ရှင်မာကု 3
3
လက်တစ်ဖက်သေသူလူတစ်ယောက်အကြောင်း
(မ၊ ၁၂:၉-၁၄။ လု၊ ၆:၆-၁၁)
1သခင်ယေရှုသည် တရားဇရပ်သို့တစ်ဖန် ကြွဝင်တော်မူပြန်၏။ တရားဇရပ်ထဲတွင် လက်တစ်ဖက်သေသူလူတစ်ယောက်ရှိ၏။- 2ထိုနေရာရှိလူတို့သည်ကိုယ်တော်ကိုပြစ်တင် စွပ်စွဲရန်အလို့ငှာ သူ၏ရောဂါကိုဥပုသ်နေ့၌ ကိုယ်တော်ပျောက်ကင်းစေတော်မူမည်၊ မမူမည် ကိုစောင့်ကြည့်နေကြ၏။- 3ကိုယ်တော်သည်လက်သေသူအား``ပရိသတ် ရှေ့သို့လာ၍ရပ်လော့'' ဟုမိန့်တော်မူ၏။- 4ထိုနောက်ကိုယ်တော်က ``ဥပုသ်နေ့တွင်အကောင်း ကိုပြုအပ်သလော။ အဆိုးကိုပြုအပ်သလော။ လူ့အသက်ကိုကယ်အပ်သလော၊ သတ်အပ် သလော'' ဟုထိုသူတို့အားမေးတော်မူ၏။
သူတို့သည်လည်းဆိတ်ဆိတ်နေကြ၏။- 5ထိုသူတို့မှာသနားကြင်နာစိတ်ကင်းမဲ့သည့် အတွက် ကိုယ်တော်သည်ဝမ်းနည်း၍အမျက်ထွက် လျက်သူတို့အားလှည့်ကြည့်တော်မူပြီးလျှင် လက်သေသူအား ``သင်၏လက်ကိုဆန့်လော့'' ဟုမိန့်တော်မူ၏။- 6ဖာရိရှဲတို့သည်တရားဇရပ်မှချက်ချင်းထွက် သွားကြ၏။ ကိုယ်တော်ကိုသတ်ရန်နည်းလမ်းကို ဟေရုဒ်ပါတီဝင်များနှင့်ဆွေးနွေးတိုင်ပင်ကြ၏။
အိုင်ကမ်းခြေတွင်ရှိသည့်လူပရိသတ်
7-8သခင်ယေရှုသည်တပည့်တော်များနှင့်အတူ ဂါလိ လဲအိုင်သို့ကြွတော်မူ၏။ ထိုအခါဂါလိလဲပြည် မှလည်းကောင်း၊ ယေရုရှလင်မြို့နှင့်တကွယုဒ ပြည်၊ ဣဒုမဲပြည်နှင့်ယော်ဒန်မြစ်တစ်ဖက်ကမ်း မှလည်းကောင်း၊ တုရုနှင့်ဇိဒုန်မြို့ပတ်ဝန်းကျင် အရပ်များမှလည်းကောင်းများစွာသောလူတို့ သည် ကိုယ်တော်ပြုတော်မူသည့်အမှုအရာများ အကြောင်းကိုကြားသိကြသဖြင့်ကိုယ်တော် နောက်သို့လိုက်ကြကုန်၏။- 9ကိုယ်တော်သည်မိမိအားလူထုပရိသတ်ကြီး မတိုးမကြိတ်မိစေအံ့သောငှာ မိမိအသုံးပြု ဖို့လှေတစ်စင်းကိုအသင့်ထားရန်တပည့်တော် တို့အားမိန့်မှာတော်မူ၏။-#မာ၊ ၄:၁။ လု၊ ၅:၁-၃။ 10ကိုယ်တော်သည်များစွာသောလူမမာတို့ကို ကျန်းမာစေတော်မူခဲ့သဖြင့် ရောဂါရှိသူ ဟူသမျှသည်ကိုယ်တော်ကိုတို့ထိခွင့်ရရန် အထံတော်သို့တိုးဝှေ့၍လာကြ၏။- 11ညစ်ညမ်းသောနတ်များသည်ကိုယ်တော်ကို မြင်သောအခါ ရှေ့တော်၌ပျပ်ဝပ်၍ ``အရှင် သည်ဘုရားသခင်၏သားတော်ဖြစ်သည်'' ဟုဟစ်အော်ကြ၏။
12ကိုယ်တော်ကမူမိမိမည်သူဖြစ်သည်ကိုထုတ်ဖော် ၍မပြောရန် သူတို့အားကြပ်တည်းစွာပညတ် တော်မူ၏။
တပည့်တော်တစ်ဆယ့်နှစ်ပါးကို ရွေးချယ်တော်မူခြင်း
(မ၊ ၁၀:၁-၄။ လု၊ ၆:၁၂-၁၆)
13ထိုနောက်ကိုယ်တော်သည်တောင်ပေါ်သို့ကြွတော် မူ၏။ အလိုရှိသောသူများကိုအထံတော်သို့ ခေါ်တော်မူ၏။- 14-15သူတို့သည်အထံတော်သို့လာကြသောအခါ ကိုယ်တော်သည် တပည့်တော်တစ်ဆယ့်နှစ်ပါးကို ရွေးချယ်တော်မူပြီးလျှင်တမန်တော်များဟူ၍ သမုတ်တော်မူ၏။ ထိုနောက်သူတို့အား ``ငါသည် သင်တို့ကိုငါ၏အပါးတွင်နေစေလို၍ရွေး ချယ်ခဲ့၏။ တရားဟောထွက်ရန် သင်တို့အားငါ စေလွှတ်မည်။ နတ်မိစ္ဆာများအားနှင်ထုတ်နိုင်သော တန်ခိုးကိုလည်းငါပေးမည်'' ဟုမိန့်တော်မူ၏။
16ကိုယ်တော်ရွေးချယ်ခန့်ထားခြင်းခံရသည့်တစ် ကျိပ်နှစ်ပါးကား (ပေတရုဟုကိုယ်တော်မှည့် ခေါ်သူ) ရှိမုန်၊- 17(မိုးကြိုး၏သားများဟုအနက်ရှိသောဗောနေ ရဂက်ဟူသောနာမည်ဖြင့် ကိုယ်တော်မှည့်ခေါ်သူ များဖြစ်သည့်) ဇေဗေဒဲ၏သားနှစ်ယောက် ယာကုပ်နှင့်ယောဟန်၊- 18အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ ၏သားယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်စိတ်ထက်သန်သူရှိမုန် နှင့်၊- 19နောင်အခါကိုယ်တော်ကိုသစ္စာဖောက်သူယုဒ ရှကာရုတ်တို့ဖြစ်၏။
သခင်ယေရှုနှင့်ဗေလဇေဗုလ
(မ၊ ၁၂:၂၂-၃၂။ လု၊ ၁၁:၁၄-၂၃၊ ၁၂:၁၀)
20ထိုနောက်ကိုယ်တော်သည်အိမ်သို့ပြန်တော်မူ၏။ လူ တို့သည်စုရုံးလာကြပြန်သည်။ ထို့ကြောင့်ကိုယ်တော် နှင့်တပည့်တော်တို့မှာအစားအစာသုံးဆောင်ရန် ပင်အခွင့်မရကြ။- 21လူအချို့တို့က ``ကိုယ်တော်သည်စိတ်ဖောက်ပြန် သွားပြီ'' ဟုပြောဆိုနေကြ၏။ ဤအကြောင်းကို ကိုယ်တော်၏မိသားစုတို့ကြားကြလျှင် ကိုယ်တော် ကိုစောင့်ရှောက်ရန်အထံတော်သို့လိုက်လာကြ၏။
22ယေရုရှလင်မြို့မှရောက်လာကြသောကျမ်းတတ် ဆရာများက ``ကိုယ်တော်သည်ဗေလဇေဗုလ နတ်မိစ္ဆာစွဲကပ်သူဖြစ်သည်။ ထိုနတ်မိစ္ဆာဘုရင် ကိုအမှီပြု၍ နတ်မိစ္ဆာများကိုနှင်ထုတ်သည်'' ဟု ဆိုကြ၏။#မ၊ ၉:၃၄၊ ၁၀:၂၅။
23ကိုယ်တော်သည်သူတို့ကိုခေါ်တော်မူပြီးလျှင် ပုံဥပမာဆောင်၍ ``စာတန်သည်အဘယ်သို့ လျှင် မိမိကိုယ်ကိုမိမိနှင်ထုတ်နိုင်မည်နည်း။- 24လူတို့စိတ်ဝမ်းကွဲပြားလျက်နေသောနိုင်ငံ သည်မရပ်မတည်နိုင်ရာ။- 25အိမ်သူအိမ်သားတို့စိတ်ဝမ်းကွဲပြားလျက်နေ သောအိမ်ထောင်သည်ရပ်တည်နိုင်မည်မဟုတ်။- 26ထိုနည်းတူစွာစာတန်သည်မိမိကိုယ်ကို ရန်ဖက်ပြု၍ကွဲပြားလျှင် သူသည်လည်း မရပ်မတည်နိုင်ရာ၊ ပျက်စီးရမည်သာဖြစ်၏။
27ခွန်အားကြီးသူကိုဦးစွာမချည်မနှောင်ဘဲသူ ၏အိမ်သို့ဝင်၍ ဥစ္စာပစ္စည်းများကိုမည်သူမျှမလု မယူနိုင်။ ချည်နှောင်ပြီးမှသာလုယူနိုင်ပေမည်။
28``အမှန်အကန်သင်တို့အားငါဆိုသည်ကားလူ တို့သည် မိမိတို့လွန်ကူးသောအပြစ်ရှိသမျှ အတွက်လည်းကောင်း၊ ဘုရားသခင်ကိုပြစ်မှား သောစကားဟူသမျှအတွက်လည်းကောင်း အပြစ် လွတ်ငြိမ်းနိုင်ခွင့်ရှိသည်။- 29သို့ရာတွင်သန့်ရှင်းသောဝိညာဉ်တော်ကိုပြစ်မှား သောသူမူကား အပြစ်လွတ်ငြိမ်းခွင့်ရနိုင်လိမ့်မည် မဟုတ်။ သူသည်ထာဝရအပြစ်ကိုကူးသူဖြစ်၏'' ဟုမိန့်တော်မူ၏။-#လု၊ ၁၂:၁၀။ 30(ဤသို့ကိုယ်တော်မိန့်တော်မူရခြင်းအကြောင်း မှာလူအချို့တို့က ကိုယ်တော်အားညစ်ညမ်း သောနတ်စွဲကပ်သူဟုစွပ်စွဲကြသောကြောင့် ဖြစ်၏။)
ကိုယ်တော်၏မယ်တော်နှင့်ညီတော်များ
(မ၊ ၁၂:၄၆-၅၀။ လု၊ ၈:၁၉-၂၁)
31ကိုယ်တော်၏မယ်တော်နှင့်ညီတော်တို့သည်ရောက် လာကြ၏။ အိမ်ပြင်တွင်ရပ်၍ကိုယ်တော်ကို အခေါ်ခိုင်းကြ၏။- 32လူပရိသတ်တို့သည်ကိုယ်တော်ကိုခြံရံလျက် ထိုင်နေကြ၏။ သူတို့က ``ကိုယ်တော်ရှင်၏မယ်တော်၊ ညီတော်များနှင့်ညီမများအိမ်အပြင်တွင်ရောက် ရှိနေကြပါသည်။ ကိုယ်တော်ရှင်ကိုရှာလျက်နေ ကြပါသည်'' ဟုလျှောက်ကြ၏။
33ကိုယ်တော်က ``ငါ့အမိ၊ ငါ့ညီများကားအဘယ် သူများနည်း'' ဟုပြန်၍မိန့်တော်မူ၏။- 34ထိုနောက်မိမိပတ်လည်တွင်ထိုင်နေသူများကို ကြည့်တော်မူလျက် ``ငါ့အမိ၊ ငါ့ညီများကား ဤသူတို့တည်း။- 35ဘုရားသခင်၏အလိုတော်အတိုင်းဆောင်ရွက် သူမှန်သမျှသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိတို့ ပေတည်း'' ဟုမိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ရှင်မာကု 3: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar