၂ ရာချုပ် 29
29
ယုဒဘုရင်ဟေဇကိ
(၄ရာ၊ ၁၈:၁-၃)
1ဟေဇကိသည်အသက်နှစ်ဆယ့်ငါးနှစ်ရှိ သောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရုရှလင်မြို့တွင်နှစ်ဆယ့်ကိုးနှစ်နန်းစံရ လေသည်။ သူ၏မယ်တော်မှာဇာခရိ၏သမီး အာဘိဖြစ်၏။- 2သူသည်ဘေးတော်ဒါဝိဒ်မင်း၏စံနမူနာ ကိုလိုက်၍ ထာဝရဘုရားနှစ်သက်တော်မူ သောအမှုတို့ကိုပြု၏။
ဗိမာန်တော်ကိုသန့်စင်အောင်ပြုခြင်း
3ဟေဇကိသည်မိမိနန်းတက်သည့်နှစ် ပထမလ၌ ဗိမာန်တော်တံခါးများကို ပြန်လည်ဖွင့်လှစ်၍ပြုပြင်စေတော်မူ၏။- 4သူသည်ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ် ဝင်တို့အား ဗိမာန်တော်အရှေ့တံတိုင်းအတွင်း တွင်စုဝေးစေပြီးလျှင်၊- 5မိန့်ခွန်းမြွက်ကြားတော်မူသည်။ မင်းကြီး က``အချင်းလေဝိအနွယ်ဝင်တို့၊ သင်တို့ သည်မိမိတို့ကိုယ်ကိုဆက်ကပ်ပူဇော်လျက် သင်တို့ဘိုးဘေးများ၏ ဘုရားသခင် ထာဝရဘုရား၏ဗိမာန်တော်သန့်စင်မှု ကိုဆောင်ရွက်ကြလော့။ ဗိမာန်တော်ကိုညစ် ညမ်းစေသည့်အရာဟူသမျှကိုဖယ်ရှား ကြလော့။- 6ငါတို့ဘိုးဘေးများသည်ငါတို့ဘုရားသခင်ထာဝရဘုရားကိုသစ္စာဖောက်၍ ကိုယ်တော်မနှစ်သက်သည့်အမှုတို့ကိုပြု ကြ၏။ သူတို့သည်ကိုယ်တော်ကိုစွန့်၍ စံတော်မူရာဌာနကိုကျောခိုင်းကြ၏။- 7သူတို့သည်ဗိမာန်တော်တံခါးများကို ပိတ်ထားပြီးလျှင် မီးခွက်များတွင်မီးငြိမ်း စေကာဣသရေလအမျိုးသားတို့ ဘုရားသခင်၏ဗိမာန်တော်၌နံ့သာပေါင်းကို မီးရှို့ပူဇော်မှုမပြုကြ။ မီးရှို့ရာပူဇော် သကာများကိုလည်းမဆက်သကြ။- 8သို့ဖြစ်၍ထာဝရဘုရားသည်ယုဒပြည် နှင့် ယေရုရှလင်မြို့တို့ကိုအမျက်ထွက်၍ ပြုတော်မူသောအမှုတို့ကို မြင်ရကြသူ အပေါင်းတို့သည်ထိတ်လန့်တုန်လှုပ်ကြ ကုန်၏။ ဤအဖြစ်အပျက်ကိုသင်တို့ကောင်း စွာသိကြ၏။- 9ငါတို့၏ဖခင်များသည်စစ်ပွဲတွင်ကျဆုံး ခဲ့ကြ၍ ငါတို့သားမယားများသည်ဖမ်း ဆီးခေါ်ဆောင်သွားခြင်းကိုခံရကြလေ သည်။
10``အမျက်တော်ပြေစေရန်ယခုငါသည် ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားနှင့်ပဋိညာဉ်ပြုရန်အကြံ ရှိ၏။- 11ငါ့သားတို့၊ မဖင့်နွှဲကြနှင့်၊ ထာဝရဘုရား အားနံ့သာပေါင်းမီးရှို့ပူဇော်ရန်နှင့် ကိုယ် တော်အားကိုးကွယ်ဝတ်ပြုရာတွင်ဦးဆောင် ရန် ကိုယ်တော်ရွေးချယ်ခန့်ထားသူများမှာ သင်တို့ပင်ဖြစ်ကြ၏'' ဟုမိန့်တော်မူ၏။
12-14ထိုအရပ်၌ရှိသောလေဝိအနွယ်ဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။ ကောဟပ်သားချင်း စုမှအာမသဲ၏သားမာဟတ်နှင့်အာဇရိ ၏သားယောလ။ မေရာရိသားချင်းစုမှအာ ဗဒိ၏သားကိရှနှင့်ယေဟလေလ၏သား အာဇရိ။ ဂေရရှုံသားချင်းစုမှဇိမ္မ၏သား ယောအာနှင့်ယောအာ၏သားဧဒင်။ ဧလိ ဇဖန်သားချင်းစုမှရှိမရိနှင့်ယေယေလ။ အာသပ်သားချင်းစုမှဇာခရိနှင့်မတ္တနိ။ ဟေမန်သားချင်းစုမှယေဟေလနှင့်ရှိမိ။ ယေဒုသုန်သားချင်းစုမှရှေမာယနှင့် သြဇေလ။
15ထိုသူတို့သည်လေဝိအနွယ်ဝင်အချင်း ချင်းတို့အားစုဝေးစေပြီးလျှင် ဘာသာ ရေးထုံးနည်းအရသန့်စင်မှုကိုပြုစေ ကြ၏။ ထိုနောက်သူတို့သည်မင်းကြီးမိန့် မှာတော်မူခဲ့သည့်အတိုင်း ထာဝရဘုရား ၏တရားနှင့်အညီဗိမာန်တော်ကို သန့်စင်စေကြ၏။- 16ယဇ်ပုရောဟိတ်တို့သည်သန့်စင်မှုကို ဆောင်ရွက်ရန် ဗိမာန်တော်သို့ဝင်၍ဘာသာ ရေးထုံးနည်းအရ မသန့်စင်သည့်အရာ ဟူသမျှကိုတံတိုင်းတော်သို့ထုတ်လာ သောအခါ ထိုအရာများကိုလေဝိအနွယ် ဝင်တို့ကမြို့ပြင်ကေဒြုန်ချိုင့်ဝှမ်းသို့ သယ်ပို့ကြလေသည်။
17သူတို့သည်ပထမလတစ်ရက်နေ့မှအစ ပြု၍ မုခ်ဦးခန်းအပါအဝင်ဗိမာန်တော် သန့်စင်မှုကိုဆောင်ရွက်ကြရာရှစ်ရက်နေ့ ၌ပြီးစီးသွား၏။ ထိုနောက်သူတို့သည် ထပ်မံ၍ရှစ်ရက်တိုင်တိုင် လဆန်းတစ်ဆယ့် ခြောက်ရက်နေ့အထိဗိမာန်တော်ကိုဝတ် ပြုကိုးကွယ်မှုအတွက်ပြင်ဆင်ကြလေ သည်။
ဗိမာန်တော်ကိုပြန်လည်အနုမောဒနာပြုခြင်း
18လေဝိအနွယ်ဝင်တို့သည် ဟေဇကိမင်း အား``အကျွန်ုပ်တို့သည်မီးရှို့ရာပူဇော် သကာများအတွက်ယဇ်ပလ္လင်၊ ရှေ့တော်မုန့် တင်ရာစားပွဲနှင့်အသုံးအဆောင်များ အပါအဝင်ဗိမာန်တော်တစ်ခုလုံးကို ဘာသာရေးထုံးနည်းအရသန့်စင်မှု ဆောင်ရွက်ပြီးကြပါပြီ။- 19အကျွန်ုပ်တို့သည်ဘုရားသခင်အားအာ ခတ်မင်းသစ္စာဖောက်စဉ်အခါက ယူသွား သည့်အသုံးအဆောင်များကိုလည်းပြန် ၍ယူဆောင်ကာပြန်လည်ဆက်ကပ်ပြီး ကြပါပြီ။ ထိုအရာအားလုံးသည် ထာဝရဘုရား၏ယဇ်ပလ္လင်တော်ရှေ့တွင် ရှိပါ၏'' ဟုသံတော်ဦးတင်ကြ၏။
20ဟေဇကိမင်းသည်မဆိုင်းမတွဘဲ ယေရု ရှလင်မြို့မှလူကြီးလူကောင်းများကို စုဝေးစေပြီးလျှင် သူတို့နှင့်အတူဗိမာန် တော်သို့ကြွတော်မူ၏။- 21မင်းဆွေမင်းမျိုးများအပြစ်၊ ယုဒပြည်သူ များအပြစ်ပြေစေရန်နှင့် ဗိမာန်တော်သန့် စင်စေရန်သူတို့သည်နွားခုနစ်ကောင်၊ သိုး ခုနစ်ကောင်၊ သိုးငယ်ခုနစ်ကောင်နှင့်ဆိတ် ခုနစ်ကောင်ကိုယူဆောင်သွားကြ၏။ မင်း ကြီးသည်အာရုန်မှဆင်းသက်သောယဇ် ပုရောဟိတ်တို့အား``တိရစ္ဆာန်များကိုယဇ် ပလ္လင်ပေါ်တွင်တင်၍ပူဇော်ကြလော့'' ဟု မိန့်တော်မူ၏။- 22ယဇ်ပုရောဟိတ်တို့သည်ဦးစွာနွားများ ကိုသတ်၍ သွေးကိုယဇ်ပလ္လင်ပေါ်တွင်ပက် ဖြန်းကြ၏။ ထိုနောက်သိုးများကိုသတ်၍ သွေးကိုယဇ်ပလ္လင်ပေါ်တွင်ပက်ဖြန်းကြ၏။ ထိုနောက်သိုးငယ်များကိုသတ်၍သွေး ကိုယဇ်ပလ္လင်ပေါ်တွင်ပက်ဖြန်းကြ၏။- 23နောက်ဆုံး၌သူတို့သည်ဆိတ်များကိုမင်းကြီး နှင့်လူပရိသတ်တို့ထံသို့ယူဆောင်ကာ ဆိတ် တို့အပေါ်သို့လက်များကိုတင်စေကြ၏။- 24ထိုနောက်ယဇ်ပုရောဟိတ်တို့သည်ဣသရေလ အမျိုးသားတစ်ရပ်လုံးအတွက် အပြစ်ဖြေ ရာယဇ်ကိုပူဇော်ရန်မင်းကြီးအမိန့်ပေး ထားသည့်အတိုင်း ဆိတ်များကိုသတ်၍ ယဇ်ပလ္လင်ပေါ်သို့သွေးကိုသွန်းလောင်းကြ လေသည်။
25မင်းကြီးသည်ဒါဝိဒ်မင်းအား ဘုရင့်ပရော ဖက်ဂဒ်နှင့်ပရောဖက်နာသန်အားဖြင့် ထာဝရဘုရားပေးတော်မူသည့်ညွှန်ကြား ချက်များကိုလိုက်နာကာစောင်းများ၊ လင်း ကွင်းများကိုင်သူလေဝိအနွယ်ဝင်တို့ကို နေရာချထားတော်မူ၏။- 26သူတို့သည်ဒါဝိဒ်မင်းအသုံးပြုခဲ့သော တူရိယာမျိုးများကိုကိုင်၍ရပ်နေကြ၏။ ယဇ်ပုရောဟိတ်များကတံပိုးခရာများ ကိုင်၍ရပ်နေကြ၏။- 27မီးရှို့ရာပူဇော်သကာများကိုဆက်သရန် မင်းကြီးအမိန့်ပေးတော်မူသဖြင့် ပူဇော် ဆက်သမှုကိုအစပြုသောအခါလူတို့ သည်ထာဝရဘုရား၏ဂုဏ်တော်ကို ထောမနာပြု၍သီချင်းဆိုကြလေသည်။ ဂီတပညာသည်တို့လည်း တံပိုးခရာ များနှင့်အခြားတူရိယာများကိုတီး မှုတ်ကြလေသည်။- 28ထိုအရပ်တွင်ရှိနေသောသူအပေါင်းတို့ သည် ယဇ်များကိုမီးရှို့ပူဇော်ပြီးသည် အထိပါဝင်၍ဝတ်ပြုကိုးကွယ်ကြ၏။ သီချင်းသီဆိုသူများကသီချင်းသီဆို၍ တံပိုးခရာမှုတ်သူများကတံပိုးခရာ မှုတ်ကြကုန်၏။- 29ထိုနောက်မင်းကြီးနှင့်ပြည်သူအပေါင်းတို့ သည်ဒူးထောက်လျက် ဘုရားသခင်အား ရှိခိုးကြလေသည်။- 30ဟေဇကိမင်းနှင့်ပြည်သူခေါင်းဆောင်များ သည် လေဝိအနွယ်ဝင်တို့အားဒါဝိဒ်နှင့် ပရောဖက်အာသပ်စပ်ဆိုခဲ့သော ထောမနာ သီချင်းများကိုသီဆိုစေကြ၏။ သို့ဖြစ် ၍သူတို့သည်ဝမ်းမြောက်ရွှင်လန်းစွာသီ ချင်းဆို၍ ဒူးထောက်လျက်ဘုရားသခင် ကိုရှိခိုးကြ၏။
31ဟေဇကိကပြည်သူတို့အား``ယခုသင် တို့သည်ဘာသာရေးထုံးနည်းအရ သန့်စင် မှုကိုပြုပြီးဖြစ်၍ ထာဝရဘုရားထံ တော်သို့ကျေးဇူးတော်ချီးမွမ်းရာပူဇော် သကာအဖြစ်ဖြင့် ယဇ်များကိုယူဆောင်လာ ကြလော့'' ဟုမိန့်တော်မူသည့်အတိုင်းလူ တို့လိုက်နာဆောင်ရွက်ကြ၏။ အချို့သော သူတို့သည်မိမိတို့စေတနာအလျောက် မီးရှို့ပူဇော်ရန်တိရစ္ဆာန်များကိုယူဆောင် လာကြလေသည်။- 32သူတို့သည်နွားကောင်ရေခုနစ်ဆယ်၊ သိုး ကောင်ရေတစ်ရာနှင့်သိုးငယ်ကောင်ရေနှစ် ရာတို့ကိုထာဝရဘုရားအား မီးရှို့ရာ ပူဇော်သကာအဖြစ်ယူဆောင်လာပြီးလျှင်၊- 33လူတို့စားရန်အတွက်နွားကောင်ရေခြောက် ရာနှင့် သိုးကောင်ရေသုံးထောင်ကိုလည်း ယဇ် ပူဇော်ဖို့ယူဆောင်လာကြ၏။- 34ဤတိရစ္ဆာန်များကိုသတ်ရန်ယဇ်ပုရောဟိတ် မလုံလောက်သဖြင့် မိမိတို့ကိုယ်ကိုသန့်စင် မှုပြုပြီးသူ၊ ယဇ်ပုရောဟိတ်များကိုမရ ရှိမီအတွင်းဆောင်ရွက်စရာများပြီးဆုံး ချိန်အထိ လေဝိအနွယ်ဝင်တို့ကကူညီ ရကြ၏။ (ယဇ်ပုရောဟိတ်များထက် လေဝိအနွယ်ဝင်များကဘာသာရေး ထုံးနည်းအရ သန့်စင်မှုကိုပို၍တိကျ စွာပြုတတ်ကြသည်။-) 35တစ်ကောင်လုံးမီးရှို့ပူဇော်ရသည့်ယဇ် များအပြင် လူတို့စားသုံးသည့်ယဇ်များ မှဆီဥကိုမီးရှို့ပူဇော်မှု၊ မီးရှို့ရာပူဇော် သကာများနှင့်အတူဆက်ကပ်ရသည့် စပျစ်ရည်ကို သွန်းလောင်းပူဇော်မှုတို့ကို လည်းယဇ်ပုရောဟိတ်များကတာဝန် ယူရကြလေသည်။
သို့ဖြစ်၍ဗိမာန်တော်၌ဝတ်ပြုကိုးကွယ် မှုသည်ပြန်လည်တည်မြဲလေ၏။- 36ထာဝရဘုရားသည်ဤအမှုတို့ကိုလျင် မြန်စွာဆောင်ရွက်နိုင်ခွင့်ပေးတော်မူသဖြင့် ဟေဇကိမင်းနှင့်ပြည်သူတို့သည် ရွှင်လန်းဝမ်းမြောက်ကြကုန်၏။
လက်ရှိရွေးချယ်ထားမှု
၂ ရာချုပ် 29: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar

: