၂ ရာချုပ် 21
21
1ယောရှဖတ်ကွယ်လွန်သောအခါဒါဝိဒ်မြို့ရှိ ဘုရင်တို့၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ သား တော်ယဟောရံသည်ခမည်းတော်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေသည်။
ယုဒဘုရင်ယဟောရံ
(၄ရာ၊ ၈:၁၇-၂၄)
2ယုဒဘုရင်ယောရှဖတ်၏သားတော်ယဟောရံ တွင်အာဇရိ၊ ယေယလေ၊ ဇာခရိ၊ အာဇရိဟု၊ မိက္ခေလ၊ ရှေဖတိဟူသောညီခြောက်ယောက် ရှိ၏။- 3ခမည်းတော်သည်သူတို့အား ရွှေ၊ ငွေ၊ အမြောက် အများနှင့်အခြားအဖိုးတန်ပစ္စည်းဥစ္စာများ ကိုပေး၍ ယုဒပြည်ခံတပ်မြို့တစ်မြို့စီကို အုပ်ချုပ်ရန်တာဝန်ပေးတော်မူ၏။ သို့သော် ယဟောရံသည်အကြီးဆုံးသားတော် ဖြစ်သဖြင့် သူ့အားယောရှဖတ်ကမိမိ၏ အရိုက်အရာကိုဆက်ခံစေတော်မူ၏။- 4နိုင်ငံတော်ကိုပိုင်နိုင်စွာအုပ်စိုးနိုင်သောအခါ ယဟောရံသည်ညီတော်အပေါင်းနှင့်ဣသ ရေလမှူးမတ်အချို့တို့ကိုကွပ်မျက်လေသည်။
5ယဟောရံသည်သက်တော်သုံးဆယ့်နှစ်နှစ် ၌နန်းတက်၍ ယေရုရှလင်မြို့တွင်ရှစ်နှစ်နန်း စံလေသည်။- 6သူသည်အာဟပ်၏သမီးတော်တစ်ပါးနှင့် စုံဖက်မိသဖြင့် အာဟပ်မင်းနှင့်အခြား ဣသရေလဘုရင်တို့၏ဆိုးညစ်ယုတ်မာ သောလမ်းစဉ်ကိုလိုက်၍ထာဝရဘုရားကို ပြစ်မှားလေသည်။- 7သို့ရာတွင်ထာဝရဘုရားသည်ဒါဝိဒ်နှင့် ပဋိညာဉ်ပြုတော်မူ၍ သူ၏အမျိုးမင်းရိုး မပြတ်စေရန်ကတိထားတော်မူခဲ့သဖြင့် ဒါဝိဒ်မင်းဆက်ပျက်သုဉ်းသွားစေရန် အလိုတော်မရှိချေ။#၃ရာ၊ ၁၁:၃၆။
8ယဟောရံ၏လက်ထက်၌ဧဒုံပြည်သည် ပုန်ကန်၍ လွတ်လပ်သောနိုင်ငံဖြစ်လာလေ သည်။ ယဟောရံနှင့်သူ၏တပ်မှူးတို့သည် စစ်ရထားများနှင့်ထွက်ခွာ၍ ဧဒုံပြည်သို့ ချင်းနင်းဝင်ရောက်ကြ၏။ သူတို့သည်ထို အရပ်တွင်ဧဒုံတပ်မတော်၏အဝိုင်းခံ ရကြသော်လည်းညဥ့်အခါချိုးဖောက် ထွက်ပြေးကြလေသည်။-#က၊ ၂၇:၄၀။ 9ထိုကာလမှအစပြု၍ဧဒုံပြည်သည် သြဇာခံမဟုတ်တော့ဘဲ လွတ်လပ်သော နိုင်ငံအဖြစ်ရပ်တည်လျက်ရှိသတည်း။- 10ယဟောရံသည်မိမိဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားအားစွန့်ပယ်တော်မူ သဖြင့် ဤအချိန်ကာလအတွင်း၌ပင် လိဗနမြို့သည်လည်းပုန်ကန်လေသည်။- 11သူသည်ယုဒကုန်းမြင့်ဒေသများ၌ရုပ်တု ကိုးကွယ်ဝတ်ပြုရာဌာနများကိုပင်တည် ဆောက်၍ ယုဒပြည်သူများနှင့်ယေရုရှလင် မြို့သားများအားထာဝရဘုရားကိုပြစ် မှားစေရန်ရှေ့ဆောင်လမ်းပြပေး၏။
12ပရောဖက်ဧလိယသည်ယဟောရံထံသို့စာ တစ်စောင်ပေးပို့လိုက်၏။ ထိုစာတွင်``သင်သည် ခမည်းတော်ယောရှဖတ်နှင့်ဘိုးတော်အာသ ၏လမ်းစဉ်ကိုမလိုက်ဘဲဣသရေလဘုရင် တို့၏လမ်းစဉ်ကိုလိုက်သဖြင့် သင့်ဘိုးဘေး ဒါဝိဒ်၏ဘုရားသခင်ထာဝရဘုရား သည်သင့်အားပြစ်ဒဏ်စီရင်တော်မူခဲ့ပြီ။- 13အာဟပ်နှင့်သူ၏အရိုက်အရာကိုဆက်ခံကြ သူများသည် ဣသရေလအမျိုးသားတို့အား ဘုရားသခင်ကိုသစ္စာဖောက်ရန် ရှေ့ဆောင်လမ်း ပြခဲ့ကြသည့်နည်းတူသင်သည်ယုဒပြည်သူ များနှင့်ယေရုရှလင်မြို့သားများကိုသစ္စာ ဖောက်ရန်ရှေ့ဆောင်လမ်းပြခဲ့ပေသည်။ သင် သည်မိမိထက်ကောင်းမြတ်သောညီများ အားလည်းသတ်ခဲ့၏။- 14သို့ဖြစ်၍ထာဝရဘုရားသည်သင်၏ပြည်သူ များ၊ သားသမီးများနှင့်မိဖုရားများကို ပြင်းထန်စွာဒဏ်စီရင်၍ သင်ပိုင်ဆိုင်သမျှ ကိုလည်းပျက်စီးစေတော်မူလိမ့်မည်။- 15သင်ကိုယ်တိုင်အူ၌တစ်နေ့တစ်ခြားဆိုး ရွားလာသည့်ရောဂါစွဲကပ်လာလိမ့်မည်''ဟု ပါရှိ၏။
16ပင်လယ်ကမ်းခြေတွင်အခြေစိုက်နေထိုင် ကြသောဆူဒန်အမျိုးသားတို့အနီးတွင် ဖိလိတ္တိအမျိုးသားနှင့်အာရပ်အမျိုးသား အချို့တို့သည်နေထိုင်ကြ၏။ ထာဝရဘုရား သည်ဤသူတို့ကိုယဟောရံအားတိုက် ခိုက်စေတော်မူ၏။- 17သူတို့သည်ယုဒပြည်သို့ချင်းနင်းဝင် ရောက်ကာနန်းတော်ကိုလုယက်ကြ၏။ ထို နောက်သားတော်အငယ်ဆုံးဖြစ်သူအာခဇိ မှတစ်ပါးအခြားသားတော်များနှင့်မိ ဖုရားများကိုသုံ့ပန်းအဖြစ်ဖြင့်ဖမ်း ဆီးသွားလေသည်။
18ဤအမှုအရာများဖြစ်ပျက်ပြီးနောက် ထာဝရဘုရားသည်မင်းကြီးအားအူ နာစွဲကပ်စေတော်မူ၏။- 19ထိုရောဂါသည်နှစ်နှစ်နီးပါးမျှတစ်နေ့ တစ်ခြားပိုမိုဆိုးရွားလာပြီးလျှင် နောက်ဆုံး ၌မင်းကြီးသည်ပြင်းပြသောဝေဒနာနှင့် ကွယ်လွန်လေ၏။ ပြည်သူတို့သည်သူ၏ဘိုး ဘေးတို့အတွက်မီးပုံပွဲများပြုသကဲ့သို့ သူ့အတွက်မပြုကြ။
20သူသည်သက်တော်သုံးဆယ့်နှစ်နှစ်၌နန်း တက်၍ယေရုရှလင်မြို့တွင်ရှစ်နှစ်နန်းစံ တော်မူ၏။ ကွယ်လွန်သောအခါသူ၏အတွက် အဘယ်သူမျှဝမ်းမနည်းကြ။ သူ့အလောင်း ကိုဒါဝိဒ်မြို့တွင်သင်္ဂြိုဟ်ကြသော်လည်း ဘုရင်တို့၏သင်္ချိုင်းတွင်မသင်္ဂြိုဟ်ကြ။
လက်ရှိရွေးချယ်ထားမှု
၂ ရာချုပ် 21: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar

: