မှားသလော။ ရုပ်တုကိုစက်ဆုပ်ရွံရှာလျက်ပင် ဗိမာန်တော်ကို လုယူဖျက်ဆီးသလော။- 23ပညတ်တရားတော်ကိုအမှီပြု၍ ဝါကြွားလျက်ပင် ထိုတရားကို လွန်ကျူး၍ ဘုရားသခင်၏ ဂုဏ်အသရေတော်ကို ရှုတ်ချသလော။- 24အကြောင်းမူကား၊ ကျမ်းစာ၌ လာသည်နှင့်အညီ၊ တစ်ပါးအမျိုးသားတို့သည် သင်တို့အကျင့်ကို ထောက်၍ ဘုရားသခင်၏နာမတော်ကို ကဲ့ရဲ့တတ်ကြ၏။-#ဟေရှာ၊ ၅၂:၅။
25သင်သည် ပညတ်တရားကို ကျင့်လျှင်၊ အရေဖျားလှီးခြင်းအားဖြင့် အကျိုးရှိ၏။ ပညတ်တရားကို လွန်ကျူးလျှင်၊ သင်၏အရေဖျားလှီးခြင်းသည် အရေဖျားမလှီးဘဲ ဖြစ်ပြန်၏။- 26ထိုမှတစ်ပါး၊ အရေဖျားလှီးခြင်းကို မခံသောသူသည် တရား၌ပါသောပညတ်တို့ကို စောင့်ရှောက်လျှင်၊ ထိုသူ၏ အရေဖျားမလှီးဘဲအဖြစ်ကို အရေဖျားလှီးခြင်းအဖြစ်ကဲ့သို့ မှတ်ရသည်မဟုတ်လော။- 27အရေဖျားလှီးခြင်းကို မခံသောသူသည်လည်း ကိုယ်အလိုအလျောက် ပညတ်တရားကို ကျင့်လျှင်၊ ကျမ်းစာနှင့် အရေဖျားလှီးခြင်းရှိလျက်ပင် ပညတ်တရားကို လွန်ကျူးသောသင်ကို တရားတွေ့၍ အရှုံးခံစေမည်မဟုတ်လော။- 28အကြောင်းမူကား၊ အပြင်အားဖြင့်သာ ယုဒလူဖြစ်သောသူသည် ယုဒလူမှန်မဟုတ်။ အပြင်အားဖြင့်သာ ကိုယ်အသား၌ အရေဖျားလှီးခြင်းသည် အရေဖျားလှီးခြင်း အမှန်မဟုတ်။- 29အတွင်းအားဖြင့် ယုဒလူဖြစ်သောသူသည် ယုဒလူမှန်၏။ အရေဖျားလှီးခြင်းလည်း ကျမ်းဟောင်းတရားအားဖြင့် မဟုတ်ဘဲ၊ ဝိညာဉ်တော်တရားအားဖြင့် စိတ်နှလုံးနှင့် စပ်ဆိုင်၏။ ထိုသို့အရေးဖျားလှီးခြင်းကို ခံသောသူ၏အချီးအမွမ်းသည် လူအလိုနှင့် မဆိုင်၊ ဘုရားသခင့်အလိုတော်နှင့် ဆိုင်သတည်း။#တရား၊ ၃၀:၆။
လက်ရှိရွေးချယ်ထားမှု
ရောမ 2: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.

:
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fen.png&w=128&q=75)