ထွက်မြောက် 26
26
ထာဝရဘုရားစံတော်မူရာတဲတော်
(ထွ၊ ၃၆:၈-၃၈)
1``ငါစံတော်မူရာတဲတော်ကို ချည်ချော၊ သိုးမွေး အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်တို့နှင့်ရက် သောကန့်လန့်ကာဆယ်ခုဖြင့်ပြုလုပ်လော့။ ထို ကန့်လန့်ကာများတွင် ခေရုဗိမ်ရုပ်များပန်း ပေါက်ဖော်ထားရမည်။- 2ကန့်လန့်ကာများသည်အလျားတစ်ဆယ့် လေးကိုက်၊ အနံနှစ်ကိုက်စီရှိစေရမည်။- 3ကန့်လန့်ကာငါးထည်ကိုစပ်၍ချုပ်ရမည်။ အခြားငါးထည်ကိုလည်းထိုအတိုင်းချုပ် ရမည်။- 4ကန့်လန့်ကာတစ်စုံစီ၏အပြင်ဘက်နားများ တွင် တပ်ရန်ပိတ်အပြာကွင်းများကိုပြုလုပ် ရမည်။- 5ငါးထည်စပ်ပထမကန့်လန့်ကာရှိရှေ့ဆုံး အထည်တွင်ကွင်းငါးဆယ်ကိုလည်းကောင်း၊ ဒုတိယငါးထည်စပ်ကန့်လန့်ကာရှိနောက် ဆုံးအထည်တွင် ကွင်းငါးဆယ်ကိုလည်း ကောင်းကွင်းဆိုင်မီအောင်တပ်ထားရမည်။- 6ကန့်လန့်ကာနှစ်စုံကိုတစ်ခုတည်းဖြစ်စေရန် ဆက်ရမည့်ရွှေချိတ်ငါးဆယ်ကိုပြုလုပ်လော့။
7``တဲတော်အမိုးအတွက်အထည်တစ်ဆယ့် တစ်ထည်ကို ဆိတ်မွေးနှင့်ရက်လုပ်လော့။- 8တစ်ထည်လျှင်အလျားတစ်ဆယ့်ငါးကိုက်၊ အနံနှစ်ကိုက်စီရှိစေရမည်။- 9အထည်ငါးထည်ကိုတစ်စပ်၊ အခြားခြောက် ထည်ကိုတစ်စပ်ချုပ်ရမည်။ ဆဋ္ဌမအထည် ကိုတဲတော်ဦး၌ခေါက်တင်ထားရမည်။- 10ပထမအစပ်၏နောက်ဆုံးအထည်နားတွင် ကွင်းငါးဆယ်ကိုလည်းကောင်း၊ ဒုတိယအစပ် ၏အနားတွင်ကွင်းငါးဆယ်ကိုလည်းကောင်း တပ်ထားရမည်။- 11ထိုအထည်နှစ်စပ်ကိုပေါင်း၍တဲတော်၏ အမိုးဖြစ်စေရန် ကြေးဝါချိတ်ငါးဆယ်ကို ပြုလုပ်ပြီးလျှင်ကွင်းများတွင်ချိတ်ဆက် ပေးလော့။- 12ပိုနေသည့်အထည်တစ်ဝက်ကိုတဲတော်နောက် မှာတွဲကျစေရမည်။- 13အထည်အလျားတစ်ဘက်တစ်ချက်တွင်ပို ထွက်နေသည့်ကိုက်တစ်ဝက်ကို တဲတော်၏ ဘေးဘက်၌တွဲကျစေရမည်။
14``အမိုးနှစ်ထပ်ထပ်မံ၍ပြုလုပ်ရမည်။ တစ် ထပ်ကိုအနီရောင်ဆိုးသောသိုးထီးသားရေ ဖြင့်ပြုလုပ်ရမည်။ အပေါ်ဆုံးအထပ်ကို သားရေချောဖြင့်ပြုလုပ်ရမည်။
15``တဲတော်အတွင်းဘောင်ခွေများကို အကာရှ သစ်သားဖြင့်ပြုလုပ်ရမည်။- 16ဘောင်ခွေများသည်အလျားတစ်ဆယ့်ငါးပေ၊ အနံနှစ်ဆယ့်ခုနစ်လက်မစီရှိ၍၊- 17ဘောင်ခွေချင်းဆက်စပ်ထားရန်စရွေးဖော်ထား ရမည်။ တဲတော်အတွက်ဘောင်ခွေအားလုံးတွင် စရွေးဖော်ထားရမည်။- 18တဲတော်တောင်ဘက်အတွက်ဘောင်ခွေနှစ်ဆယ် ကိုပြုလုပ်ရမည်။- 19ဘောင်ခွေတစ်ခုစီအောက်ရှိခြေထောက်နှစ်ခု စီအတွက် ငွေဖိနပ်နှစ်ခုကျဖြင့်ငွေဖိနပ် လေးဆယ်ကိုပြုလုပ်ရမည်။- 20တဲတော်မြောက်ဘက်အတွက်ဘောင်ခွေနှစ် ဆယ်နှင့်၊- 21ဘောင်ခွေတစ်ခုစီအောက်တွင်ငွေဖိနပ်နှစ်ခု ကျဖြင့် ငွေဖိနပ်လေးဆယ်ကိုပြုလုပ်ရမည်။- 22တဲတော်၏အနောက်ဘက်အတွက်ဘောင်ခွေ ခြောက်ခုပြုလုပ်ရမည်။- 23တဲတော်အနောက်ဘက်ထောင့်များအတွက် ဘောင်ခွေနှစ်ခုပြုလုပ်ရမည်။- 24ဤထောင့်ဘောင်ခွေတို့ကိုအောက်ခြေမှအထက် အထိကွင်းဖြင့်ထိန်းချုပ်ထားရမည်။ ထောင့်နှစ် ထောင့်အတွက်ဘောင်ခွေနှစ်ခုကိုထိုနည်း အတိုင်းပြုလုပ်ရမည်။- 25သို့ဖြစ်၍ဘောင်ခွေရှစ်ခုနှင့်တစ်ခုစီအတွက် ငွေ ဖိနပ်နှစ်ခုကျဖြင့်ငွေဖိနပ်တစ်ဆယ့်ခြောက်ခု ရှိရမည်။
26``တဲတော်အတွက်ကန့်လန့်ကျင် စုစုပေါင်းတစ် ဆယ့်ငါးခုကိုအကာရှသစ်သားဖြင့်ပြုလုပ် လော့။ တဲတော်တောင်ဘက်ရှိဘောင်ခွေများ အတွက်ကန့်လန့်ကျင်ငါးခု၊- 27မြောက်ဘက်ရှိဘောင်ခွေများအတွက်ငါးခုနှင့် အနောက်ဘက်ရှိဘောင်များအတွက်ငါးခုပြု လုပ်ရမည်။- 28ဘောင်ခွေများ၏အလယ်ကိုဖြတ်သည့်ကန့်လန့် ကျင်တို့သည် တဲတော်အစွန်းတစ်ဘက်တစ်ချက် တွင်အဆုံးသတ်ရမည်။- 29ဘောင်ခွေများကိုရွှေချရမည်။ ကန့်လန့်ကျင်များ ကိုလည်းရွှေချရမည်။ ကန့်လန့်ကျင်များကို လျှိုရန်ရွှေကွင်းများတပ်ထားရမည်။- 30သင့်အားတောင်ပေါ်မှာပြသောပုံစံအတိုင်း တဲတော်ကိုတည်ဆောက်ရမည်။
31``အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး နှင့်ချည်ချောဖြင့် ရက်သောကန့်လန့်ကာကိုပြု လုပ်လော့။ ကန့်လန့်ကာတွင်ခေရုဗိမ်ရုပ်များ ကိုပန်းဖော်ထားရမည်။- 32ကန့်လန့်ကာကိုရွှေချိတ်များတပ်ထားသော အကာရှသစ်သားတိုင်လေးတိုင်အပေါ်တွင် ချိတ်ဆွဲထားရမည်။ တိုင်များကိုရွှေချ၍ ငွေဖိနပ်လေးခုတွင်စွပ်ထားရမည်။- 33ကန့်လန့်ကာကိုချိတ်ပြီးနောက်ကန့်လန့်ကာ နောက်တွင် ကျောက်ပြားနှစ်ပြားပါရှိသည့် ပဋိညာဉ်သေတ္တာကိုထားလော့။ ကန့်လန့်ကာ သည်သန့်ရှင်းရာဌာနနှင့်အသန့်ရှင်းဆုံး ဌာနတော်တို့ကိုပိုင်းခြားထားမည်။-#ဟေဗြဲ၊ ၆:၁၉၊ ၉:၃-၅။ 34ပဋိညာဉ်သေတ္တာတွင်အဖုံးတပ်ထားရမည်။- 35စားပွဲနှင့်ဆီမီးခုံကိုကန့်လန့်ကာအပြင်ဘက် တွင်ထားရှိရမည်။ စားပွဲကိုမြောက်ဘက်တွင် လည်းကောင်း၊ ဆီမီးခုံကိုတောင်ဘက်တွင်လည်း ကောင်းတစ်ဘက်တစ်ချက်၌ထားရှိရမည်။
36``တဲတော်အဝင်ဝ၌ကာရန်အတွက်သိုးမွေး အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့်ချည်ချော ဖြင့်ရက်၍ ပန်းအလှဖော်ထားသောကန့်လန့်ကာ တစ်ခုကိုလည်းပြုလုပ်ရမည်။- 37ဤကန့်လန့်ကာချိတ်ဆွဲရန်အတွက်အကာရှ သစ်သားတိုင်ငါးတိုင်ပြုလုပ်၍၊ ရွှေချိတ်များ တပ်ထားရမည်။ တိုင်များကိုရွှေချ၍တိုင် ဖိနပ်ငါးခုကိုကြေးဝါဖြင့်ပြုလုပ်ရမည်။
လက်ရှိရွေးချယ်ထားမှု
ထွက်မြောက် 26: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar

:
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fen.png&w=128&q=75)