ယေရမိ 26
26
ယေရမိတရားဆိုင်ရခြင်း
1ယုဒပြည်တွင်ယောရှိ၏သား ယောယကိမ် နန်းတက်ပြီးနောက်များမကြာမီထာဝရ ဘုရားသည်ငါ့အား၊-#၄ရာ၊ ၂၃:၃၆-၂၄:၆။ ၆ရာ၊ ၃၆:၅-၇။ 2ဤသို့မိန့်တော်မူ၏။ ``ဗိမာန်တော်တံတိုင်း အတွင်း၌ရပ်ပြီးလျှင် ထိုအရပ်သို့ယုဒ မြို့များမှထာဝရဘုရား၏အိမ်တော်တွင် ဝတ်ပြုကိုးကွယ်ရန်လာရောက်ကြသောလူတို့ အား ငါမိန့်မှာသမျှသောစကားတို့ကိုပြော ကြားလော့။ တစ်ခွန်းတစ်လေကိုမျှချန်မ ထားနှင့်။- 3လူတို့သည်နားထောင်၍မိမိတို့၏အကျင့် ဆိုးများကိုစွန့်ပစ်ကောင်းစွန့်ပစ်ကြလိမ့်မည်။ အကယ်၍သူတို့သည်ဤသို့စွန့်ပစ်ကြပါ မူငါသည်သူတို့၏ယုတ်မာမှုများအတွက် သုတ်သင်ဖျက်ဆီးရန်အကြံအစည်တော် နှင့်ပတ်သက်၍စိတ်တော်ပြောင်းလဲတော်မူ မည်'' ဟုမိန့်တော်မူ၏။
4ထာဝရဘုရားသည်လူတို့အားဆင့်ဆိုရန် ငါ့အားမိန့်တော်မူသည်မှာ``ထာဝရဘုရား ကသင်တို့သည်ငါပေးအပ်ခဲ့သည့်သြဝါဒ များကိုလိုက်နာကျင့်သုံးကာငါ၏စကား ကိုနားထောင်ရကြမည်။- 5သင်တို့ထံသို့ထပ်ကာထပ်ကာငါစေလွှတ် သည့် ငါ၏အစေခံပရောဖက်တို့၏စကား ကိုပမာဏပြုရကြမည်။ သင်တို့သည်သူ တို့၏စကားကိုအဘယ်အခါ၌မျှနား မထောင်ခဲ့ကြ။- 6သင်တို့သည်ယခုငါပြောသည့်အတိုင်းမပြု ဘဲနေခဲ့ပါမူ ငါသည်ဤမြို့ကိုရှိလောရွာကဲ့ သို့ဖြစ်စေမည်။ ကမ္ဘာပေါ်ရှိလူမျိုးတကာတို့ သည်လည်း ဤမြို့၏အမည်နာမကိုကျိန်ဆဲ ရာတွင်အသုံးပြုကြလိမ့်မည်ဟုပြောကြား လော့'' ဟူ၍ဖြစ်၏။#ယောရှု၊ ၁၈:၁။ ဆာ၊ ၇၈:၆၀။ ယေ၊ ၇:၁၂-၁၄။
7ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့်ပြည် သူအပေါင်းတို့သည် ဗိမာန်တော်ထဲ၌ငါဆင့် ဆိုဟောပြောသည့်ထိုစကားတို့ကိုကြား ကြ၏။- 8မိမိအားထာဝရဘုရားမိန့်မှာတော်မူသမျှ ကိုငါပြန်ကြားပြောဆိုပြီးသည်နှင့်တစ်ပြိုင် နက်သူ၏ပုရောဟိတ်များ၊ ပရောဖက်များ နှင့်ပြည်သူတို့သည်ငါ့အားဆွဲကိုင်ဖမ်းဆီး ကာ``သင်သည်ဤစကားတို့ကိုပြောဆိုသည့် အတွက်သေဒဏ်ခံထိုက်၏။- 9အဘယ်ကြောင့်ဗိမာန်တော်သည်ရှိလောရွာကဲ့ သို့ဖြစ်လိမ့်မည်ဟူ၍လည်းကောင်း၊ ဤမြို့သည် ဖျက်ဆီးခြင်းခံရ၍လူသူဆိတ်ငြိမ်ရာဖြစ် လိမ့်မည်ဟူ၍လည်းကောင်း သင်သည်ထာဝရ ဘုရား၏နာမတော်ကိုအမှီပြု၍ပြောဆို ပါသနည်း'' ဟုဟစ်အော်ကြ၏။ ထိုနောက် လူတို့သည်ဗိမာန်တော်အတွင်း၌စုရုံး၍ ငါ့အားဝိုင်းရံထားကြ၏။
10ယုဒခေါင်းဆောင်များသည် ထိုအဖြစ်အပျက် အကြောင်းကိုကြားသိကြသောအခါ ဘုရင် နန်းတော်မှလာ၍ဗိမာန်တော်တံခါးသစ် အဝင်ဝ၌နေရာယူကြ၏။- 11ထိုနောက်ယဇ်ပုရောဟိတ်များနှင့်ပရောဖက် တို့ကခေါင်းဆောင်များနှင့်ပြည်သူတို့အား``ဤ သူသည်ငါတို့၏မြို့ကိုဆန့်ကျင်ပြောဆိုသဖြင့် သေဒဏ်ခံထိုက်ပေသည်။ သူပြောဆိုသည့်စကား ကိုသင်တို့ကိုယ်တိုင်ကြားကြ၏'' ဟုဆို၏။
12ထိုအခါငါသည်ခေါင်းဆောင်များနှင့် ပြည်သူ တို့အား``ဤဗိမာန်တော်နှင့်ဤမြို့ကိုဆန့်ကျင် ၍ ငါပြောဆိုသည်ကိုသင်တို့ကြားရကြ၏။ ထိုစကားတို့သည်ငါ့အား၊ ထာဝရဘုရား စေလွှတ်ပြန်ကြားစေတော်မူသည့်စကား များဖြစ်၏။- 13သင်တို့သည်မိမိတို့နေထိုင်ပြုကျင့်ပုံကို ပြောင်းလဲကာ သင်တို့ဘုရားသခင်ထာဝရ ဘုရား၏စကားကိုနားထောင်ရကြမည်။ ထို အခါကိုယ်တော်သည်သင်တို့အားဖျက်ဆီး တော်မူမည်ဟု ယခင်မိန့်ကြားခဲ့သော်လည်း မိမိ၏စိတ်တော်ကိုပြောင်းလဲစေတော်မူ လိမ့်မည်။- 14ငါမူကားသင်တို့၏လက်တွင်း၌ရှိ၏။ သင်တို့ ၏စိတ်တွင်မှန်သည်၊ တရားသည်ဟုထင်မှတ် သည့်အတိုင်းငါ့အားပြုလော့။- 15သို့ရာတွင်အကယ်၍ငါ့အားသတ်မည်ဆို လျှင် သင်တို့နှင့်ဤမြို့သူမြို့သားအပေါင်း တို့သည် အပြစ်မဲ့သူတစ်ဦးကိုသတ်သည့် အတွက်အပြစ်သင့်ကြလိမ့်မည်ဖြစ်ကြောင်း အသေအချာသိမှတ်ကြလော့။ အဘယ် ကြောင့်ဆိုသော်ငါ့ကိုစေလွှတ်၍ သင်တို့အား ဤစကားများကိုပြောဆိုစေသောအရှင် မှာထာဝရဘုရားပင်ဖြစ်သောကြောင့် တည်း'' ဟုဆို၏။
16ထိုအခါခေါင်းဆောင်များနှင့်ပြည်သူတို့က ယဇ်ပုရောဟိတ်များနှင့်ပရောဖက်တို့အား``ဤ သူသည်ငါတို့ဘုရားသခင်ထာဝရဘုရား ၏နာမတော်ကိုအမှီပြု၍ ငါတို့အားဟော ပြောသဖြင့်သူ့အားသေဒဏ်မပေးသင့်'' ဟုပြောဆိုကြ၏။
17ထိုနောက်မြို့မိမြို့ဖအချို့တို့သည်ထ၍ စုဝေးလျက်ရှိသောပရိသတ်အား၊- 18``ယုဒဘုရင်ဟေဇကိလက်ထက်၌ မေရရှ ရွာသားပရောဖက်မိက္ခာသည်ပြည်သူအပေါင်း တို့အား အနန္တတန်ခိုးရှင်ထာဝရဘုရားက၊
`ဇိအုန်တောင်သည်လယ်မြေကဲ့သို့ထွန်ယက် ခြင်းကို ခံရလိမ့်မည်။
ယေရုရှလင်မြို့သည်ကျောက်ပုံဖြစ်၍လာ လျက်
ဗိမာန်တော်တောင်ကုန်းသည်သစ်တော ဖြစ်လိမ့်မည်' ဟု
မိန့်တော်မူကြောင်းဆင့်ဆိုခဲ့လေသည်။#မိ၊ ၃:၁၂။
19ယုဒဘုရင်ဟေဇကိနှင့်သူ၏ပြည်သူတို့ သည် မိက္ခာအားသေဒဏ်မပေးခဲ့ကြ။ သေ ဒဏ်ပေးမည့်အစားဟေဇကိသည် ထာဝရ ဘုရားအားကြောက်ရွံ့သဖြင့်ရှေ့တော်၌ မျက်နှာပွင့်လန်းရန်ကြိုးစား၍ဆောင်ရွက် ၏။ ထိုအခါထာဝရဘုရားသည်ထိုသူတို့ အပေါ်သို့ဘေးအန္တရာယ်ဆိုးသက်ရောက် စေမည်ဟု ယခင်ကမိန့်ကြားခဲ့သော်လည်း မိမိစိတ်တော်ကိုပြောင်းလဲစေတော်မူ၏။ ယခုငါတို့သည်မိမိတို့အပေါ်သို့ ကြောက်မက်ဖွယ်ကောင်းသည့်ဘေးအန္တရာယ် ဆိုးသက်ရောက်အောင်ပြုကြသည်တကား'' ဟုဆိုကြ၏။
20(ထာဝရဘုရား၏နာမတော်ကိုအမှီ ပြု၍ ဟောပြောကြသူအခြားလူတစ် ယောက်ရှိသေး၏။ ထိုသူသည်ရှေမာယ ၏သား၊ ကိရယတ်ယာရိမ်မြို့သားဥရိယ ဖြစ်၏။ သူသည်ဤမြို့နှင့်ဤလူမျိုးအား ဆန့်ကျင်၍ယေရမိဟောပြောသကဲ့သို့ ဟောပြောခဲ့၏။- 21သူ၏စကားကိုယောယကိမ်မင်းနှင့်သူ၏ မှူးမတ်များနှင့်စစ်သည်တော်များကြားသော အခါ မင်းကြီးသည်သူ့အားကွပ်မျက်ရန် ကြိုးစား၏။ သို့ရာတွင်ဥရိယသည်ထိုသတင်း ကိုကြားသဖြင့်ကြောက်၍အီဂျစ်ပြည်သို့ ထွက်ပြေးသွားလေသည်။- 22ယောယကိမ်မင်းသည်လည်းဥရိယအား ဖမ်းဆီးရန် အာခဗော်၏သားဧလနာသန် နှင့်လူအချို့ကိုအီဂျစ်ပြည်သို့စေလွှတ် လိုက်၏။- 23သူတို့သည်ဥရိယအားအီဂျစ်ပြည်မှ ယောယကိမ်မင်းထံသို့ပြန်လည်ခေါ်ဆောင် လာလေလျှင် မင်းကြီးသည်သူ့ကိုသတ်၍ ပြည်သူတို့၏သင်္ချိုင်းတွင်ပစ်ထားစေ၏။)
24သို့ရာတွင်ငါသည်ရှာဖန်၏သား အဟိကံ ၏ထောက်ခံမှုကိုရရှိသဖြင့် လူတို့လက် သို့အပ်၍အသတ်မခံရခြင်းဖြစ်၏။
လက်ရှိရွေးချယ်ထားမှု
ယေရမိ 26: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar

: