YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဇာခရိ 14

14
ယေ​ရု​ရှ​လင်​မြို့​နှင့် လူ​မျိုး​အပေါင်း
1ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​သည် ရောက်​သော​အ​ခါ၊ သူ​တစ်​ပါး​တို့​သည် သင်၏​ဥ​စ္စာ​ကို​လု​ယူ၍ သင့်​အ​လယ်၌ ဝေ​ဖန်​ကြ​လိမ့်​မည်။ 2ယေ​ရု​ရှ​လင်​မြို့​ကို တိုက်​စေ​ခြင်း​ငှာ၊ လူ​မျိုး​အ​ပေါင်း​တို့​ကို ငါ​စု​ဝေး​စေ​မည်။ မြို့​ကို​တိုက်​ယူ​ပြီး​လျှင်၊ အိမ်​တို့​ကို​လု​ယက်၍ မိန်း​မ​တို့​ကို အ​ဓ​မ္မ​ပြု​ကြ​လိမ့်​မည်။ မြို့​သား​တစ်​ဝက်​ကို​သိမ်း​သွား၍ တစ်​ဝက်​သာ မြို့၌​ကျန်​ကြွင်း​လိမ့်​မည်။
3ထာ​ဝ​ရ​ဘု​ရား​သည်​လည်း စစ်​တိုက်​ရာ​ကာ​လ၌ တိုက်​သ​ကဲ့​သို့၊ ထို​လူ​မျိုး​တို့​ကို တိုက်​သွား​တော်​မူ​မည်။ 4ထို​နေ့​ရက်၌ ခြေ​တော်​သည် ယေ​ရု​ရှ​လင်​မြို့ အ​ရှေ့၊ သံ​လွင်​တောင်​ပေါ်​မှာ​ရပ်၍၊ သံ​လွင်​တောင်​သည် အ​ရှေ့​ဘက်​မှ အ​နောက်​ဘက်​တိုင်​အောင် အ​လယ်၌​ကွဲ​သ​ဖြင့်၊ အ​လွန်​ကြီး​သော​ချိုင့်​ဖြစ်​လိမ့်​မည်။ တောင်​တစ်​ဝက်​သည် မြောက်​ဘက်​သို့​လည်း​ကောင်း၊ တစ်​ဝက်​သည် တောင်​ဘက်​သို့​လည်း​ကောင်း ရွှေ့​ရ​လိမ့်​မည်။ 5သင်​တို့​သည် ငါ့​တောင်​ကြား​ချိုင့်​လမ်း​ဖြင့် ပြေး​ကြ​လိမ့်​မည်။ ထို​ချိုင့်​သည် အာ​ဇ​လ​မြို့​တိုင်​အောင် မီ လိမ့်​မည်။ ယု​ဒ​ရှင်​ဘု​ရင် ဩ​ဇိ​မင်း​လက်​ထက်၊ မြေ​ကြီး​လှုပ်၍ သင်​တို့​သည် ပြေး​သ​ကဲ့​သို့ တစ်​ဖန် ပြေး​ကြ​လိမ့်​မည်။ ငါ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကြွ​လာ​တော်​မူ၍၊ မိ​မိ​သန့်​ရှင်း​သူ​အ​ပေါင်း​တို့​သည် ပါ​ကြ​လိမ့်​မည်။ 6ထို​နေ့​ရက်၌ အ​လင်း​မ​ရှိ၊ မြတ်​သော​အ​ရာ​တို့​သည် ယုတ်​လျော့​လိမ့်​မည်။ 7နေ့​မ​ဟုတ်၊ ည​မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား သိ​တော်​မူ​သော​နေ့​ရက်​တစ်​ရက်​ဖြစ်၍၊ ညဉ့်​ဦး​ယံ​အ​ချိန်​ရောက်​မှ လင်း​လိမ့်​မည်။ 8ထို​နေ့​ရက်၌ အ​သက်​ရေ​သည် ယေ​ရု​ရှ​လင်​မြို့​မှ​ထွက်၍၊ နွေ​ကာ​လ​ဖြစ်​စေ၊ ဆောင်း​ကာ​လ​ဖြစ်​စေ၊ အ​ရှေ့​ပင်​လယ်​သို့ တစ်​ဝက်၊ အ​နောက်​ပင်​လယ်​သို့ တစ်​ဝက် စီး​သွား​လိမ့်​မည်။#ယေ​ဇ၊ ၄၇:၁။ ယော၊ ၇:၃၈။ ဗျာ၊ ၂၂:၁။ 9ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ပြည်​လုံး​တွင် ရှင်​ဘု​ရင် ဖြစ်​တော်​မူ​မည်။ ထို​နေ့​ရက်၌ ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း၊ နာ​မ​တော်​တစ်​ပါး​တည်း ဖြစ်​တော်​မူ​မည်။ 10ဂေ​ဘ​မြို့​မှ​သည် ယေ​ရု​ရှ​လင်​မြို့ တောင်​ဘက်၊ ရိ​မ္မုန်​မြို့​တိုင်​အောင် တစ်​ပြည်​လုံး​ကို ချိုင့်​ကဲ့​သို့ တ​ညီ​တည်း ဖြစ်​စေ​တော်​မူ​မည်။ မြို့​သည်​လည်း ဗင်္ယာ​မိန်​တံ​ခါး​မှ​သည် အ​ရင်​တံ​ခါး​ရာ၊ မြို့​ထောင့်​တံ​ခါး တိုင်​အောင်​လည်း​ကောင်း၊ ဟာ​န​နေ​လ​ရဲ​တိုက်​မှ​သည် စ​ပျစ်​သီး​နယ်​ရာ တန်​ဆာ​တော် တိုင်​အောင်​လည်း​ကောင်း ချီး​မြှောက်​ခြင်း​ကို​ခံ၍၊ မြို့​ဟောင်း​ရာ၌ တစ်​ဖန် တည်​ရ​လိမ့်​မည်။ 11နောက်​တစ်​ဖန် ယေ​ရု​ရှ​လင်​မြို့​သည် ကျိန်​ခြင်း​ဘေး​ကို​မ​ခံ၊ မြို့​သား​တို့​သည် နေ​ရာ​ကျ၍ စိုး​ရိမ်​စ​ရာ​မ​ရှိ​ဘဲ နေ​ကြ​လိမ့်​မည်။#ဗျာ၊ ၂၂:၃။
12ယေ​ရု​ရှ​လင်​မြို့​ကို တိုက်​လာ​သော လူ​မျိုး​အ​ပေါင်း​တို့၌ ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော ဘေး​ဒဏ်​ဟူ​မူ​ကား၊ ခြေ​ဖြင့်​ရပ်​လျက်​ပင် သူ​တို့​အ​သား​လျော့​ပျက်​လိမ့်​မည်။ မျက်​အိမ်၌ မျက်​လုံး လျော့​ပျက်​လိမ့်​မည်။ လျှာ​သည်​လည်း ခံ​တွင်း၌ လျော့​ပျက်​လိမ့်​မည်။ 13ထို​နေ့​ရက်၌ ထာ​ဝ​ရ​ဘု​ရား၏​တန်​ခိုး​တော်​ကြောင့် သူ​တို့​သည် အ​လွန်​ရုန်း​ရင်း​ခတ်​မျှ​ပြု၍၊ တစ်​ယောက်​ကို​တစ်​ယောက် လက်​ချင်း​ရိုက်​သော်​လည်း၊ တစ်​ယောက်​ကို​တစ်​ယောက် တိုက်၍ သတ်​ကြ​လိမ့်​မည်။ 14ယု​ဒ​အ​မျိုး​သား​တို့​လည်း ယေ​ရု​ရှ​လင်​မြို့၌ တိုက်​ကြ​လိမ့်​မည်။ ပတ်​လည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့၏ ဥ​စ္စာ​စည်း​စိမ်​တည်း​ဟူ​သော၊ များ​စွာ​သော ရွှေ​ငွေ​အ​ဝတ်​တန်​ဆာ​စု​ပုံ​လျက် ရှိ​ကြ​လိမ့်​မည်။ 15မြင်း၊ လား၊ ကု​လား​အုတ်၊ မြည်း​မှ​စ၍ ရန်​သူ​တပ်​တွင် ရှိ​သ​မျှ​သော တိ​ရ​စ္ဆာန်​တို့၌​ပေး​သော​ဘေး​ဒဏ်​သည်၊ အ​ထက်​ဆို​ခဲ့​ပြီး​သော ဘေး​ဒဏ်​နှင့် တူ​လိမ့်​မည်။
16ယေ​ရု​ရှ​လင်​မြို့​ကို တိုက်​လာ​သော လူ​မျိုး​အ​ပေါင်း​တို့​တွင် ကျန်​ကြွင်း​သ​မျှ​သော​သူ​တို့​သည်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ရှင်​ဘု​ရင်​ကို ကိုး​ကွယ်၍၊ သ​ကေ​နေ​ပွဲ​ခံ​အံ့​သော​ငှာ မြို့​တော်​သို့ နှစ်​တိုင်း​အ​စဉ် တက်​လာ​ကြ​လိမ့်​မည်။#ဝတ်၊ ၂၃:၃၉-၄၃။ 17ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ဟူ​သော ရှင်​ဘု​ရင်​ကို ကိုး​ကွယ်​အံ့​သော​ငှာ၊ မြို့​တော်​သို့​တက်၍ မ​လာ​သော​မြေ​ကြီး​သား အ​ဆွေ​အ​မျိုး​ရှိ​သ​မျှ​အ​ပေါ်​သို့ မိုး​မ​ရွာ​ရ။ 18အဲ​ဂု​တ္တု​ပြည်​သား အ​ဆွေ​အ​မျိုး​သည် မ​တက်​မ​လာ​လျှင်၊ မိုး​မ​ရွာ​ဘဲ​နေ​သ​ဖြင့်၊ သ​ကေ​နေ​ပွဲ​ကို​ခံ​အံ့​သော​ငှာ​တက်၍ မ​လာ​သော​လူ​မျိုး​တို့၌၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ဘေး​ဒဏ်​သည် ထို​သူ​တို့​ကို​လည်း ထိ​လိမ့်​မည်။ 19ဤ​ရွေ့​ကား၊ သ​ကေ​နေ​ပွဲ​ကို​ခံ​အံ့​သော​ငှာ တက်၍​မ​လာ​သော အဲ​ဂု​တ္တု​အ​မျိုး​သား၊ တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​ခံ​ရ​သော အ​ပြစ်​ပေ​တည်း။
20ထို​နေ့​ရက်​ကာ​လ​တွင် ထာ​ဝ​ရ​ဘု​ရား​အား သန့်​ရှင်း​ခြင်း​ဟု၊ မြင်း၌​ဆွဲ​သော ဆည်း​လည်း​အ​ပေါ်​မှာ​ပင် အ​က္ခ​ရာ​တင်​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ အိုး​တို့​သည် ယဇ်​ပ​လ္လင်​ရှေ့​မှာ​ရှိ​သော ဖ​လား​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။ 21ထို​မျှ​မ​က၊ ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်၌ ရှိ​သ​မျှ​သော​အိုး​တို့​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​အား သန့်​ရှင်း​ကြ​လိမ့်​မည်။ ယဇ်​ပူ​ဇော်​သော​သူ​အ​ပေါင်း​တို့​သည် လာ၍၊ ထို​အိုး​တို့​ကို ယူ​ပြီး​လျှင် ချက်​ပြုတ်​ကြ​လိမ့်​မည်။ ထို​နေ့​မှ​စ၍ နောက်​တစ်​ဖန် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ ခါ​န​နိ​လူ​မ​ရှိ​ရ။
ပ​ရော​ဖက်​ဇာ​ခ​ရိ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

လက်ရှိရွေးချယ်ထားမှု

ဇာခရိ 14: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ