၄ ရာ 15
15
ယုဒဘုရင်သြဇိ
(၆ရာ၊ ၂၆:၁-၂၃)
1-2ဣသရေလဘုရင်ဒုတိယမြောက်ယေရောဗောင် မင်း၏ နန်းစံနှစ်ဆယ့်ခုနစ်နှစ်မြောက်၌အာမဇိ ၏သားသည်၊ အသက်တစ်ဆယ့်ခြောက်နှစ်ရှိသော အခါယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရု ရှလင်မြို့တွင်ငါးဆယ့်နှစ်နှစ်နန်းစံရ၏။ သူ ၏မယ်တော်မှာယေရုရှလင်မြို့သူယေခေါလိ ဖြစ်၏။- 3သြဇိသည်မိမိခမည်းတော်၏လမ်းစဉ်ကို လိုက်၍ ထာဝရဘုရားနှစ်သက်တော်မူသော အမှုတို့ကိုပြု၏။- 4သို့ရာတွင်ရုပ်တုကိုးကွယ်ရာဌာနများကို ဖျက်ဆီးခြင်းမပြုသဖြင့် လူတို့သည်ထို ဌာနများတွင် ဆက်လက်၍ယဇ်များကို ပူဇော်၍နံ့သာပေါင်းကိုမီးရှို့ကြ၏။- 5ထာဝရဘုရားသည်သြဇိအားအရေပြား ရောဂါစွဲကပ်စေတော်မူသဖြင့် သူသည်သေ သည့်တိုင်အောင်ထိုရောဂါကိုခံစားရ၏။ သို့ ဖြစ်၍သားတော်ယောသံအား တိုင်းပြည်အုပ် ချုပ်မှုတာဝန်ကိုလွှဲအပ်ပြီးလျှင် သီးခြား အိမ်တော်တွင်စံတော်မူရလေသည်။- 6သြဇိမင်းလုပ်ဆောင်ခဲ့သည့်အခြားအမှု အရာအလုံးစုံကို ယုဒရာဇဝင်တွင် ရေးထားသတည်း။- 7သြဇိကွယ်လွန်သောအခါ သူ့ကိုဒါဝိဒ်မြို့ ရှိဘုရင်များ၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သူ၏သားတော်ယောသံသည် ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်း တက်လေသည်။#ဟေရှာ၊ ၆:၁။
ဣသရေလဘုရင်ဇာခရိ
8ယုဒဘုရင်သြဇိ၏နန်းစံသုံးဆယ့်ရှစ်နှစ် မြောက်၌ ဒုတိယမြောက်ယေရောဗောင်မင်း၏ သားဇာခရိသည် ဣသရေလပြည်ဘုရင် အဖြစ်နန်းတက်၍ရှမာရိမြို့၌ခြောက် နှစ်နန်းစံရ၏။- 9သူသည်မိမိ၏နောင်တော်ဘုရင်များနည်းတူ ထာဝရဘုရားအားပြစ်မှား၏။ ဣသရေလ အမျိုးသားတို့အားအပြစ်ကူးလွန်ရန်ရှေ့ ဆောင်လမ်းပြခဲ့သူ နေဗတ်၏သားယေရော ဗောင်၏ဆိုးညစ်သောလမ်းစဉ်ကိုလိုက်၏။- 10ယာဖက်၏သားရှလ္လုံသည်လျှို့ဝှက်ကြံစည် ကာ ဇာခရိမင်းအားဣဗိလံမြို့တွင်လုပ်ကြံ ပြီးနောက် သူ၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
11ဇာခရိမင်းလုပ်ဆောင်ခဲ့သည့်အခြားအမှု အရာအလုံးစုံကို ဣသရေလရာဇဝင်တွင်ရေး ထားသတည်း။
12သို့ဖြစ်၍``ငါသည်သင်၏သားမြေးတို့အား စတုတ္ထအဆက်တိုင်အောင်#* စတုတ္ထအဆက်တိုင်အောင်။ ဇာခရိမင်းသည်ယေဟု၏မြစ်ဖြစ်သည်။ ဣသရေလပြည်ကိုအုပ်စိုးစေမည်'' ဟုယေဟု အား ထာဝရဘုရားမိန့်တော်မူခဲ့သောစကား တော်အတိုင်းဖြစ်သတည်း။#၄ရာ၊ ၁၀:၃၀။
ဣသရေလဘုရင်ရှလ္လုံ
13ယုဒဘုရင်သြဇိ၏နန်းစံသုံးဆယ့်ကိုးနှစ် မြောက်၌ ယာဖက်၏သားရှလ္လုံသည်ဣသရေလ ပြည်ဘုရင်အဖြစ် နန်းတက်၍ရှမာရိမြို့၌ တစ်လမျှနန်းစံရ၏။
14ဂါဒိ၏သားမေနဟင်သည်တိရဇမြို့မှ ရှမာရိမြို့သို့သွား၍ရှလ္လုံကိုလုပ်ကြံကာ သူ၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။- 15ဇာခရိမင်းအားလျှို့ဝှက်ကြံစည်မှုအပါ အဝင်ရှလ္လုံလုပ်ဆောင်ခဲ့သည့် အခြားအမှု အရာရှိသမျှကို ဣသရေလရာဇဝင်တွင် ရေးထားသတည်း။- 16မေနဟင်သည်တိရဇမြို့မှချီတက်လာစဉ် လမ်းခရီးတွင်တိဖသမြို့သားတို့သည် မိမိ အားအညံ့မခံကြသောကြောင့် ထိုမြို့နှင့် တကွပတ်ဝန်းကျင်နယ်မြေများကိုလုံးဝ ဖျက်ဆီးလေ၏။ သူသည်ကိုယ်ဝန်ဆောင်အမျိုး သမီးတို့၏ဝမ်းကိုပင်ခွဲ၍သတ်လေသည်။
ဣသရေလဘုရင်မေနဟင်
17ယုဒဘုရင်သြဇိ၏နန်းစံနှစ်ဆယ့်ကိုးနှစ် မြောက်၌ ဂါဒိ၏သားမေနဟင်သည် ဣသရေလ ပြည်ဘုရင်အဖြစ်နန်းတက်၍ရှမာရိမြို့၌ ဆယ်နှစ်နန်းစံလေသည်။- 18သူသည်နေဗတ်၏သားယေရောဗောင်မင်း၏ဆိုး ညစ်သည့်လမ်းစဉ်ကိုလိုက်၍ ထာဝရဘုရားကို ပြစ်မှား၏။ ယေရောဗောင်ကားသူ၏အသက်ရှင် သရွေ့ကာလပတ်လုံး ဣသရေလအမျိုးသား တို့အားအပြစ်ကူးလွန်ရန်ရှေ့ဆောင်လမ်း ပြခဲ့သူဖြစ်သတည်း။- 19အာရှုရိဧကရာဇ်ဘုရင်တိကလတ်ပိလေသာ သည် ဣသရေလပြည်ကိုချင်းနင်းဝင်ရောက်လာ၏။ ထိုအခါမေနဟင်သည်မိမိ၏ပြည်တွင် အာဏာ တည်တံ့ခိုင်မြဲရေးအတွက် တိကလတ်ပိလေသာ ၏အထောက်အကူကိုရရှိနိုင်ရန် သူ့အားငွေသုံး ဆယ့်ရှစ်တန်ဆက်သလေသည်။- 20ယင်းသို့ဆက်သနိုင်ရန်မေနဟင်သည် ဣသရေလ သူဌေးသူကြွယ်များထံမှတစ်ဦးလျှင် ငွေသား ငါးဆယ်စီကောက်ယူ၏။ သို့ဖြစ်၍တိဂလတ် ပိလေသာသည်မိမိ၏တိုင်းပြည်သို့ပြန်သွား လေ၏။
21မေနဟင်လုပ်ဆောင်ခဲ့သည့်အခြားအမှုအရာ ရှိသမျှကို ဣသရေလရာဇဝင်တွင်ရေးထား သတည်း။- 22သူကွယ်လွန်သောအခါသူ့ကိုသင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ပေကဟိသည်ခမည်းတော်၏ အရိုက်အရာကိုဆက်ခံ၍နန်းတက်လေသည်။
ဣသရေလဘုရင်ပေကဟိ
23ယုဒဘုရင်သြဇိ၏နန်းစံတစ်ဆယ့်ငါး နှစ်မြောက်၌ မေနဟင်၏သားပေကဟိသည် ဣသရေလပြည်ဘုရင်အဖြစ်နန်းတက်၍ ရှမာရိမြို့၌နှစ်နှစ်နန်းစံလေသည်။- 24သူသည်နေဗတ်၏သားယေရောဗောင်၏ဆိုး ညစ်သောလမ်းစဉ်ကိုလိုက်၍ ထာဝရဘုရား အားပြစ်မှား၏။ ယေရောဗောင်ကားဣသရေလ အမျိုးသားတို့အား အပြစ်ကူးလွန်ရန်ရှေ့ ဆောင်လမ်းပြခဲ့သူဖြစ်သတည်း။- 25ပေကဟိ၏တပ်မတော်အရာရှိတစ်ဦးဖြစ် သူပေကာသည် ဂိလဒ်ပြည်သားလူငါးကျိပ် နှင့်အတူ လျှို့ဝှက်ကြံစည်ကာပေကဟိကို ရှမာရိနန်းတော်အတွင်း၌လုပ်ကြံပြီးနောက် သူ၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။
26ပေကဟိလုပ်ဆောင်ခဲ့သည့်အခြားအမှုအရာ ရှိသမျှကို ဣသရေလရာဇဝင်တွင်ရေးထား သတည်း။
ဣသရေလဘုရင်ပေကာ
27ယုဒဘုရင်သြဇိ၏နန်းစံငါးဆယ့်နှစ်နှစ် မြောက်၌ ရေမလိ၏သားပေကာသည် ဣသရေ လဘုရင်အဖြစ်နန်းတက်၍ရှမာရိမြို့၌ အနှစ်နှစ်ဆယ်နန်းစံလေသည်။- 28သူသည်နေဗတ်၏သားယေရောဗောင်မင်း၏ဆိုး ညစ်သောလမ်းစဉ်ကိုလိုက်၍ ထာဝရဘုရား အားပြစ်မှား၏။ ယေရောဗောင်ကားဣသရေလ အမျိုးသားတို့အား အပြစ်ကူးလွန်ရန်ရှေ့ ဆောင်လမ်းပြခဲ့သူဖြစ်၏။
29ပေကာမင်းလက်ထက်တွင်အာရှုရိဧကရာဇ် ဘုရင်တိဂလတ်ပိလေသာသည်ဣယုန်မြို့၊ အဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှ မြို့နှင့်ဟာဇော်မြို့များနှင့်တကွဂိလဒ်ပြည်၊ ဂါလိလဲနှင့်နဿလိပြည်တို့ကိုသိမ်းယူ၍ လူတို့အား အာရှုရိပြည်သို့သုံ့ပန်းများ အဖြစ်ဖမ်းဆီးသွားလေသည်။
30သြဇိ၏သား၊ ယုဒဘုရင်ယောသံ၏နန်းစံ အနှစ်နှစ်ဆယ်မြောက်၌ဧလာ၏သားဟောရှေ သည် လျှို့ဝှက်ကြံစည်ကာပေကာမင်းကိုလုပ် ကြံပြီးလျှင် သူ၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။- 31ပေကာလုပ်ဆောင်ခဲ့သည့်အခြားအမှုအရာရှိ သမျှကို ဣသရေလရာဇဝင်တွင်ရေးထား သတည်း။
ယုဒဘုရင်ယောသံ
(၆ရာ၊ ၂၇:၁-၉)
32-33ရေမလိ၏သား၊ ဣသရေလဘုရင်ပေကာ၏ နန်းစံနှစ်နှစ်မြောက်၌ သြဇိ၏သားယောသံ သည် အသက်နှစ်ဆယ့်ငါးနှစ်ရှိသောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရု ရှလင်မြို့၌တစ်ဆယ့်ခြောက်နှစ်စိုးစံလေ သည်။ သူ၏မယ်တော်မှာဇာဒုတ်၏သမီး ယေရုရှာဖြစ်၏။- 34ယောသံသည်မိမိ၏ခမည်းတော်သြဇိမင်း ၏စံနမူနာကိုယူ၍ ထာဝရဘုရားနှစ် သက်တော်မူသောအမှုတို့ကိုပြု၏။- 35သို့ရာတွင်ရုပ်တုကိုးကွယ်ရာဌာနများကိုမူ ဖျက်ဆီးခြင်းမပြုသဖြင့် ပြည်သူတို့သည် ထို ဌာနများတွင်ဆက်လက်၍ယဇ်များကိုပူ ဇော်၍ နံ့သာပေါင်းကိုမီးရှို့ကြ၏။ ယောသံ သည်ဗိမာန်တော်မြောက်တံခါးကိုတည်ဆောက် ခဲ့သူဖြစ်ပေသည်။
36ယောသံလုပ်ဆောင်ခဲ့သည့်အခြားအမှုအရာရှိ သမျှကို ယုဒရာဇဝင်တွင်ရေးထားသတည်း။- 37ရှုရိဘုရင်ရေဇိန်နှင့်ဣသရေလဘုရင်ပေကာ တို့အား ယုဒပြည်ကိုတိုက်ခိုက်ကြရန် ထာဝရ ဘုရားစေလွှတ်တော်မူသည်မှာယောသံ၏ လက်ထက်၌ဖြစ်၏။- 38ယောသံကွယ်လွန်သောအခါ သူ့အားဒါဝိဒ် မြို့ရှိဘုရင်များ၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ် ကြ၏။ ထိုနောက်သူ၏သားတော်အာခတ်သည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
လက်ရှိရွေးချယ်ထားမှု
၄ ရာ 15: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar

: