၄ ရာ 1
1
ဧလိယနှင့်အာခဇိမင်း
1ဣသရေလဘုရင်အာဟပ်ကွယ်လွန်သောအခါ မောဘပြည်သည်ဣသရေလပြည်ကိုပုန်ကန် လေသည်။
2ဣသရေလဘုရင်အာခဇိသည် ရှမာရိမြို့ နန်းတော်အမိုးထက်ရှိလသာဆောင်မှလိမ့် ကျသဖြင့် ပြင်းထန်စွာဒဏ်ရာရရှိ၏။ သို့ ဖြစ်၍သူသည်ဖိလိတ္တိပြည်ဧကြုန်မြို့၏ဘုရား ဗာလဇေဗုပ်ထံသံတမန်များစေလွှတ်ကာ မိမိပြန်လည်ကျန်းမာလာမည်မလာမည် ကိုစုံစမ်းမေးမြန်းစေ၏။- 3သို့ရာတွင်ထာဝရဘုရား၏ကောင်းကင်တမန် သည် တိရှဘိမြို့သားပရောဖက်ဧလိယ အား``အာခဇိမင်း၏သံတမန်များနှင့်သွား ရောက်တွေ့ဆုံလော့။ သူတို့အားဣသရေလ ပြည်တွင်ဘုရားမရှိသောကြောင့် ဧကြုန် ဘုရားဗာလဇေဗုပ်ထံသွားရောက်စုံစမ်း မေးမြန်းရသလောဟုမေးလော့။- 4မင်းကြီးအား`မိမိ၏သလွန်မှတစ်ဖန်ပြန်၍ ထနိုင်မည်မဟုတ်ကြောင်း၊ သေမည်ဖြစ်ကြောင်း ထာဝရဘုရားမိန့်တော်မူသည်ကိုသင်တို့ လျှောက်ထားကြလော့' ဟုဆင့်ဆိုရမည်'' ဟု မိန့်တော်မူသည်။
ဧလိယသည်ထာဝရဘုရားမိန့်မှာတော်မူသည့် အတိုင်းပြုသဖြင့်၊- 5သံတမန်တို့သည်မင်းကြီးထံသို့ပြန်ကြ၏။ မင်းကြီးက``အဘယ်ကြောင့်သင်တို့ပြန်လာ ကြသနည်း'' ဟုမေးတော်မူ၏။
6ထိုသူတို့က``လူတစ်ယောက်သည် အကျွန်ုပ်တို့နှင့် လာရောက်တွေ့ဆုံပြီးလျှင် ထာဝရဘုရားသည် အရှင့်အား`ဣသရေလပြည်တွင်ဘုရားမရှိ သောကြောင့် ဧကြုန်ဘုရားထံသံတမန်များ စေလွှတ်၍စုံစမ်းမေးမြန်းရသလော။ သင်သည် သင်၏သလွန်မှတစ်ဖန်ပြန်၍ထနိုင်မည် မဟုတ်။ သေလိမ့်မည်'' ဟုမိန့်တော်မူကြောင်း အရှင့်ထံပြန်ကြားလျှောက်ထားရန် အကျွန်ုပ် တို့အားပြောကြားသွားပါသည်'' ဟုသံ တော်ဦးတင်ကြ၏။
7မင်းကြီးက``ထိုသူ၏ပုံပန်းသဏ္ဌာန်ကား အဘယ်သို့နည်း'' ဟုမေးတော်မူ၏။
8ထိုသူတို့က``သူသည်တိရစ္ဆာန်သားရေဖြင့် ချုပ်လုပ်ထားသည့်ဝတ်လုံကိုဝတ်၍ သားရေ ခါးပတ်ကိုစည်းထားပါသည်'' ဟုလျှောက် ကြ၏။ မင်းကြီးက``ထိုသူသည်ဧလိယဖြစ် ပါသည်တကား'' ဟုမြွက်ဆိုတော်မူ၏။#မ၊ ၃:၄။ မာ၊ ၁:၆။
9ထိုနောက်မင်းကြီးသည်တပ်မှူးတစ်ယောက်ကို လူငါးဆယ်တပ်နှင့်အတူဧလိယထံသို့ စေလွှတ်တော်မူ၏။ တပ်မှူးသည်တောင်ကုန်း တစ်ခုပေါ်တွင်ဧလိယထိုင်နေသည်ကိုတွေ့ မြင်သဖြင့် သူ့အား``ဘုရားသခင်၏အစေခံ၊ ဆင်းခဲ့လော့။ ဘုရင်အမိန့်တော်ရှိသည်'' ဟု ဆို၏။
10ဧလိယက``ငါသည်ဘုရားသခင်၏အစေ ခံမှန်လျှင် ကောင်းကင်မှမီးကျ၍သင်နှင့်သင် ၏တပ်သားတို့ကိုကျွမ်းလောင်ပါစေသော'' ဟု ဆိုသော်ချက်ချင်းပင်မီးကျလာသဖြင့် တပ်မှူး နှင့်သူ၏တပ်သားတို့သည်ကျွမ်းလောင်လေ ၏။#လု၊ ၉:၅၄။
11မင်းကြီးသည်အခြားတပ်မှူးတစ်ယောက်နှင့် လူငါးဆယ်တပ်ကိုစေလွှတ်ပြန်၏။ သူတို့ သည်ဧလိယထံသို့သွား၍``ဘုရားသခင် ၏အစေခံ၊ အမြန်ဆင်းခဲ့လော့။ ဘုရင် အမိန့်တော်ရှိသည်'' ဟုဆို၏။
12ဧလိယက``ငါသည်ဘုရားသခင်၏အစေ ခံမှန်လျှင် ကောင်းကင်မှမီးကျ၍သင်နှင့်သင် ၏တပ်သားတို့ကိုကျွမ်းလောင်ပါစေသော'' ဟု ဆိုသော်ချက်ချင်းပင်ကောင်းကင်မှမီးကျ သဖြင့် တပ်မှူးနှင့်တပ်သားတို့သည်ကျွမ်း လောင်လေ၏။
13မင်းကြီးသည်တပ်မှူးတစ်ယောက်နှင့်လူငါး ဆယ်တပ်ကိုနောက်တစ်ကြိမ်စေလွှတ်ပြန်၏။ ထိုတပ်မှူးသည်တောင်ကုန်းပေါ်သို့တက်၍ ဧလိယရှေ့တွင်ဒူးထောက်လျက်``ဘုရားသခင်၏အစေခံ၊ အကျွန်ုပ်နှင့်အကျွန်ုပ်၏ တပ်သားတို့ကိုသနားတော်မူပါ။ အကျွန်ုပ် တို့၏အသက်ကိုချမ်းသာပေးတော်မူပါ။- 14အခြားတပ်မှူးနှစ်ယောက်နှင့်သူတို့၏တပ် သားများသည် ကောင်းကင်မှမီးကျ၍သေ ရကြပါ၏။ သို့ရာတွင်အကျွန်ုပ်ကိုသနား တော်မူပါ'' ဟုတောင်းပန်၏။
15ထာဝရဘုရား၏ကောင်းကင်တမန်ကဧလိယ အား``မကြောက်နှင့်။ ထိုသူနှင့်အတူလိုက်သွား လော့'' ဟုဆိုသဖြင့် ဧလိယသည်မင်းကြီးထံ သို့တပ်မှူးနှင့်အတူလိုက်သွားပြီးလျှင်၊- 16``ထာဝရဘုရားက`ဣသရေလပြည်တွင် ဗျာဒိတ်တော်ကိုမေးလျှောက်ရန် ဘုရားမရှိ သောကြောင့်ဧကြုန်မြို့၏ဘုရားဗာလဇေဗုပ် အားစုံစမ်းမေးမြန်းရန်သံတမန်တို့ကိုစေ လွှတ်ရသလော။ သို့ဖြစ်၍သင်သည်ပြန်လည် ကျန်းမာလာလိမ့်မည်မဟုတ်။ သေလိမ့်မည်' ဟုမိန့်တော်မူ၏'' ဟုဆင့်ဆိုလေ၏။
17ဧလိယဆင့်ဆိုသောထာဝရဘုရား၏ဗျာ ဒိတ်တော်အတိုင်း အာခဇိသည်ကွယ်လွန်လေ၏။ အာခဇိတွင်သားတော်မရှိသဖြင့်ညီတော် ယောရံသည် ယောရှဖတ်၏သားယုဒဘုရင် ယဟောရံ၏နန်းစံဒုတိယနှစ်၌နန်းတက် လေသည်။
18အာခဇိမင်း၏အခြားလုပ်ဆောင်ချက်ရှိ သမျှတို့ကို ဣသရေလရာဇဝင်တွင်ရေး ထားသတည်း။
လက်ရှိရွေးချယ်ထားမှု
၄ ရာ 1: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar

: