အာမုတ် 9
9
ထာဝရဘုရား၏စီရင်တော်မူချက်များ
1ယဇ်ပလ္လင်အနီး၌ရပ်နေတော်မူသောထာဝရ ဘုရားကိုငါတွေ့ရ၏။ ကိုယ်တော်ရှင်က``ဗိမာန် တော်တစ်ခုလုံးကိုသိမ့်သိမ့်တုန်သွားစေရန် ဗိမာန်တော်တိုင်၏ထိပ်ဖျားကိုရိုက်ချိုးလော့။ ထိုအရာတို့ကိုချိုး၍လူတို့၏ခေါင်းပေါ် သို့ကျစေလော့။ ကျန်ရစ်သူများကိုစစ်ပွဲ၌ ငါကွပ်မျက်မည်။ မည်သူမျှလွတ်မည်မဟုတ်။ မည်သူတစ်ဦးမျှပြေးမလွတ်နိုင်။- 2မြေအောက်သို့တွင်းတူးပြီးသေမင်းနိုင်ငံ၌ ပုန်းအောင်းနေလင့်ကစား ငါသည်သူတို့ကို အမိအရဖမ်းဆီးမည်။ မိုးပေါ်သို့တက် ပြေးလျှင်လည်းသူတို့ကိုငါဆွဲချမည်။- 3ကရေမေလတောင်ထိပ်၌ပုန်းနေလျှင်လည်း သူတို့ကိုလိုက်ရှာ၍ဖမ်းချုပ်မည်။ ငါ့ထံမှ လွတ်အောင်ပင်လယ်အောက်၌ပုန်းနေလျှင် သူ တို့ကိုဝါးမြိုရန်ပင်လယ်နဂါးကိုစေ ခိုင်းမည်။- 4ရန်သူများဖမ်းသွားခံရလျှင် လည်းသူတို့ ကိုသတ်ပစ်လိုက်ရန်ငါစေခိုင်းမည်။ ငါသည် သူတို့ကိုမကူညီဘဲ ဖျက်ဆီးပစ်ရန် သန္နိဋ္ဌာန်ချလိုက်ပြီ'' ဟုမိန့်တော်မူ၏။
5ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား သည် ပထဝီမြေကြီးကိုတို့တော်မူသဖြင့်၊
မြေငလျင်ကြီးလှုပ်သည်။
မြေသားအပေါင်းတို့လည်းငိုကြွေးရမည်။
တစ်နိုင်ငံလုံးသည်အီဂျစ်ပြည်မှနိုင်းမြစ်ကဲ့သို့ တက်ခြင်းကျခြင်းရှိလိမ့်မည်။
6ထာဝရဘုရားသည်မိုးကောင်းကင်၌ မိမိအိမ်တော် ကိုတည်ဆောက်ခဲ့၏။
ကမ္ဘာမြေကြီးပေါ်တွင်လုံးဝန်းသော ကောင်းကင်ယံခုံးကိုတင်တော်မူ၏။
ပင်လယ်ရေများကိုခေါ်ယူလျက်မြေပေါ်၌ သွန်းလောင်းခဲ့၏။
ကိုယ်တော်ရှင်၏နာမတော်သည် အရှင်ထာဝရဘုရားပင်ဖြစ်တော်မူ၏။
7ထာဝရဘုရားက``အို ဣသရေလပြည်သား အပေါင်းတို့၊ ငါသည်သင်တို့ကိုကုရှလူမျိုး နှင့်တန်းတူသဘောထားခဲ့၏။ ငါသည်သင် တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်လာသကဲ့ သို့ ဖိလိတ္တိလူမျိုးကိုကရေတေကျွန်းမှ လည်းကောင်း၊ ရှုရိလူမျိုးကိုတိရပြည် မှလည်းကောင်းထုတ်ဆောင်လာခဲ့၏။- 8ငါအရှင်ထာဝရဘုရားသည်အပြစ်များ လှသော ဤဣသရေလနိုင်ငံကိုသတိဖြင့် စောင့်ကြည့်နေပြီ။ ဤနိုင်ငံကိုမြေပေါ်မှ ကွယ်ပျောက်သွားအောင်ပယ်ဖျက်တော့မည်။ သို့သော်လည်းငါသည်ယာကုပ်အမျိုးအနွယ် အားလုံးကိုဖျက်ဆီးမည်မဟုတ်ဟုထာဝရ ဘုရားမိန့်တော်မူ၏။
9``ဆန်ကိုဆန်ကာတင်ပြီးခါချသကဲ့သို့ငါ၏ အမိန့်ဖြင့် ဣသရေလပြည်သားတို့ကိုဆန်ခါ တင်ကာခါချလိုက်မည်။ ခပ်သိမ်းသောလူမျိုး များအထဲ၌လှုပ်ခါပြီးနောက်မထိုက်တန်သူ မှန်သမျှကိုငါရှင်းလိုက်မည်။- 10ငါ၏လူမျိုးထဲမှ`ဘုရားသခင်သည်ငါတို့ကို ဒုက္ခပေးလိမ့်မည်မဟုတ်' ဟုဆိုသောအပြစ်ရှိ သူမှန်သမျှသည်စစ်ပွဲ၌သေဆုံးရမည်။''
အနာဂတ်ကာလ၌ဣသရေလနိုင်ငံကို ပြန်လည်ထူထောင်ခြင်း
11ထာဝရဘုရားက``ပြိုပျက်နေသောအိုးအိမ် ပမာဖြစ်နေသည့်ဒါဝိဒ်နိုင်ငံကို ငါသည်ပြန် လည်၍တည်ဆောက်သောအချိန်ရောက်လိမ့်မည်။ ကွဲအက်နေသောနံရံတံတိုင်းတို့ကိုငါပြန် ပြုပြင်မည်။ ရှေးအခါကတည်နေသကဲ့ သို့ငါပြန်လည်ထူထောင်မည်။-#တ၊ ၁၅:၁၆-၁၈။ 12သို့ဖြင့်ဣသရေလအမျိုးသားတို့သည် ကျန်ကြွင်းသမျှသောဧဒုံပြည်ကိုလည်း ကောင်း၊ တစ်ချိန်ကငါပိုင်စိုးခဲ့သောနိုင်ငံ တိုင်းကိုလည်းကောင်းပြန်လည်သိမ်းပိုက်ခွင့် ရလိမ့်မည်'' ဟုဤအမှုကိုဖြစ်စေမည့် ထာဝရဘုရားမိန့်တော်မူပြီ။
13ထာဝရဘုရားက
``စပါးရိတ်၍မမီနိုင်လောက်အောင်ပင် ပျိုးကသန်လှသည့်အချိန်ကာလနှင့်
စပျစ်ရည်လုပ်နိုင်သည်ထက်စပျစ်သီးများ လှိုင်နေသောနေ့ရက်များရောက်လာမည်။
တောင်တန်းကြီးငယ်တို့မှစပျစ်ရည်ချို စီးယိုနေသော အချိန်ကာလရောက်လာမည်။
14ငါသည်ငါ၏လူမျိုးတော်ကိုနေရင်း ပြည်သို့ ပြန်လည်ဆောင်ယူလာမည်။
သူတို့သည်ပြိုလဲနေသောမြို့များကို ပြန်လည်တည်ဆောက်ကြ၍
ထိုမြို့များ၌ပြန်လည်နေထိုင်ခွင့်ရကြ လိမ့်မည်။
စပျစ်ခြံများကိုစိုက်ပျိုး၍စပျစ်ရည် သောက်ခွင့်ရကြလိမ့်မည်။
ဥယျာဉ်များကိုစိုက်ပျိုးကြ၍
ကိုယ်တိုင်စိုက်သောသီးနှံတို့ကိုကိုယ်တိုင် စားရသောအခွင့်ရကြလိမ့်မည်။
15ငါသည်ငါ၏လူမျိုးတော်ကိုငါပေးခဲ့သော နေရင်းပြည်၌ပင်နေထိုင်စေမည်။
အဘယ်သူမျှသူတို့ကိုနောက်တစ်ဖန် ဆွဲနုတ်ခြင်းမခံစေရ'' ဟု
သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူပြီ။ ပရောဖက်အာမုတ်စီရင်ရေးသားသော အနာဂတ္တိကျမ်းပြီး၏။
လက်ရှိရွေးချယ်ထားမှု
အာမုတ် 9: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar

: