YouVersion လိုဂို
ရှာရန် အိုင်ကွန်

သီချင်း 8

8
အ​ချစ်၏​စွမ်း​အား
1ကိုယ်​တော်​သည် ကျွန်​မ၏ မိ​ခင်​နို့​ကို​စို့​သော မောင်​ရင်း​ကဲ့​သို့ ဖြစ်​စေ​ချင်​ပါ၏။ သို့​ဖြစ်​လျှင်၊ ကျွန်​မ​သည် ပြင်​မှာ​တွေ့၍ နမ်း​ပါ​လိမ့်​မည်။ သူ​တစ်​ပါး​မ​ကဲ့​ရဲ့​ရ။ 2ကိုယ်​တော်​ကို လက်​ဆွဲ၍၊ မိ​ခင်၏​အိပ်​ခန်း​ထဲ​သို့ ဆောင်​သွား​ပါ​လိမ့်​မည်။ သူ​သည်​လည်း ကျွန်​မ​ကို သွန်​သင်​သ​ဖြင့်၊ ကျွန်​မ​သည် ဆေး​ရော​သော စ​ပျစ်​ရည်​နှင့် ကျွန်​မ​သ​လဲ​ရည်​ကို ကိုယ်​တော်​အား သောက်​တော်​မူ​ပါ​စေ​မည်။ 3သ​ခင်၏​လက်​ဝဲ​လက်​သည် ငါ့​ခေါင်း​ကို​ထောက်​မ​လျက်၊ လက်​ယာ​လက်​သည် ငါ့​ကို​ဖက်​လျက် နေ​တော်​မူ​ပါ​စေ။
4ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ ငါ​ချစ်​သော သ​တို့​သ​မီး​သည် အ​လို​လို​မ​နိုး​မီ​တိုင်​အောင်၊ မ​လှုပ်​မ​နှိုး​မည်​အ​ကြောင်း၊ တော၌​ကျင်​လည်​သော သ​မင်​ဒ​ရယ်​များ​ကို တိုင်​တည်၍ သင်​တို့​ကို ငါ​မှာ​ထား၏။
5မိ​မိ​ချစ်​ရာ​သ​ခင်၌ မြှောင်၍​တော​ထဲ​က လာ​သော​ထို​သူ​ကား၊ အ​ဘယ်​သူ ဖြစ်​ပါ​လိမ့်​မည်​နည်း။
ငါ​သည်​ရှောက်​ချို​ပင်​အောက်​မှာ သ​င့်​ကို​နှိုး​ဆော်​ခဲ့​ပြီ။ ထို​အ​ရပ်၌ သင်၏​မိ​ခင်​သည် သ​င့်​ကို​ပေး​စား​ခဲ့​ပြီ။ ထို​အ​ရပ်၌​သ​င့်​ကို ဖွား​မြင်​သော​သူ​သည် သ​င့်​ကို​ပေး​စား​ခဲ့​ပြီ။
6ကျွန်​မ​ကို ကိုယ်​တော်၏​နှ​လုံး​ပေါ်​မှာ တံ​ဆိပ်​ခတ်​တော်​မူ​ပါ။ လက်​ရုံး​တော်​ပေါ်​မှာ တံ​ဆိပ်​ခတ်​တော်​မူ​ပါ။ အ​ကြောင်း​မူ​ကား၊ မေ​တ္တာ​သည် သေ​ခြင်း​နှင့်​အ​မျှ တန်​ခိုး​ကြီး​ပါ၏။ ခင်​ပွန်း​ကို မ​ယုံ​သော​စိတ်​သ​ဘော​သည် မ​ရ​ဏနိုင်​ငံ​နှင့်​အ​မျှ ခက်​ထန်​ပါ၏။ သူ၏​အ​ရှိန်​သည် မီး​အ​ရှိန်၊ လျှပ်​စစ်​အ​ရှိန် ဖြစ်​ပါ၏။
7သို့​ရာ​တွင်၊ ရေ​များ​တို့​သည် မေ​တ္တာ​ကို မ​သတ်​နိုင်။ မြစ်​ရေ​တို့​သည် မ​လွှမ်း​မိုး​နိုင်။ လူ​သည် မိ​မိ​အိမ်၌ ရှိ​သ​မျှ​သော ပ​စ္စည်း​ဥ​စ္စာ​တို့​ကို မေ​တ္တာ​ဖို့​ပေး​ချင်​သော်​လည်း၊ အ​လွန်​တ​ရာ​မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို ခံ​ရ​လိမ့်​မည်။
8ငါ​တို့၌ ညီ​မ​ငယ်​တစ်​ယောက်​ရှိ၏။ သူ​သည် သား​မြတ်​မ​ပေါ်​သေး။ ထို​ညီ​မ​ကို တောင်း​သော​အ​ခါ၌၊ သူ့​အ​ဖို့ အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း။
9သူ​သည်​မြို့​ရိုး​ဖြစ်​လျှင်၊ သူ့​အ​ပေါ်​မှာ​ငွေ​ပြ​အိုး​ကို ဆောက်​မည်။ တံ​ခါး​ဖြစ်​လျှင် အာ​ရဇ်​ပျဉ်​ပြား​ဖြင့် ခိုင်​ခံ့​စေ​မည်။
10ငါ​သည် မြို့​ရိုး​ဖြစ်၏။ ငါ့​သား​မြတ်​တို့​သည် ပြ​အိုး​ကဲ့​သို့​ဖြစ်​ကြ၏။ သို့​ဖြစ်၍၊ ရှေ့​တော်၌ မျက်​နှာ​ရ​သော​ကျေး​ဇူး​ရှိ၏။ 11ဗာ​လ​ဟာ​မုန်​ပြည်၌ ရှော​လ​မုန်​မင်း၏​စ​ပျစ်​ဥ​ယျာဉ်​တော်​တစ်​ဆူ​ရှိ၏။ ဥ​ယျာဉ်​စောင့်​တို့၌​ငှား​သ​ဖြင့် သူ​တို့​သည် အ​သီး​ကို စား​ရ​သည်​အ​တွက် ငွေ​တစ်​ထောင်​စီ​ဆက်​ရ​ကြ၏။ 12ငါ​ပိုင်​သော စ​ပျစ်​ဥ​ယျာဉ်​သည် ငါ့​ရှေ့​မှာ​ရှိ၍၏။ အို​ရှော​လ​မုန်၊ ငွေ​တစ်​ထောင်​ကို ကိုယ်​တော်​အား​ဆက်၍ အ​သီး​ကို​စောင့်​သော သူ​တို့​သည် နှစ်​ရာ​ကို​ယူ​ရ​ကြ၏။
13ဥ​ယျာဉ်​တို့၌ နေ​သော​သူ၊ သင်၏​စ​ကား​သံ​ကို သင်၏ အ​ပေါင်း​အ​ဖော်​တို့​သည် နား​ထောင်​တတ်​ကြ၏။ ငါ​သည်​လည်း ကြား​ပါ​ရ​စေ။
14အ​လျင်​အ​မြန် ကြွ​လာ​တော်​မူ​ပါ၊ ငါ​ချစ်​ရာ​သ​ခင်။ နံ့​သာ​တောင်​ပေါ်​မှာ သ​မင်​ဒ​ရယ်​သ​ငယ်​ကဲ့​သို့ ပြု​တော်​မူ​ပါ။
ရှော​လ​မုန်​မင်း​ကြီး​သည် ခ​ရစ်​တော်​နှင့်​အ​သင်း​တော်၏ မေ​တ္တာ​ကို​အ​ကြောင်း​ပြု၍ စီ​ရင်​ရေး​ထား​သော သီ​ချင်း​စာ​ပြီး၏။

လက်ရှိရွေးချယ်ထားမှု

သီချင်း 8: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ