၂ ရာချုပ် 36
36
ယုဒဘုရင်ယောခတ်
(၄ရာ၊ ၂၃: ၃၀-၃၅)
1ယုဒပြည်သူတို့သည်ယောရှိ၏သားတော် ယောခတ်ကိုရွေးချယ်၍ ယေရုရှလင်မြို့ တွင်မင်းအဖြစ်ဘိသိက်ပေးကြ၏။- 2ယောခတ်သည်အသက်နှစ်ဆယ့်သုံးနှစ်ရှိ သောအခါယုဒပြည်ဘုရင်အဖြစ်နန်း တက်၍ ယေရုရှလင်မြို့တွင်သုံးလမျှ နန်းစံရလေသည်။- 3အီဂျစ်ဘုရင်နေခေါသည်သူ့ကိုဖမ်းဆီးထား ပြီးနောက်ယုဒပြည်သူတို့ထံမှ လက်ဆောင် ပဏ္ဏာအဖြစ်ဖြင့်ငွေအလေးချိန်ပေါင်ခုနစ် ထောင့်ငါးရာနှင့်ရွှေပေါင်ချိန်ခုနစ်ဆယ့် ငါးပေါင်ကိုတောင်းခံတော်မူ၏။- 4နေခေါသည်ယောခတ်၏ညီဧလျာကိမ်ကို ယုဒပြည်ဘုရင်အဖြစ်နန်းတင်ပြီးလျှင် ယောယကိမ်ဟူသောနာမည်သစ်ကိုပေး လေသည်။ ယောခတ်ကိုမူအီဂျစ်ပြည်သို့ ခေါ်ဆောင်သွားတော်မူ၏။#ယေ၊ ၂၂:၁၁-၁၂။
ယုဒဘုရင်ယောယကိမ်
(၄ရာ၊ ၂၃: ၃၆-၂၄:၇)
5ယောယကိမ်သည်အသက်နှစ်ဆယ့်ငါးနှစ် ရှိသောအခါယုဒပြည်ဘုရင်အဖြစ်နန်း တက်၍ ယေရုရှလင်မြို့၌တစ်ဆယ့်တစ်နှစ် နန်းစံရလေသည်။ သူသည်မိမိ၏ဘုရားသခင်ထာဝရဘုရားကိုပြစ်မှား၏။-#ယေ၊ ၂၂:၁၈-၁၉၊ ၂၆:၁-၆၊ ၃၅:၁-၁၉။ 6ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည်ယုဒ ပြည်သို့ချင်းနင်းဝင်ရောက်ပြီးလျှင် ယောယ ကိမ်ကိုဖမ်းဆီး၍သံကြိုးနှင့်ချည်နှောင်ကာ ဗာဗုလုန်ပြည်သို့ခေါ်ဆောင်သွားလေ သည်။-#ယေ၊ ၂၅:၁-၃၈၊ ၃၆:၁-၃၂၊ ၄၅:၁-၅။ ဒံ၊ ၁:၁-၂။ 7ဗိမာန်တော်ဘဏ္ဍာအချို့ကိုလည်းယူ၍ မိမိ၏ဗာဗုလုန်နန်းတော်တွင်ထားတော် မူ၏။- 8ယောယကိမ်၏စက်ဆုပ်ဖွယ်ကောင်းသည့် အပြုအမူများနှင့်ကူးလွန်သည့်ဒုစရိုက် များအပါအဝင်သူဆောင်ရွက်ခဲ့သည့် အခြား အမှုအရာအလုံးစုံကိုယုဒရာဇဝင်တွင် မှတ်တမ်းတင်ထားသတည်း။ သူ၏သားတော် ယေခေါနိသည် ခမည်းတော်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေသည်။
ယုဒဘုရင်ယေခေါနိ
(၄ရာ၊ ၂၄: ၈-၁၇)
9ယေခေါနိသည်အသက်တစ်ဆယ့်ရှစ်နှစ်ရှိ သောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက် ၍ယေရုရှလင်မြို့တွင်သုံးလမျှနန်းစံ ရလေသည်။ သူသည်လည်းထာဝရဘုရား ကိုပြစ်မှား၏။- 10နွေဦးပေါက်သောအခါနေဗုခဒ်နေဇာမင်း သည်ယေခေါနိကိုဖမ်းဆီးပြီးလျှင်ဗာဗု လုန်ပြည်သို့ခေါ်ဆောင်သွား၏။ နန်းတော်ဘဏ္ဍာ များကိုလည်းသိမ်းယူသွားလေသည်။ ထို နောက်နေဗုခဒ်နေဇာသည်ယေခေါနိ၏ ဘထွေးတော်#* (၄ရာ၊၂၄:၁၇ ကိုကြည့်ပါ။) ဟေဗြဲမူအရ ညီတော်။ ဇေဒကိကိုယုဒဘုရင်အဖြစ်ဖြင့်ယေရု ရှလင်မြို့တွင်နန်းတင်တော်မူ၏။#ယေ၊ ၂၂:၂၄-၃၀၊ ၂၄:၁-၁၀၊ ၂၉:၁-၂။ ထွ၊ ၁၇:၁၂။ ယေ၊ ၃၇:၁။ ထွ၊ ၁၇:၁၃။
ယုဒဘုရင်ဇေဒကိ
(၄ရာ၊ ၂၄: ၁၈-၂၀။ ယေရမိ၊ ၅၂:၁-၃)
11ဇေဒကိသည်အသက်နှစ်ဆယ့်တစ်နှစ်ရှိသော အခါယုဒဘုရင်အဖြစ်နန်းတက်၍ ယေရု ရှလင်မြို့တွင်တစ်ဆယ့်တစ်နှစ်နန်းစံရလေ သည်။-#ယေ၊ ၂၇:၁-၂၂၊ ၂၈:၁-၁၇။ 12သူသည်ထာဝရဘုရားကိုပြစ်မှား၍ထာဝရ ဘုရား၏ဗျာဒိတ်တော်ကိုဆင့်ဆိုသူ ပရော ဖက်ယေရမိ၏စကားကိုနှိမ့်ချသောစိတ် ဖြင့်နားမထောင်ဘဲနေ၏။
ယေရုရှလင်မြို့ကျဆုံးခြင်း
(၄ရာ၊ ၂၅:၁-၂၁။ ယေရမိ၊ ၅၂:၃-၁၁)
13ဇေဒကိသည်နေဗုခဒ်နေဇာမင်းကိုပုန်ကန် လေ၏။ နေဗုခဒ်နေဇာသည်မိမိ၏ကျေးဇူး သစ္စာတော်ကိုစောင့်ထိန်းရန် သူ့အားအတင်း အကြပ်ဘုရားသခင်၏နာမတော်ကိုတိုင် တည်ကျိန်ဆိုစေတော်မူခဲ့၏။ ဇေဒကိသည် ခေါင်းမာ၍နောင်တမရ။ ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့ပြန်မလာဘဲနေလေသည်။-#ယေဇ၊ ၁၇:၁၅။ 14ယုဒအမျိုးသားခေါင်းဆောင်များ၊ ယဇ် ပုရောဟိတ်များနှင့်ပြည်သူတို့သည်လည်း မိမိတို့ပတ်ဝန်းကျင်ရှိလူမျိုးတို့၏အကျင့် ကိုလိုက်၍ ရုပ်တုများကိုဝတ်ပြုကိုးကွယ် ကာထာဝရဘုရားကိုယ်တော်တိုင်သီးသန့် ထားတော်မူသောဗိမာန်တော်ကိုညစ်ညမ်း စေကြ၏။- 15သူတို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရ ဘုရားသည် မိမိ၏လူမျိုးတော်နှင့်ဗိမာန်တော် ကိုချမ်းသာပေးတော်မူလိုသဖြင့် သူတို့အား သတိပေးရန်စေတမန်များကိုဆက်လက် စေလွှတ်တော်မူခဲ့၏။- 16သို့ရာတွင်သူတို့သည်ဘုရားသခင်၏စေတမန် တို့အားပြက်ရယ်ပြု၍ အမိန့်တော်ကိုနားမထောင် ကြ။ ပရောဖက်တို့အားပြောင်လှောင်ကြ၏။ သို့ ဖြစ်၍နောက်ဆုံး၌ထာဝရဘုရားသည်ပြင်း စွာအမျက်ထွက်တော်မူသဖြင့် သူတို့အား ချမ်းသာမပေးတော့ချေ။
17ထာဝရဘုရားသည်ဗာဗုလုန်ဘုရင်ကိုခေါ် ဆောင်တော်မူခဲ့၏။ ထိုဘုရင်သည်လည်းယုဒ လူငယ်လူရွယ်များကိုဗိမာန်တော်ထဲ၌ပင် သတ်ဖြတ်လေသည်။ ဘုရားသခင်သည်အသက် ကြီးသူ၊ ငယ်သူ၊ ယောကျာ်းမိန်းမ၊ ဖျားနာသူ၊ ကျန်းမာသူတို့ကိုမသနားဘဲရှိရှိသမျှ သောသူတို့ကိုဗာဗုလုန်ဘုရင်၏လက်သို့ အပ်တော်မူ၏။-#ယေ၊ ၂၁:၁-၁၀၊ ၃၄:၁-၅။ 18ဗာဗုလုန်ဘုရင်သည်ဗိမာန်တော်ရှိအသုံး အဆောင်၊ ဗိမာန်တော်ဘဏ္ဍာ၊ မင်းကြီးနှင့်မှူး မတ်တို့၏ဘဏ္ဍာရှိသမျှကိုသိမ်းသွားလေ သည်။- 19သူသည်ဗိမာန်တော်နှင့်မြို့တော်ကိုမီးရှို့ လျက်ယေရုရှလင်မြို့ရိုးတို့ကိုဖြိုဖျက်၍ နန်းတော်အဆောက်အအုံများကိုအဖိုး တန်ပစ္စည်းများနှင့်အတူမီးရှို့ဖျက်ဆီး တော်မူ၏။- 20အသတ်မခံရဘဲကျန်ရှိနေသူတို့ကိုဗာဗု လုန်ပြည်သို့ခေါ်ယူသွားပြီးလျှင် ပေရသိ အင်ပါယာနိုင်ငံပေါ်ထွန်းချိန်တိုင်အောင် မိမိ နှင့်မိမိ၏သားမြေးများထံကျွန်ခံစေလေ သည်။-#၃ရာ၊ ၉:၈။ 21သို့ဖြစ်၍ပရောဖက်ယေရမိအားဖြင့်``ဥပုသ် နေ့အလုပ်ရပ်နားမှု#* သတ္တမနှစ်တွင်မြေကိုထွန်ယက်မှုမပြုရ ဟူသောပညတ်ကိုရည်ညွှန်းသည်။ (ဝတ်၊ ၂၅:၁-၇ ကိုကြည့်ပါ။) မပြုခဲ့ကြသည်ကိုပြန်လည်အစားထိုး သည့်အနေဖြင့် ပြည်တော်တွင်အနှစ်ခုနစ် ဆယ်တိုင်တိုင်လူသူဆိတ်ညံလျက်နေလိမ့် မည်'' ဟုထာဝရဘုရားမိန့်တော်မူသော ဗျာဒိတ်တော်သည်အကောင်အထည်ပေါ် လာတော့၏။#ယေ၊ ၂၅:၁၁၊ ၂၉:၁၀။
ကုရုသည်ယုဒအမျိုးသားတို့ပြန်စေရန် အမိန့်ထုတ်ဆင့်ခြင်း
(ဧဇ၊ ၁:၁-၄)
22ပေရသိဘုရင်ကုရု#* ပေရသိဘုရင်ကုရုသည် ဗာဗုလုန်မြို့ကို ခ၊ ရှေ့၊ ငါးရာသုံးဆယ့်ခြောက်ခုနှစ်၌သိမ်းယူပြီးဗာဗုလုန် နိုင်ငံဧကရာဇ်မင်းအဖြစ်စတင်အုပ်စိုးသည်။ နန်းစံပထမနှစ်၌ထာဝရဘုရားသည် သူ့အား အမိန့်တော်တစ်ရပ်ထုတ်ဆင့်စေတော်မူ၍သူ ၏အင်ပါယာနိုင်ငံတစ်ဝန်းလုံးတွင်ဖတ်ကြား ကြေညာစေတော်မူ၏။ ဤသို့ပြုတော်မူခြင်း မှာပရောဖက်ယေရမိအားဖြင့်ထာဝရ ဘုရားပေးတော်မူသောဗျာဒိတ်တော်အတိုင်း ဖြစ်ပျက်လာစေရန်ပင်ဖြစ်သတည်း။
23ထိုအမိန့်တော်တွင်``ဤအမိန့်ကားပေရသိ ဧကရာဇ်ကုရု၏အမိန့်တော်ဖြစ်၏။ ကောင်း ကင်ဗိုလ်ခြေဘုရင်ဘုရားသခင်ထာဝရ ဘုရားသည်ငါ့အားကမ္ဘာတစ်ဝှမ်းလုံးကို အုပ်စိုးစေတော်မူ၍ ယုဒပြည်ယေရုရှလင် မြို့၌ကိုယ်တော်၏အတွက် ဗိမာန်တော်ကို တည်ဆောက်ရန်တာဝန်ကိုငါ့အားပေးအပ် တော်မူလေပြီ။ ဘုရားသခင်၏လူမျိုး တော်ဖြစ်ကြကုန်သောသူအပေါင်းတို့သည် ယေရုရှလင်မြို့သို့သွားကြလော့။ ဘုရားသခင်သည်သင်တို့နှင့်အတူရှိတော်မူ ပါစေသော'' ဟုဖော်ပြပါရှိလေသည်။#ဟေ၊ ၄၄:၈။ ရာဇဝင်ချုပ်ဒုတိယစောင်ပြီး၏။
လက်ရှိရွေးချယ်ထားမှု
၂ ရာချုပ် 36: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar

: