ထိုနောက်သခင်ယေရှုသည်တပည့်တော်တို့ အားအဘယ်အခါမျှစိတ်အားမလျော့ဘဲ အခါခပ်သိမ်းဆုတောင်းပတ္ထနာပြုသင့်ကြောင်း ပုံဥပမာဆောင်၍သွန်သင်တော်မူ၏။- ကိုယ်တော်က ``မြို့ကြီးတစ်မြို့မှာတရားသူ ကြီးတစ်ယောက်ရှိ၏။ သူသည်ဘုရားသခင်ကို မကြောက်။ လူမျက်နှာကိုမထောက်သူဖြစ်၏။- ထိုမြို့မှာပင်မုဆိုးမတစ်ယောက်ရှိ၏။ သူသည် တရားသူကြီး၏ထံသို့အကြိမ်ကြိမ်လာ ၍ `ကျွန်မ၏တရားတွေ့ဘက်အပေါ်တွင် အနိုင်ရအောင်စီရင်တော်မူပါ' ဟုလျှောက် ထား၏။- တရားသူကြီးသည်အတန်ကြာမျှမုဆိုးမ ၏လျှောက်ထားချက်ကိုငြင်းဆန်နေခဲ့၏။ ထို နောက် `ငါသည်ဘုရားသခင်ကိုမကြောက်၊ လူ့မျက်နှာကိုမထောက်တတ်။- သို့သော်လည်းဤမုဆိုးမသည်ငါ့ကိုနှောင့်ယှက် လှသည်ဖြစ်၍သူ့အားတရားမျှတမှုရရှိစေ ရန် ငါသူ့အမှုကိုစီရင်မည်။ သို့မဟုတ်လျှင်သူ သည်ငါ့ကိုဆက်လက်နှောင့်ယှက်သဖြင့်နောက် ဆုံး၌ငါ့အားပင်ပန်းစေမည်' ဟုဆိုလေ၏။'' ``ဤမသမာသောတရားသူကြီးပြောပုံကို ကြည့်လော့။- ရွေးကောက်တော်မူသောသူတို့သည်နေ့ညမပြတ် ဟစ်အော်တောင်းလျှောက်နေကြလျှင် ဘုရားသခင် သည်တရားသဖြင့်ဖြစ်စေရန်စီရင်တော်မမူ ဘဲနေမည်လော။ ကိုယ်တော်သည်ထိုသူတို့အား ကူညီမစရန်နှောင့်နှေးတော်မူမည်လော။- သင်တို့အားငါဆိုသည်ကားကိုယ်တော်သည် ဆောလျင်စွာ ထိုသူတို့အတွက်တရားသဖြင့် ဖြစ်စေရန်စီရင်တော်မူပေအံ့။ သို့ရာတွင် လူသားကြွလာတော်မူသောအခါ၌ ဤ လောကတွင်ယုံကြည်ခြင်းကိုတွေ့ရပါ မည်လော'' ဟုမိန့်တော်မူ၏။
လုကာ 18 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: လုကာ 18:1-8
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို