မိက္ခာ 4
4
ဘုရားရှင်၏ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေး
(ဟေ၊ ၂:၁-၄)
1နောင်ကာလတွင်
ဗိမာန်တော်တည်ရာတောင်သည် အမြင့်ဆုံးတောင်ဖြစ်လိမ့်မည်။
ရှိသမျှသောတောင်တို့ထက်ပိုမို၍မြင့်မား လိမ့်မည်။
လူမျိုးများစွာတို့သည်ထိုတောင်သို့စုရုံး ရောက်ရှိလာ၍၊
2``ဣသရေလအမျိုးသားတို့၊ဘုရားသခင်၏
ဗိမာန်တော်တည်ရှိရာထာဝရဘုရား၏ တောင်ပေါ်သို့ တက်ကြကုန်အံ့။
ကိုယ်တော်သည်ငါတို့အားအလိုတော်နှင့် အညီ ကျင့်ကြံပြုမူရန်သွန်သင်တော်မူမည်။
ကိုယ်တော်ညွှန်ပြသောလမ်းအတိုင်း လျှောက်သွားကြမည်။
ထာဝရဘုရား၏တရားတော်သည်
ဇိအုန်တောင်မှလည်းကောင်းထာဝရဘုရား၏
နှုတ်ကပတ်တော်သည်ယေရုရှလင်မြို့မှ လည်းကောင်း ထွက်ပေါ်လာသတည်း'' ဟုဆိုကြ၏။
3ရပ်ဝေးရပ်နီးမှအင်အားကြီးသောနိုင်ငံ များ၏
အငြင်းပွားမှုများကိုအဆုံးအဖြတ်ပေး တော်မူမည်။
သူတို့သည်မိမိတို့၏ဋ္ဌားသွားများကိုထွန်သွား အဖြစ်သို့လည်းကောင်း၊
လှံများကိုတံစဉ်များအဖြစ်သို့ထုလုပ် ကြလိမ့်မည်။
နိုင်ငံအချင်းချင်းနောက်တစ်ဖန်စစ်တိုက် ကြတော့မည်မဟုတ်။
စစ်တိုက်ရန်ပြင်ဆင်မှုကိုလည်းနောက်တစ်ဖန် ပြုလုပ်ကြတော့မည်မဟုတ်။#ယောလ၊ ၃:၁၀။
4လူတိုင်းပင်မိမိတို့၏စပျစ်ဥယျာဉ်၊မိမိတို့၏ သဖန်းခြံထဲ၌မကြောက်လန့်ရဘဲ၊
အေးချမ်းသာယာစွာနေထိုင်ရလိမ့်မည်။
ဤကားအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်မြွက်တော်မူသောကတိတော်ဖြစ်သတည်း။#ဇာ၊ ၃:၁၀။
5လူမျိုးအသီးသီးတို့သည်မိမိတို့၏ဘုရား များကိုကိုးကွယ်နာခံကြမည်ဖြစ်သော်လည်း ငါတို့မူကားငါတို့၏ဘုရားသခင်ထာဝရ ဘုရားကို ကာလအစဉ်အဆက်ကိုးကွယ် နာခံမည်။
ဣသရေလအမျိုးသားတို့ပြည်နှင်ဒဏ်ခံရာမှ ပြန်လာမည်
6ထာဝရဘုရားက``ငါဒဏ်ခတ်သူ၊ ပြည်နှင် ဒဏ်ခံရသူတို့ကို ငါပြန်လည်စုရုံးစေ သောအချိန်ကားကျရောက်ခါနီးပြီ။- 7သူတို့သည်ခြေဆွံ့လျက်နေအိမ်မှရပ်ဝေး သို့ရောက်ရှိနေကြ၏။ သို့ရာတွင်ငါသည် မသေဘဲကျန်ကြွင်းနေသေးသူတို့အား အင်အားကြီးသောလူမျိုးဖြစ်လာစေမည်။ ငါသည်ဇိအုန်တောင်ပေါ်မှာသူတို့အား ယခုမှစ၍ကာလအစဉ်အဆက်အုပ် စိုးတော်မူမည်'' ဟုမိန့်တော်မူ၏။
8ဘုရားသခင်သည်လင့်စင်မှမိမိ၏လူမျိုး တော်ကို သိုးထိန်းသဖွယ်စောင့်ရှောက်တော်မူ ရာယေရုရှလင်မြို့၊ သင်သည်နိုင်ငံတော် ၏မြို့တော်ဖြစ်ခဲ့ဖူးသကဲ့သို့ ယခုတစ်ဖန် မြို့တော်ဖြစ်ရလိမ့်မည်။- 9သင်သည်အဘယ်ကြောင့်ကျယ်လောင်စွာ အော်ဟစ်ရပါသနည်း။ မီးဖွားသောမိန်းမ ကဲ့သို့အဘယ်ကြောင့်ဝေဒနာခံနေရ ပါသနည်း။ သင်၌အုပ်စိုးမည့်ရှင်ဘုရင် မရှိသောကြောင့်လော၊ သင်၏အတိုင်ပင် ခံများအနိစ္စရောက်ကုန်ကြသောကြောင့် လော။- 10ယေရုရှလင်မြို့သားတို့၊ ယခုတွင်သင်တို့ သည်မြို့ကိုစွန့်၍ ကွင်းပြင်ထဲ၌နေထိုင်ကြ ရမည်ဖြစ်သောကြောင့် မီးဖွားသောမိန်းမ ကဲ့သို့ကိုယ်ကိုတွန့်လိမ်ညည်းတွားလျက်နေ ကြလော့၊ သင်တို့သည်ဗာဗုလုန်မြို့သို့သွား ရကြမည်။ သို့ရာတွင်ထိုအရပ်၌ထာဝရ ဘုရားသည် သင်တို့ကိုရန်သူများ၏လက် မှကယ်တင်တော်မူလိမ့်မည်။- 11လူမျိုးများစွာတို့သည်သင်တို့ကိုတိုက်ခိုက် ရန် စုရုံးရောက်ရှိလာကြပြီ။ သူတို့က``ယေရု ရှလင်မြို့ကိုဖြိုဖျက်ကြကုန်အံ့၊ ငါတို့သည် မြို့ပျက်ကိုမြင်ရသဖြင့်ဝမ်းသာအားရ ကြလိမ့်မည်'' ဟုဆိုကြ၏။- 12သို့ရာတွင်ထာဝရဘုရား၏အကြံတော် မည်သို့ရှိကြောင်းကို ထိုနိုင်ငံများမသိ ကြ။ စပါးကိုနယ်ရန်တလင်းထဲသို့စု သိမ်းသကဲ့သို့ ကိုယ်တော်သည်သူတို့ကို ဒဏ်ခတ်ရန်စုဝေးစေကြောင်းသူတို့ မသိကြ။
13ထာဝရဘုရားက``ယေရုရှလင်မြို့သားတို့၊ ရန်သူများကိုချေမှုန်းရန်ချီတက်ကြလော့၊ ငါသည်သင်တို့အားသံဦးချိုနှင့်ကြေးဝါ ခွာများရှိသော နွားသိုးကဲ့သို့ခွန်အားပြည့် စေမည်။ သင်တို့သည်နိုင်ငံများစွာကိုချေမှုန်း နိုင်သဖြင့်အဋ္ဌမ္မနည်းဖြင့် သူတို့ရရှိထား သောဥစ္စာဘဏ္ဍာများကိုသိမ်းယူ၍ ကမ္ဘာကို အစိုးရသောငါထာဝရဘုရားအား ဆက်သလော့'' ဟုမိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
မိက္ခာ 4: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar

: