YouVersion လိုဂို
ရှာရန် အိုင်ကွန်

မဿဲ 27:62-66

မဿဲ 27:62-66 BCL

သော​ကြာ​နေ့​ကုန်​လွန်​၍​ဥ​ပုသ်​နေ့​ရောက်​သော် ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဖာ​ရိ​ရှဲ​များ​သည် ပိလတ်​မင်း​ထံ​သို့​သွား​ပြီး​လျှင်၊- ``အ​ရှင်၊ ထို​လူ​လိမ်​အ​သက်​ရှင်​စဉ်​အ​ခါ​က၊ `ငါ သည်​သုံး​ရက်​ကြာ​သော်​သေ​ခြင်း​မှ​ထ​မြောက်​မည်' ဟု​ပြော​ဆို​ခဲ့​သည်​ကို​အ​ကျွန်ုပ်​တို့​မှတ်​မိ​ပါ​၏။- သို့​ဖြစ်​၍​သုံး​ရက်​မြောက်​သော​နေ့​အ​ထိ​သင်္ချိုင်း​ဂူ ကို​လုံ​ခြုံ​စွာ​ပိတ်​၍​စောင့်​ကြပ်​စေ​ရန်​အ​မိန့်​ပေး တော်​မူ​ပါ။ သို့​မ​ဟုတ်​ပါ​မူ​သူ​၏​တ​ပည့်​များ​သည် လာ​၍​ရုပ်​အ​လောင်း​ကို​ခိုး​ယူ​ကာ​သူ​သည်​သေ​ခြင်း မှ​ထ​မြောက်​လေ​ပြီ​ဟု​လူ​တို့​အား​ပြော​ကြ​လိမ့်​မည်။ ထို​အ​ခါ​နောက်​ဆုံး​လှည့်​စား​ချက်​သည်​ပ​ထ​မ လှည့်​စား​ချက်​ထက်​ပို​၍​ဆိုး​ပါ​လိမ့်​မည်'' ဟု လျှောက်​ထား​ကြ​၏။ ပိ​လတ်​မင်း​က ``အ​စောင့်​တပ်​တစ်​တပ်​ကို​ခေါ်​၍ သင်္ချိုင်း​ဂူ​ကို​အ​တတ်​နိုင်​ဆုံး​စောင့်​ကြပ်​စေ​လော့'' ဟု​ဆို​၏။ သို့​ဖြစ်​၍​ထို​သူ​တို့​သည် သင်္ချိုင်း​ဂူ​သို့​သွား​ပြီး​လျှင် ကျောက်​တုံး​ကို​ချိပ်​တံ​ဆိပ်​ခတ်​နှိပ်​ကာ သင်္ချိုင်း​ဂူ​ကို လုံ​ခြုံ​စွာ​ပိတ်​ထား​ကြ​၏။ ထို​နောက်​စောင့်​ကြပ်​ရန် အ​စောင့်​တပ်​သား​များ​ကို​ချ​ထား​ကြ​၏။