အခါကားပသခါပွဲတော်မတိုင်မီတစ်ရက် ဖြစ်၏။ သခင်ယေရှုသည်ဤလောကမှထွက် ခွာ၍ ခမည်းတော်ထံသို့ကြွတော်မူရမည့် အချိန်ကျရောက်လာကြောင်းကိုသိတော်မူ ၏။ ကိုယ်တော်သည်ဤလောကရှိမိမိ၏တပည့် သားရင်းများကိုအစဉ်ပင်ချစ်တော်မူ၏။ သူတို့အားဆုံးခန်းတိုင်အောင်ချစ်တော် မူပေသည်။ သခင်ယေရှုနှင့်တပည့်တော်တို့သည်ညစာ စားလျက်နေကြ၏။ မာရ်နတ်သည်ရှိမုန်ရှ ကာရုတ်သားယုဒအား ကိုယ်တော်ကိုရန်သူ့ လက်သို့အပ်နှံစေရန်အကြံပေးထားပြီး ဖြစ်ပေသည်။- သခင်ယေရှုသည်မိမိအားခမည်းတော်က အာဏာကုန်လွှဲအပ်ထားသည်ကိုလည်းကောင်း၊ မိမိသည်ဘုရားသခင်ထံတော်မှကြွလာ ၍ ဘုရားသခင်ထံတော်သို့ပြန်တော့မည်ကို လည်းကောင်းသိတော်မူ၏။- သို့ဖြစ်၍စားပွဲမှထ၍ဝတ်လုံတော်ကို ချွတ်တော်မူပြီးလျှင်ပဝါကိုယူ၍ခါး ကိုစည်းတော်မူ၏။- ထိုနောက်ဇလုံတွင်ရေထည့်၍တပည့်တော်တို့ ၏ခြေကိုဆေးပြီးလျှင် ခါးတွင်စည်းထားသော ပဝါနှင့်သုတ်တော်မူ၏။- ရှိမုန်ပေတရုထံသို့ရောက်တော်မူလျှင် ပေတရုက ``သခင်၊ ကိုယ်တော်သည်အကျွန်ုပ် ၏ခြေကိုဆေးတော်မူမည်လော'' ဟုမေး လျှောက်၏။ သခင်ယေရှုက ``ငါပြုသောအမှုကိုယခု သင်မသိ။ နောင်အခါမှသိရလိမ့်မည်'' ဟု ဖြေကြားတော်မူ၏။ ပေတရုက ``ကိုယ်တော်သည်အကျွန်ုပ်၏ခြေ ကိုအဘယ်အခါမျှမဆေးရ'' ဟုဆို၏။ သခင်ယေရှုက ``သင့်ခြေကိုငါမဆေးရ လျှင် သင်သည်ငါ၏တပည့်မဟုတ်တော့ပြီ'' ဟုမိန့်တော်မူ၏။ ပေတရုက ``သခင်၊ အကျွန်ုပ်၏ခြေကို သာမကလက်နှင့်ဦးခေါင်းကိုလည်းဆေး တော်မူပါ'' ဟုလျှောက်၏။ သခင်ယေရှုက ``ရေချိုးပြီးသူသည်တစ်ကိုယ် လုံးစင်ကြယ်ပြီးဖြစ်၍ခြေကိုသာဆေးရန် လို၏။ သင်တို့သည်စင်ကြယ်ပြီးဖြစ်၏။ သို့ရာ တွင်လူတိုင်းစင်ကြယ်သည်မဟုတ်'' ဟုမိန့် တော်မူ၏။- (မိမိအားရန်သူ့လက်သို့အပ်နှံမည့်သူကိုသိ တော်မူသောကြောင့် ကိုယ်တော်ကလူတိုင်းစင် ကြယ်သည်မဟုတ်ဟုမိန့်တော်မူသတည်း။) ကိုယ်တော်သည်တပည့်တော်တို့၏ခြေကိုဆေး ပြီးနောက် ဝတ်လုံတော်ကိုပြန်၍ဝတ်ပြီးလျှင် ထိုင်တော်မူ၏။ ကိုယ်တော်က ``သင်တို့အတွက် ငါပြုခဲ့သောအမှုအရာကိုနားလည်ကြ သလော။- သင်တို့သည်ငါ့ကိုဆရာတော်ဟူ၍လည်း ကောင်း၊ အရှင်ဘုရားဟူ၍လည်းကောင်းခေါ် တတ်ကြ၏။ ဤအတိုင်းလည်းဟုတ်မှန်သဖြင့် သင်တို့ခေါ်သည်မှာလျောက်ပတ်ပေ၏။- ငါသည်သင်တို့၏ဆရာတော်ဖြစ်၏။ အရှင် ဘုရားလည်းဖြစ်၏။ သို့ဖြစ်ပါလျက်သင်တို့ ၏ခြေကိုငါဆေးပေးခဲ့၏။ သို့ဖြစ်၍သင်တို့ သည်လည်းအချင်းချင်းတို့၏ခြေကိုဆေး ရမည်။- သင်တို့အားငါပြုသကဲ့သို့ သင်တို့အချင်း ချင်းသည်လည်းပြုကြစိမ့်သောငှာစံနမူနာ ကိုငါပြခဲ့ပြီ။- အမှန်အကန်သင်တို့အားငါဆိုသည်ကား ကျွန်သည်သခင်ထက်ကြီးမြတ်သည်မဟုတ်။ စေလွှတ်ခြင်းခံရသူလည်းစေလွှတ်သောသူ ထက်ကြီးမြတ်သည်မဟုတ်။- ဤသစ္စာစကားကိုသင်တို့ယခု သိကြလေ ပြီ။ ယင်းသို့သိသည့်အတိုင်းကျင့်သုံးကြပါ လျှင်မင်္ဂလာရှိကြ၏။
ရှင်ယောဟန် 13 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန် 13:1-17
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ