YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 9:18-41

ရှင်ယောဟန် 9:18-41 BCL

သို့​ရာ​တွင်​ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​ယ​ခင်​က ထို​သူ​မျက်​မ​မြင်​ဖြစ်​ခဲ့​သည်​ကို​လည်း​ကောင်း၊ ယ​ခု​မျက်​စိ​မြင်​လာ​သည်​ကို​လည်း​ကောင်း မ​ယုံ​သ​ဖြင့် သူ့​မိ​ဘ​တို့​ကို​ခေါ်​၍​မေး​ကြ​၏။- သူ​တို့​က ``ဤ​သူ​သည်​သင်​တို့​၏​သား​လော။ သင် တို့​ပြော​သည်​အ​တိုင်း​ဝမ်း​တွင်း​ပါ​မျက်​မ​မြင် လော။ သို့​မှန်​လျှင်​သူ​သည်​အ​ဘယ်​သို့​ယ​ခု မျက်​စိ​မြင်​သ​နည်း'' ဟု​မေး​ကြ​၏။ မိ​ဘ​တို့​က ``ဤ​သူ​သည်​အ​ကျွန်ုပ်​တို့​၏ သား​မှန်​ပါ​၏။ ဝမ်း​တွင်း​ပါ​မျက်​မ​မြင်​ဖြစ် ကြောင်း​လည်း​မှန်​ပါ​၏။- သို့​ရာ​တွင်​အ​ဘယ်​နည်း​ဖြင့်​သူ့​မျက်​စိ​မြင် လာ​သည်​ကို​အ​ကျွန်ုပ်​တို့​မ​သိ​ပါ။ သူ့​အား အဘယ်​သူ​မျက်​စိ​မြင်​စေ​သည်​ကို​လည်း​မ​သိ ပါ။ သူ​သည်​အ​ရွယ်​ရောက်​ပါ​ပြီ။ သူ့​အား​မေး ပါ။ သူ့​အ​ကြောင်း​ကို​သူ​ကိုယ်​တိုင်​ပြော​ပြ နိုင်​ပါ​လိမ့်​မည်'' ဟု​ဖြေ​ကြား​ကြ​၏။- ဤ​သို့​ဖြေ​ကြား​ကြ​ခြင်း​မှာ​ယု​ဒ​အာ​ဏာ ပိုင်​တို့​ကို​ကြောက်​သော​ကြောင့်​ဖြစ်​၏။ ကိုယ်​တော် အား​မေ​ရှိ​ယ​အ​ဖြစ်​ဖြင့်​အ​သိ​အ​မှတ်​ပြု သူ​မှန်​သ​မျှ​အား တ​ရား​ဇ​ရပ်​မှ​ထုတ်​ပယ်​ရန် ယု​ဒ​အာ​ဏာ​ပိုင်​တို့​သ​ဘော​တူ​ဆုံး​ဖြတ် ထား​ပြီး​ဖြစ်​သ​တည်း။- ထို့​ကြောင့်​မိ​ဘ​တို့​က ``သူ​သည်​အ​ရွယ်​ရောက် ပြီ​ဖြစ်​၍​သူ့​အား​မေး​ပါ'' ဟု​ဆို​ကြ​ခြင်း ဖြစ်​၏။ ဖာ​ရိ​ရှဲ​တို့​သည်​မျက်​မ​မြင်​ဖြစ်​ခဲ့​ဖူး​သူ​ကို ဒု​တိ​ယ​အ​ကြိမ်​ခေါ်​ပြီး ``ဘု​ရား​သ​ခင်​ရှေ့ တွင်​ဟုတ်​မှန်​ရာ​ကို​ပြော​ပါ​လော့။ သင့်​အား မျက်​စိ​မြင်​စေ​သော​သူ​သည်​အ​ပြစ်​ကူး​သူ ဖြစ်​ကြောင်း​ငါ​တို့​သိ​ကြ​၏'' ဟု​ဆို​၏။ ထို​သူ​က ``ဤ​သူ​သည်​အ​ပြစ်​ကူး​သူ​ဖြစ်​သည် မ​ဖြစ်​သည်​ကို​အ​ကျွန်ုပ်​မ​သိ​ပါ။ အ​ကျွန်ုပ်​သည် ယ​ခင်​က​မျက်​စိ​ကွယ်​၍​ယ​ခု​မျက်​စိ​မြင်​လာ သည်​ကို​သာ​လျှင်​သိ​ပါ​၏'' ဟု​ပြော​၏။ ထို​သူ​တို့​က ``သူ​သည်​သင့်​ကို​မည်​သို့​ပြု သ​နည်း။ အ​ဘယ်​သို့​သင်​၏​မျက်​စိ​ကို​မြင် စေ​သ​နည်း'' ဟု​မေး​ကြ​၏။ ထို​သူ​က ``သင်​တို့​အား​အ​ကျွန်ုပ်​တစ်​ကြိမ် ဖော်​ပြ​ပြီး​ပါ​ပြီ။ သင်​တို့​နား​မ​ထောင်​ကြ။ အ​ဘယ်​ကြောင့်​ထပ်​၍​ကြား​လို​ကြ​ပါ​သ​နည်း။ သင်​တို့​သည်​လည်း​သူ​၏​တ​ပည့်​ဖြစ်​လို​ကြ ပါ​သ​လော'' ဟု​ပြန်​၍​မေး​၏။ ထို​သူ​တို့​က​သူ့​အား ``သင်​သာ​လျှင်​သူ့​တ​ပည့် ဖြစ်​၏။ ငါ​တို့​ကား​မော​ရှေ​၏​တ​ပည့်​များ​ဖြစ်​၏။- ဘု​ရား​သ​ခင်​သည်​မော​ရှေ​အား​ဗျာ​ဒိတ်​ပေး တော်​မူ​ခဲ့​ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။ ဤ​သူ သည်​အ​ဘယ်​က​လာ​သည်​ကို​ပင်​ငါ​တို့​မ​သိ ကြ'' ဟု​ဆို​ကြ​၏။ မျက်​မ​မြင်​ဖြစ်​ခဲ့​ဖူး​သူ​က ``သူ​သည်​အ​ကျွန်ုပ် အား​မျက်​စိ​မြင်​စေ​သူ​ဖြစ်​ပါ​၏။ သို့​ပါ​လျက် သင်​တို့​သည် ထို​သူ​အ​ဘယ်​က​လာ​သည်​ကို မ​သိ​ကြ​သည်​မှာ​အံ့​သြ​ဖွယ်​ကောင်း​လေ​စွ။- ဘု​ရား​သ​ခင်​သည်​အ​ပြစ်​ကူး​သူ​တို့​၏​ဆု တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မ​မူ​ပါ။ ကိုယ် တော်​အား​ကိုင်း​ရှိုင်း​ရို​သေ​လျက်​အ​လို​တော် အ​တိုင်း လုပ်​ဆောင်​သော​သူ​၏​ဆု​တောင်း​ပတ္ထ​နာ ကို​သာ​နား​ညောင်း​တော်​မူ​ပါ​၏။- ဝမ်း​တွင်း​ပါ​မျက်​မ​မြင်​ကို​တစ်​စုံ​တစ်​ယောက် က​မျက်​စိ​မြင်​စေ​နိုင်​သည်​ဟူ​၍ ကမ္ဘာ​ဦး​မှ​စ ၍​အ​ဘယ်​အ​ခါ​၌​မျှ​မ​ကြား​စ​ဖူး။- ဤ​သူ​သည်​ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကြွ​လာ သူ​မ​ဟုတ်​လျှင် အ​ဘယ်​အ​မှု​ကို​မျှ​မ​တတ် နိုင်​ပါ'' ဟု​ဆို​၏။ ထို​သူ​တို့​က ``သင်​သည်​ဝမ်း​တွင်း​ပါ​အ​ပြစ် နှင့်​ကြီး​ပြင်း​လာ​သူ​ဖြစ်​ပါ​လျက် ငါ​တို့​အား သွန်​သင်​နေ​ပါ​သ​လော'' ဟု​ဆို​၍​တ​ရား ဇ​ရပ်​မှ​နှင်​ထုတ်​လိုက်​ကြ​၏။ ဤ​သို့​နှင်​ထုတ်​လိုက်​ကြောင်း​ကို​သ​ခင်​ယေ​ရှု ကြား​တော်​မူ​ပြီး​နောက် ထို​သူ​ကို​တွေ့​တော်​မူ လျှင် ``သင်​သည်​လူ​သား​ကို​ယုံ​ကြည်​ပါ သ​လော'' ဟု​မေး​တော်​မူ​၏။ ထို​သူ​က ``အ​ရှင်၊ လူ​သား​ကား​အ​ဘယ်​သူ​ဖြစ် ပါ​သ​နည်း။ အ​ကျွန်ုပ်​ယုံ​နိုင်​ရန်​လူ​သား​သည် မည်​သူ​နည်း'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``သူ့​ကို​သင်​မြင်​ဖူး​၏။ သူ​သည် ကား​ယ​ခု​သင်​နှင့်​စ​ကား​ပြော​နေ​သူ​ပင်​တည်း'' ဟု​မိန့်​တော်​မူ​၏။ မျက်​မ​မြင်​ဖြစ်​ခဲ့​ဖူး​သူ​က ``အ​ရှင်၊ အ​ကျွန်ုပ် ယုံ​ကြည်​ပါ​၏'' ဟု​ဆို​၍​ကိုယ်​တော်​အား​ပျပ်​ဝပ် ရှိ​ခိုး​လေ​၏။ သ​ခင်​ယေ​ရှု​က ``မျက်​မ​မြင်​တို့​မျက်​စိ​မြင် ကြ​စေ​ရန်​နှင့် မျက်​စိ​မြင်​သူ​တို့​မျက်​စိ​အ​လင်း ကွယ်​ကြ​စေ​ရန်​စီ​ရင်​ချ​မှတ်​အံ့​သော​ငှာ ဤ လော​က​သို့​ငါ​ကြွ​လာ​ခြင်း​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။ ကိုယ်​တော်​၏​အ​နီး​တွင်​ရှိ​နေ​ကြ​သော​ဖာ​ရိ​ရှဲ တို့​သည်​ထို​စ​ကား​တော်​ကို​ကြား​သ​ဖြင့် ``အ​ကျွန်ုပ် တို့​သည်​လည်း​မျက်​မ​မြင်​များ​ဖြစ်​သည်​ဟု​ဆို​လို ပါ​သ​လော'' ဟု​မေး​ကြ​၏။ သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​မျက်​မ​မြင်​များ ဖြစ်​ပါ​မူ​အ​ပြစ်​ရှိ​ကြ​မည်​မ​ဟုတ်။ ယ​ခု​မူ ကား​သင်​တို့​က `ငါ​တို့​သည်​မျက်​စိ​မြင်​ပါ​သည်' ဟု​ဆို​ကြ​သ​ဖြင့် သင်​တို့​တွင်​အ​ပြစ်​ရှိ​လျက် နေ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။