YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 4

4
အာ​ဗြ​ဟံ​၏​စံ​န​မူ​နာ
1ထို​သို့​ဖြစ်​လျှင်၊ ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​သည် ဇာ​တိ​ပ​က​တိ​အား​ဖြင့် အ​ဘယ်​အ​ကျိုး​ကို​ရ​သ​နည်း။- 2အာ​ဗြ​ဟံ​သည် အ​ကျင့်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​သည်​မှန်​လျှင် ဝါ​ကြွား​စ​ရာ​အ​ကြောင်း​ရှိ၏။ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ထို​သို့​မ​ဟုတ်။- 3ကျမ်း​စာ၌ အ​ဘယ်​သို့​လာ​သ​နည်း။ အာ​ဗြ​ဟံ​သည် ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​သည်​ဖြစ်၍၊ သူ၏​ယုံ​ကြည်​ခြင်း​ကို ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​တော်​မူ၏။-#က၊ ၁၅:၆။ ဂ​လ၊ ၃:၆။ 4အ​ကျင့်​ရှိ​သော​သူ​မည်​သည်​ကား၊ ကျေး​ဇူး​အား​ဖြင့် အ​ကျိုး​ကို ခံ​ရ​သည်​မ​ဟုတ်။ ခံ​ထိုက်​သော​အား​ဖြင့် ခံ​ရ၏။- 5အ​ကျင့်​မ​ရှိ​သော​သူ​မည်​သည်​ကား၊ မ​တ​ရား​သော​သူ၏​အ​ပြစ်​ကို ဖြေ​သော​သူ​ကို ယုံ​ကြည်​လျှင်၊ သူ၏​ယုံ​ကြည်​ခြင်း​ကို ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​လျက်​ရှိ၏။- 6ထို​အ​တူ၊ ဘု​ရား​သ​ခင်​သည် အ​ကျင့်​ကို မ​ထောက်​ဘဲ​လျက် ပေး​တော်​မူ​သော ဖြောင့်​မတ်​ခြင်း​ကို ရ​သော​သူ၏​မင်္ဂ​လာ​ကို ဒါ​ဝိဒ်​သည်​ရည်​မှတ်၍ ဆို​သည်​ကား၊- 7အ​ပြစ်​မှ​လွှတ်​ခြင်း၊ ဒု​စ​ရိုက်​အ​ပြစ်​ကို ဖုံး​အုပ်​ခြင်း​သို့ ရောက်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။- 8ထာ​ဝ​ရ​ဘု​ရား​အ​ပြစ်​တင်​တော်​မူ​ခြင်း​နှင့် လွတ်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏​ဟု ပြော​ဆို​သ​တည်း။#ဆာ၊ ၃၂:၁-၂။
9အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော သူ​တို့​သာ​လျှင် ထို​မင်္ဂ​လာ​ကို ရ​ကြ​သ​လော။ သို့​မ​ဟုတ် အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော လူ​တို့​သည်​လည်း ရ​ကြ​သ​လော။ အ​ဘယ်​ကြောင့် မေး​သ​နည်း​ဟူ​မူ​ကား၊ ယုံ​ကြည်​ခြင်း​ကို အာ​ဗြ​ဟံ၌ ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​သည်​ဟု ဆို​ကြ၏။- 10ထို​သို့​ဆို​သော် အ​ဘယ်​သို့ မှတ်​သ​နည်း။ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​ပြီး​မှ မှတ်​သ​လော။ မ​ခံ​မီ မှတ်​သ​လော။ ခံ​ပြီး​မှ​မှတ်​သည် မ​ဟုတ်။ မ​ခံ​မီ မှတ်​သ​တည်း။- 11အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​ဘဲ ယုံ​ကြည်​သော​သူ​တို့​သည် ဖြောင့်​မတ်​ခြင်း​ရှိ​သည်​ဟု မှတ်​စ​ရာ​အ​ကြောင်း​ရှိ​စေ​ခြင်း​ငှာ၊-#က၊ ၁၇:၁၀။ 12ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​သည် ထို​သူ​အ​ပေါင်း​တို့၏ အ​ဘ​ဖြစ်​အံ့​သော​ငှာ​လည်း​ကောင်း၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သည်​သာ​မ​က၊ ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​မီ ရှိ​သော ယုံ​ကြည်​ခြင်း​လမ်း​သို့​လိုက်​သော သူ​တို့၏​အ​ဘ ဖြစ်​အံ့​သော​ငှာ​လည်း​ကောင်း၊ အာ​ဗြ​ဟံ​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​မီ​ရှိ​သော ယုံ​ကြည်​ခြင်း၏​ဖြောင့်​မတ်​ခြင်း တံ​ဆိပ်​တည်း​ဟူ​သော အ​ရေ​ဖျား​လှီး​ခြင်း၏ လ​က္ခ​ဏာ​ကို ခံ​ရ​သ​တည်း။
ယုံ​ကြည်​ခြင်း​အား​ဖြ​င့်​က​တိ​တော် ခံ​စား​ရ​ခြင်း
13ထို​မှ​တစ်​ပါး၊ ဤ​လော​က​ကို အ​မွေ​ခံ​စေ​မည်​ဟု က​တိ​တော်​ကို အာ​ဗြ​ဟံ​မှ​စ​သော သူ၏​အ​မျိုး​အ​နွယ်​တို့​သည် ပ​ညတ်​တ​ရား​အား​ဖြင့် ရ​ကြ​သည်​မ​ဟုတ်။ ယုံ​ကြည်​ခြင်း၏​ဖြောင့်​မတ်​ခြင်း​အား​ဖြင့် ရ​ကြ၏။-#က၊ ၁၇:၄-၆၊ ၂၂:၁၇-၁၈။ ဂ​လ၊ ၃:၂၉။ 14အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား​နှင့် ဆိုင်​သော​သူ​တို့​သည် အ​မွေ​ခံ​ဖြစ်​သည်​မှန်​လျှင်၊ ယုံ​ကြည်​ခြင်း​တ​ရား​ကို​ပယ်​ပြီ။ က​တိ​တော်​လည်း အ​ချည်း​နှီး​ဖြစ်၏။-#ဂ​လ၊ ၃:၁၈။ 15ပ​ညတ်​တ​ရား​သည်​ကား အ​မျက်​ဒေါ​သ​နှင့် စပ်​ဆိုင်၏။ ပ​ညတ်​တ​ရား​မ​ရှိ​လျှင်၊ လွန်​ကျူး​ခြင်း အ​ပြစ်​မ​ရှိ။- 16ထို​ကြောင့်၊ က​တိ​တော်​သည် ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော အ​မျိုး​အ​နွယ်​တို့၌ ပြည့်​စုံ​သည်​သာ​မ​က၊ အာ​ဗြ​ဟံ၏ ယုံ​ကြည်​ခြင်း​တ​ရား​နှင့် ဆိုင်​သော​သူ​တို့၌ ပြည့်​စုံ​လျက်၊ အာ​ဗြ​ဟံ၏ အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့၌ ပြည့်​စုံ​မည်​အ​ကြောင်း၊ ကျေး​ဇူး​တော်​ကြောင့် ဖြောင့်​မတ်​ရာ​သို့​ရောက်​စေ​ခြင်း​ငှာ၊ ယုံ​ကြည်​ခြင်း​တ​ရား​ကို​သာ အ​မှီ​ပြု၍ ရောက်​နိုင်၏။-#ဂ​လ၊ ၃:၇။ 17ငါ​သည် သင့်​ကို လူ​မျိုး​အ​များ​တို့၏​အ​ဘ ဖြစ်​စေ၏​ဟု ကျမ်း​စာ၌​လာ​သည်​နှင့်​အ​ညီ၊ ထို​အာ​ဗြ​ဟံ​သည်​ကား၊ သေ​လွန်​သော​သူ​တို့​ကို ရှင်​စေ​တော်​မူ​ထ​သော၊ မ​ဖြစ်​သေး​သော​အ​ရာ​တို့​ကို ဖြစ်​သော​အ​ရာ​ကဲ့​သို့ မှာ​ထား​တော်​မူ​သော ဘု​ရား​သ​ခင်​တည်း​ဟူ​သော၊ ကိုယ်​တိုင်​ယုံ​ကြည်​သော ဘု​ရား​ရှေ့​တော်၌ ခပ်​သိမ်း​သော​ငါ​တို့၏​အ​ဘ ဖြစ်​သ​တည်း။-#က၊ ၁၇:၅။ 18သင်၏​အ​မျိုး​အ​နွယ်​သည် ထို​သို့​ဖြစ်​လိမ့်​မည်​ဟူ​သော ဗျာ​ဒိတ်​တော်​အ​တိုင်း၊ မိ​မိ​သည် လူ​မျိုး​အ​များ​တို့၏ အ​ဘ​ဖြစ်​မည်​ဟု မျှော်​လင့်​စ​ရာ​အ​ကြောင်း​မ​ရှိ​ဘဲ​လျက် ယုံ​ကြည်၍ မျှော်​လင့်​လေ၏။-#က၊ ၁၅:၅။ 19ယုံ​ကြည်​အား​ကြီး​သည်​ဖြစ်၍ မိ​မိ​အ​သက်​သည် အ​နှစ်​တစ်​ရာ​လောက်​ရှိ​သ​ဖြင့်၊ မိ​မိ​ကိုယ်​သည် အ​သေ​ကဲ့​သို့ ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ မိ​မိ​ခင်​ပွန်း စာ​ရာ၏​ဝမ်း​သည် သေ​ကြောင်း​ကို​လည်း​ကောင်း မ​အောက်​မေ့၊-#က၊ ၁၇:၁၇။ 20ယုံ​မှား​သော​စိတ်​နှင့်​ကင်း၍ ဘု​ရား​သ​ခင်၏ က​တိ​တော်​ကို တွေး​တော​ခြင်း​မ​ရှိ၊ ယုံ​ကြည်​အား​ကြီး​သ​ဖြင့် ဘု​ရား​သ​ခင်​ကို ချီး​မွမ်း၍၊- 21က​တိ​ထား​တော်​မူ​သော​သူ​သည် က​တိ​တော်​အ​တိုင်း တတ်​နိုင်​တော်​မူ​သည်​ကို စိတ်​စွဲ​လမ်း​လေ၏။- 22ထို​ကြောင့်၊ သူ၏​ယုံ​ကြည်​ခြင်း​ကို သူ၏​ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​တော်​မူ၏။
23ထို​သို့​မှတ်​တော်​မူ​သည်​ဟု အာ​ဗြ​ဟံ​အ​ကျိုး​အ​လို​ငှာ​သာ ကျမ်း​စာ၌ ရေး​ထား​သည်​မ​ဟုတ်။- 24ငါ​တို့​အ​ကျိုး​အ​လို​ငှာ ရေး​ထား​သ​တည်း။ ငါ​တို့ သ​ခင်​ယေ​ရှု​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော​သူ​ကို ငါ​တို့​သည် ယုံ​ကြည်​လျှင်၊ ထို​ယုံ​ကြည်​ခြင်း​ကို ငါ​တို့၏​ဖြောင့်​မတ်​ခြင်း​ဟု မှတ်​တော်​မူ​လ​တ္တံ့။- 25ထို​သ​ခင်​ယေ​ရှု​သည် ငါ​တို့​အ​ပြစ်​ကြောင့် အပ်​နှံ​ခြင်း​ကို ခံ​တော်​မူ၏။ ငါ​တို့​သည် ဖြောင့်​မတ်​ရာ​သို့ ရောက်​မည်​အ​ကြောင်း ထ​မြောက်​တော်​မူ၏။#ဟေ​ရှာ၊ ၅၃:၄-၅။

လက်ရှိရွေးချယ်ထားမှု

ရောမ 4: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ