တရားဟော 22
22
1``ဣသရေလအမျိုးသားချင်းတစ်ဦး၏ နွားသို့မဟုတ်သိုးတစ်ကောင်သည် မျက်စိ လည်လမ်းမှားနေသည်ကိုတွေ့ရလျှင် မမြင် ယောင်ဆောင်၍မနေဘဲပိုင်ရှင်ထံသို့ပြန် ပို့ရမည်။-#ထွ၊ ၂၃:၄-၅။ 2ထိုပိုင်ရှင်နေထိုင်ရာအရပ်သည်ခရီးဝေး လျှင်သော်လည်းကောင်း၊ ပိုင်ရှင်မှာမည်သူဖြစ် ကြောင်းမသိလျှင်သော်လည်းကောင်း ထိုနွား သို့မဟုတ်သိုးကိုသင်၏အိမ်သို့ယူဆောင် ခဲ့လော့။ ပိုင်ရှင်ပေါ်လျှင်ပြန်အပ်လော့။- 3ဣသရေလအမျိုးသားချင်း၏မြည်းဖြစ် စေ၊ အဝတ်အထည်ဖြစ်စေ၊ အခြားအရာ တစ်စုံတစ်ခုဖြစ်စေပျောက်ဆုံး၍ သင်တွေ့ လျှင်ထိုနည်းအတိုင်းဆောင်ရွက်ရမည်။''
4``ဣသရေလအမျိုးသားချင်း၏မြည်း သို့မဟုတ်နွားသည် လမ်းပေါ်တွင်လဲနေ လျှင်သင်သည်မကူညီဘဲမနေနှင့်။ ဝိုင်း ၍ထူပေးလော့။''
5``အမျိုးသမီးတို့သည်ယောကျာ်းတို့၏ အဝတ်ကိုမဝတ်ရ။ ယောကျာ်းတို့သည်လည်း အမျိုးသမီးတို့၏အဝတ်ကိုမဝတ်ရ။ သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် ထိုသို့ဝတ်ဆင်သောသူများကို စက်ဆုပ်ရွံရှာတော်မူ၏။
6``သင်သည်ငှက်သိုက်တစ်ခုကိုသစ်ပင်ပေါ် ၌ဖြစ်စေ၊ မြေကြီးပေါ်၌ဖြစ်စေ၊ တွေ့၍ ငှက်မသည်ဥများသို့မဟုတ်ငှက်ကလေး များပေါ်တွင်ဝပ်နေလျှင် ငှက်မကိုမဖမ်း ယူရ။- 7ငှက်ကလေးများကိုမူဖမ်းယူနိုင်သည်။ သို့ ရာတွင်ငှက်မကိုလွှတ်ရမည်။ ထိုသို့ပြုလျှင် သင်သည်အသက်ရှည်၍ကြွယ်ဝချမ်းသာ လိမ့်မည်။
8``သင်သည်အိမ်သစ်တစ်ဆောင်ကိုဆောက်သည့် အခါ အမိုးစွန်းပတ်လည်တွင်အကာအရံ ရှိစေရမည်။ ထိုသို့ကာရံထားလျှင်တစ်စုံ တစ်ယောက်သောသူသည် အမိုးပေါ်မှလိမ့် ကျသေဆုံးခဲ့သော်သင်၏တာဝန်မဟုတ်။
9``စပျစ်ပင်နှင့်အတူ အခြားအသီးအနှံ ပင်မစိုက်ရ။ ထိုသို့စိုက်လျှင်စပျစ်သီး နှင့်အခြားအသီးအနှံပင်ကိုမစား သုံးရ။#ဝတ်၊ ၁၉:၁၉။
10``နွားနှင့်မြင်းတပ်၍ထယ်မထွန်ရ။
11``သိုးမွေးနှင့်ချည်စပ်၍ရက်သောအထည် ကိုမဝတ်ရ။
12``သင်၏ခြုံထည်ထောင့်လေးထောင့်တွင်ပန်း ပွားများတပ်ဆင်ရမည်။#တော၊ ၁၅:၃၇-၄၁။
ကာမစပ်ယှက်ခြင်းနှင့်ဆိုင်ရာပညတ်များ
13-14``အကယ်၍ယောကျာ်းတစ်ယောက်သည် မိန်းမ တစ်ယောက်နှင့်လက်ထပ်ပေါင်းသင်းပြီးနောက် ထိုမိန်းမကိုမနှစ်သက်သဖြင့် သူသည်အပျို မဟုတ်ဟူ၍မတရားစွပ်စွဲသော်၊- 15မိန်းမ၏မိဘတို့ကသူတို့၏သမီးသည် အပျိုဖြစ်ကြောင်းသက်သေအထောက်အထား ကိုယူဆောင်၍ မြို့အကြီးအကဲထံသို့သွား ရောက်ရကြမည်။- 16ထိုမိန်းမ၏ဖခင်က`အကျွန်ုပ်၏သမီးကို ဤသူနှင့်လက်ထပ်ပေးစားခဲ့ရာ သူသည် ယခုသမီးကိုစွန့်လိုပါသည်။- 17သူကအကျွန်ုပ်၏သမီးသည်အပျိုမဟုတ် ဟူ၍မတရားစွပ်စွဲပါသည်။ သို့ရာတွင် အကျွန်ုပ်၏သမီးသည် အပျိုဖြစ်ကြောင်း သက်သေအထောက်အထားအဖြစ်သွေးစွန်း နေသောမင်္ဂလာဆောင်အခင်းကိုတင်ပြပါ သည်' ဟုအကြီးအကဲတို့အားလျှောက် ဆိုရမည်။- 18ထိုအခါမြို့အကြီးအကဲတို့ကလင် ယောကျာ်းကိုရိုက်၍ဆုံးမရမည်။- 19ထိုသူသည်ဣသရေလအမျိုးသမီးတစ် ဦးအားအသရေဖျက်သဖြင့် ငွေသားတစ် ရာကိုဒဏ်ဆောင်စေရမည်။ ထိုဒဏ်ငွေကို မိန်းမ၏ဖခင်အားပေးရမည်။ ထို့အပြင်သူ သည်မိန်းမကိုသူ၏မယားအဖြစ်ဆက် လက်ပေါင်းသင်းစေရမည်။ သူအသက်ရှင် နေသမျှကာလပတ်လုံး ထိုမိန်းမကို မကွာရှင်းစေရ။
20``အကယ်၍ထိုစွပ်စွဲချက်သည်မှန်သဖြင့် မိန်းမသည်အပျိုဖြစ်ကြောင်းသက်သေ အထောက်အထားမပြနိုင်လျှင်၊- 21မြို့အကြီးအကဲတို့ကဖခင်၏အိမ်ရှေ့ သို့ခေါ်ဆောင်သွားပြီးနောက် မြို့သားတို့က သူ့ကိုကျောက်ခဲနှင့်ပစ်သတ်ရမည်။ ထိုမိန်းမ သည်လက်မထပ်မီဖခင်၏အိမ်၌ရှိနေစဉ် ကပင် ကာမစပ်ယှက်မှုကိုပြုခဲ့သဖြင့် ဣသရေလလူမျိုးတွင်ရှက်ဖွယ်သောအမှု ကိုကူးလွန်ခဲ့လေပြီ။ ဤနည်းအားဖြင့် သင်တို့သည်ဤဒုစရိုက်ကိုဖယ်ရှားနိုင် ကြမည်။
22``ယောကျာ်းတစ်ယောက်ကလင်ရှိမယားတစ် ဦးနှင့် ကာမစပ်ယှက်နေသည်ကိုမိလျှင် နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ ဤ နည်းအားဖြင့်သင်တို့သည်ဤဒုစရိုက်ကို ဖယ်ရှားနိုင်ကြမည်။
23``အကယ်၍ယောကျာ်းတစ်ဦးသည် အခြား သူနှင့်ထိမ်းမြားရန်စေ့စပ်ထားသောမိန်းမ နှင့် မြို့ထဲ၌ကာမစပ်ယှက်နေသည်ကိုမိ လျှင်၊- 24သူတို့နှစ်ဦးစလုံးကိုမြို့ပြင်သို့ထုတ်၍ ကျောက်ခဲဖြင့်ပစ်သတ်ရမည်။ မိန်းမသည်မြို့ ထဲ၌အော်ဟစ်၍အကူအညီတောင်းခဲ့သော် ရနိုင်ပါလျက်နှင့် အကူအညီမတောင်းခြင်း ကြောင့်သေဒဏ်ခံစေရမည်။ ယောကျာ်းသည် ဣသရေလအမျိုးသားချင်းတစ်ဦးနှင့် ထိမ်းမြားရန်စေ့စပ်ထားသောမိန်းမနှင့် ကာမစပ်ယှက်ခြင်းကြောင့်သေဒဏ်ခံ စေရမည်။ ဤနည်းအားဖြင့်သင်တို့သည် ဤဒုစရိုက်ကိုဖယ်ရှားနိုင်ကြမည်။
25``အကယ်၍ယောကျာ်းတစ်ယောက်သည် အခြား သူနှင့်ထိမ်းမြားရန်စေ့စပ်ထားသောမိန်းမ နှင့်မြို့ပြင်၌တွေ့၍မုဒိမ်းကျင့်လျှင် ထို ယောကျာ်းကိုသာသေဒဏ်စီရင်ရမည်။- 26မိန်းမသည်သေထိုက်သောအပြစ်မကူးလွန် သဖြင့် သူ့အားဒဏ်မစီရင်စေရ။ ဤအမှု သည်ယောကျာ်းတစ်ဦးက အခြားတစ်ဦးကို ခိုက်ရန်ပြု၍သတ်သောအမှုကဲ့သို့ဖြစ် သည်။- 27ထိုယောကျာ်းသည်မိန်းမအားမြို့ပြင်၌ မုဒိမ်းကျင့်သည်ဖြစ်ရာ မိန်းမကအော်ဟစ် ၍အကူအညီတောင်းသော်လည်းသူ့အား ကယ်မည့်သူမရှိသဖြင့်သူ၌အပြစ်မရှိ။
28``အကယ်၍ယောကျာ်းတစ်ယောက်သည် အခြားသူနှင့်လက်ထပ်ရန်စေ့စပ်ထား ခြင်းမရှိသောမိန်းမအားမုဒိမ်းကျင့် သည်ကိုမိလျှင်၊-#ထွ၊ ၂၂:၁၆-၁၇။ 29သူသည်ထိုမိန်းမ၏ဖခင်အား မင်္ဂလာကြေး ငွေသားငါးဆယ်ပေးလျော်စေရမည်။ ထိုသူ သည်မိန်းမနှင့်အဋ္ဌမ္မကာမစပ်ယှက်ခဲ့သဖြင့် မိမိ၏မယားအဖြစ်သိမ်းပိုက်ရမည်။ သူ အသက်ရှင်နေသမျှကာလပတ်လုံးထို မိန်းမကိုမကွာရှင်းစေရ။
30``မည်သူမျှမိမိဖခင်၏မယားတစ်ဦးဦး နှင့်ဖောက်ပြန်၍ဖခင်အားအရှက်မခွဲ စေရ။#ဝတ်၊ ၁၈:၈၊ ၂၀:၁၁။ တရား၊ ၂၇:၂၀။
လက်ရှိရွေးချယ်ထားမှု
တရားဟော 22: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar

: